ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်အား ၎င်း၏မွေးနေ့အတွက် ဂုဏ်ပြု စကားပြောကြား
သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို၏ မွေးနေ့ဆုတောင်းလွှာတွင် “ချစ်ခင်ရပါသော မိတ်ဆွေခင်ဗျာ။ အဆွေတော်၏ မွေးနေ့ အထိမ်းအမှတ် ပွဲ၌ မိမိ၏ အနွေးထွေးဆုံး မင်္ဂလာစကားကိုပြောကြားလိုပါကြောင်း၊ အဆွေတော်၏ နူးညံ့သိမ်မွေ့သော ခေါင်းဆောင်မှုအောက်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် နိုင်ငံတကာနယ်ပယ်၌ အဓိကကျသော အခန်း ကဏ္ဍမှပါဝင်ခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အကြီးဆုံး စက်မှု နိုင်ငံများအကြား ထိပ်တန်းနေရာကို ရယူထားနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံ တွင် ကြီးမားသော နိုင်ငံခြားငွေအရံငွေများစွာရှိပြီး၊ ကြီးကျယ်ခမ်းနားသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ အလားအလာများလည်းရှိပါကြောင်း၊အဆွေတော်၏ မဟာဗျူဟာမြောက်အမြင်သည် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ် ကို ပုံဖော်ရာတွင်လည်းကောင်း၊ ကျယ်ပြန့်လှသော ယူရေးရှား( ဥရောပ- အာရှ) နယ်မြေတစ်လျှောက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် လည်းကောင်း အလွန်အရေးပါသည်” ဟု အလက်ဇန်းဒါး လူကာရှန်ကို က ပြောဆိုခဲ့ပါသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသည် ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း၏ ရလဒ် များကို အကျဉ်းချုပ်ဖော်ပြထားပြီး အစိုးရ၏ Made in China အစီအစဉ် ကို ပြီးမြောက်အောင်လုပ်ဆောင်နေပြီး မကြာမီကာလအတွင်း နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသစ်ကို ချမှတ်မည့် စာရွက်စာတမ်းတစ်ခုကို လုပ်ဆောင်နေကြောင်း နိုင်ငံတော် အကြီးအကဲ လူကာရှန်ကိုက မှတ်ချက်ပြုပြောဆိုခဲ့ပါသည်။ “အဆွေတော် ချမှတ် ထားသည့် လမ်းကြောင်းကိုလိုက်၍ တရုတ်နိုင်ငံသည် သတ်မှတ်ထားသော ပန်းတိုင်အားလုံးကို မည်သည့်သံသယမျှမရှိဘဲ အောင်မြင်နိုင်လိမ့်မည်” ဟု သမ္မတလူကာရှန်ကိုက အလေးအနက်ပြောဆိုခဲ့ပါသည်။
“ယနေ့ ဘယ်လာရုစ်နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးသည် ရာသီ ဥတုမရွေး ပြီးပြည့်စုံသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး စိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး နိုင်ငံအချင်းအချင်း ပူးပေါင်း ဆောင်ရွက်မှုသည် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှ နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသို့ ယုံကြည်မှုရှိသောနှုန်းဖြင့် ရွေ့လျားပြောင်းလဲနေပါသည်။ အဆိုပါအခွင့်အရေးကိုရယူ၍ ဘယ်လာရုစ်- တရုတ်တို့၏ အပြန်အလှန်ဆက်သွယ်မှုကို အားကောင်းစေရန်နှင့် ပူးတွဲ စီမံကိန်းများကို မြှင့်တင်ရာတွင် အဆွေတော်ကိုယ်တိုင် အာရုံစိုက် ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။ အဆွေတော် အား ကျန်းမာချမ်းသာခြင်း၊ သုခပြည့်စုံခြင်းနှင့် နိုင်ငံတော်တာဝန်များကို ပြီးမြောက်အောင်မြင်ခြင်းများ ရရှိပါစေကြောင်း စိတ်ရင်းမှန်ဖြင့် ဆုမွန် ကောင်းတောင်းအပ်ပါသည်” ဟု ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထား ပါသည်။
ကိုးကား - belta