ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၂၉၅၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

News Image

  • ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာအုပ်စု၊ မဟုန်လွယ်ကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် ယောင်ခကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ချိန်ကိုးချိန်(ခ)အားချန် မောင်းနှင်လာသော DONG FENG အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ခေါင်းခန်းနောက် ထိုင်ခုံပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၃၆ ဒသမ ၉ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၉၅၂ သိန်း) ဖမ်းဆီးရမိသဖြင့် ချိန်ကိုးချိန်(ခ)အားချန်(၄၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA