စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

News Image

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
 

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချင်းမြစ်ကျင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ကျေးရွာအနောက်တောင်ဘက် မီတာ ၃၀၀ ခန့်အကွာမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အဆိုပါကျေးရွာနေ မစန္ဒာဌေး(၂၀)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်တင့်၊ ဦးအောင်သိန်း၊ ဦးကျော်ဝေနှင့် ဦးကျော်စွာတို့ လေးဦးတွင် လက်နက်ကြီးဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် လေးဦးအား ဆေးကုသပေးနိုင်ရေး ကန့်ဘလူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
 

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တိုက်ပွဲများဖော်ဆောင်၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA