ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၇ ဦးသေဆုံး
အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြသည်။
ရရှိသောအချက်အလက်များအရ လေယာဉ်မှူးအပါအဝင် လူ ၇ ဦး ယာဉ်ပေါ် တွင် ရှိခဲ့ပြီး ပျက်ကျမှုတွင် လိုက်ပါသူအားလုံး သေဆုံးသွားကြောင်း NDTV ရုပ်မြင်သံကြားက ပြောကြားထားပါသည်။
အဆိုပါရဟတ်ယာဉ်သည် တောင်တန်းဒေသများကို ဖြတ်သန်း ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ မိုးလေဝသ ဆိုးရွားသော အခြေအနေများကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။
ကိုးကား- Tass
Photo: Al Jazeera
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category