အီရန်သည် အစ္စရေး၏စစ်ဘက်ဆိုင်ရာပစ်မှတ်များနှင့် လေတပ် အခြေစိုက်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်
အီရန်သည် အစ္စရေးနယ်မြေအတွင်းရှိ ပစ်မှတ်များ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့် လေတပ်အခြေစိုက်စခန်းများစွာကို ပြန်လည် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး “True Promise 3” စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့ကြောင်း အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (အိုင်အာဂျီစီ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်တန်းအဖွဲ့များ) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။
တူရကီမီဒီယာများ၏အဆိုအရ၊ အီရန်သည် အစ္စရေး၏ Tel Aviv ဘဏ္ဍာရေးရုံး၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဌာနချုပ်၊ စီးပွားရေးဝန်ကြီးဌာန၊ တဲလ်နော့ဖ် (Tel Nof) လေတပ်စခန်း၊ ဟိုင်ဖာဒေသရှိ လေကြောင်းရန်ကာကွယ်ရေးနေရာများ၊ Gaza ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးစင် တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသည်။
အီရန်သည် အစ္စရေးကို တိုက်ခိုက်ခဲ့စဥ်အတွင်း အစ္စရေး၏ တိုက်လေယာဥ်များထားရှိရာ လေတပ်အခြေစိုက်စခန်းများအပါအဝင် ပစ်မှတ် ၁၅၀ ကျော် ကို တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် အကြီးအကဲက ပြောကြားခဲ့ပါသည်။
ကိုးကား - Tass