အိန္ဒိယတွင် ခရီးသည် ၂၄၂ ဦးပါသည့် လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၂၀၀ သေဆုံးခဲ့
အိန္ဒိယလေကြောင်းလိုင်း AI 171 သည် ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းတွင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ အာမက်ဒါဘတ်လေဆိပ်မှ ပျံတက်ပြီးနောက် မကြာမီပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၀ ဦးနှင့် လေယာဉ် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ခဲ့သည်။
အိန္ဒိယလေကြောင်းလိုင်းမှ ထုတ်ပြန်သော ခရီးသည်စာရင်းအရ ခရီးသည်များတွင် အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိသျှနိုင်ငံသား ၅၃ ဦး၊ ပေါ်တူဂီနိုင်ငံသား ၇ ဦးနှင့် ကနေဒါနိုင်ငံသား ၁ ဦး ပါဝင်ခဲ့သည်။
လူမှုကွန်ရက်ပေါ်ရှိ ပုံရိပ်များအရ လေယာဉ်သည် ပျံသန်းနေစဉ် နိမ့်ဆင်း လာပြီး အမြင့်သို့ပြန်တက်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ မြေပြင်သို့ ပျက်ကျခဲ့သည်။ လေယာဉ်ပျက်ကျပြီး ပေါက်ကွဲမှုဖြစ်ပွားကာ မီးလျှံများနှင့် မည်းနက်သော မီးခိုးများ ဧရိယာတစ်ခုလုံးသို့ ပျံ့နှံ့သွား ခဲ့သည်ကိုတွေ့ရှိရသည်။
ပျက်ကျခဲ့သောလေယာဉ်သည် ဘိုးအင်း 787-8 အမျိုးအစားဖြစ်ပြီး 787 စီးရီး၏ ပထမဆုံးသေဆုံးမှုများပါသည့် မတော်တဆမှု ဖြစ်ပြီး ပျက်ကျရသည့် အကြောင်းအရင်းကို ရှာဖွေစုံစမ်းနေဆဲဖြစ်သည်။
ဒေသခံရဲတပ်ဖွဲ့၏ပြောကြားချက်အရ လေယာဉ်သည် လေဆိပ်အနီးရှိ BJ Medical College ၏ ကျောင်းဝင်းအတွင်းရှိ ကန်တင်းနှင့် ဆရာဝန် တစ်ဦး၏ နေအိမ်ကို ဝင်တိုက်ခဲ့ပြီး လေယာဉ်၏အမြီးသည် အဆောက်အဦ တစ်ခု၏ မိုးပေါ်တွင် ညှပ်ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။
အာမက်ဒါဘတ်ရှိ ဆေးရုံများသို့ သေဆုံးခဲ့သူ ၂၀၄ ဦး၏အလောင်းများ ရောက်ရှိခဲ့ပြီး မြို့တော်ရဲမှူး Malik က လေယာဉ်ပေါ်တွင် အသက်ရှင်သူ မရှိဟုထုတ်ဖော်ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ခရီးသည် တစ်ဦး ကို အသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက X (Twitter) တွင် “အာမက်ဒါဘတ်မှာ ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်အတွက် မိမိ၏ ဝမ်းနည်းပူဆွေးမှုအပေါ် စကားလုံးများဖြင့်ပင် ဖော်ပြနိုင်မည်မဟုတ်ပါ” ဟု ရေးသားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကလည်း “လန်ဒန်သို့သွားရောက်စဉ် အိန္ဒိယမြို့တော် အာမက်ဒါဘတ်တွင် ဗြိတိန်နိုင်ငံသားများစွာပါဝင်သည့် လေယာဉ်ပျက်ကျခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်ဖြစ်ပြီး ဤအချိန် ကာလတွင် ခရီးသည်များနှင့် မိသားစုများအတွက် ကိုယ်ချင်းစာမိ ပါသည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂