ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ကိုးဦးတို့ ထိခိုက်ဒဏ်ရာရရှိ

News Image

  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ကိုးဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။
  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ကိုးဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။
  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ကိုးဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် ည ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ပူးပေါင်းစစ်ဆင်ရေးနှင့်လေထီးသင်တန်းကျောင်း အုတ်တံတိုင်းဘေး၌ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “ဝါဖူး” အထည်ချုပ်စက်ရုံမှ မှော်ဘီမြို့နယ်၊ ကြာဖြူကန်ကျေးရွာနေ ဦးဝင်းကျော်(၄၀)နှစ် မောင်းနှင်ပြီး အထည်ချုပ်ဝန်ထမ်းများ လိုက်ပါလာသည့် YGN-14/ 9B-XXXX ISUZU CANTER မော်တော်ယာဉ်သည် အဆိုပါနေရာအရောက်၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် “ဝါဖူး” အထည်အချုပ်စက်ရုံမှ အလုပ်သမားများဖြစ်သည့် ဦးကျော်ရဲအောင်(၃၃)နှစ်၊ ဒေါ်မြမြဆင့်(၄၅)နှစ်၊ ဒေါ်ထွေးထွေးရီ(၄၁)နှစ်၊ မအိပိုပိုသက်(၂၃)နှစ်၊ ဒေါ်အေးမာထွန်း(၄၃)နှစ်၊ မဇင်မာသင်း(၂၉)နှစ်၊ ဒေါ်အိအိပြုံး(၃၅)နှစ်၊ မဝေနှင်းစိုး(၂၈)နှစ်၊ ဒေါ်လေးလေးနွယ်(၅၀)နှစ်၊ ဒေါ်နွယ်နွယ်ဝါ(၃၃)နှစ်၊ စုစုပေါင်း အမျိုးသား တစ်ဦး၊ အမျိုးသမီး ကိုးဦး တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA