စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက စပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းသို့ ရေပေးဝေသည့် PUMP STATION အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး

News Image

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက စပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းသို့ ရေပေးဝေသည့် PUMP STATION အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် ညနေ ၆ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ကျေးရွာအနီး၌ စပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းသို့ ရေပေးဝေသည့် PUMP STATION(PS-1)Portoon သို့ PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ရုံးပင်ရိုးကျေးရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေ တစ်စီးဖြင့် ရောက်ရှိလာပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် အဆိုပါ PUMP STATION ရှိ ရေတင်စက်အား သွယ်တန်းထားသည့် ဝိုင်ယာကြိုးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA