ကမ္ဘာ့နိုင်ငံများပိုင်ဆိုင်သည့် နျူကလီးယားထိပ်ဖူး အရေအတွက် ယခုနှစ်တွင် ၁၂၂၄၁ ခု ထိရှိလာ
စတော့ဟုမ်း ဇွန် ၁၆
ကမ္ဘာပေါ်ရှိ နျူကလီးယား လက်နက်အင်အားရှင် နိုင်ငံများသည် ၎င်းတို့၏နျူကလီးယား လက်နက်အရေအတွက်ကို တိုးမြှင့် လျက်ရှိပြီး လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် များမှလည်း နုတ်ထွက်နေကြကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုက ယနေ့ တွင်ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ အရောက်တွင် ကမ္ဘာ့နိုင်ငံများ ပိုင်ဆိုင်ထားသည့် နျူကလီးယား လက်နက်အရေအတွက်မှာ ၁၂၂၄၁ ခုထိရှိခဲ့ပြီး လိုအပ်ပါက သုံးစွဲရေး အတွက် သတ်မှတ်ထားရှိသည့် နျူကလီးယားထိပ်ဖူးအရေအတွက် မှာ ၉၆၁၄ ခုထိရှိသည်။
စစ်ရေးအရအသုံးပြုရေးအတွက် ဖြန့်ကြက်ထားသော ထိပ်ဖူးများ အနက် ၂၁၀၀တို့မှာ ဘလစ်စတစ် ဒုံးကျည်များတွင် အသင့်အနေအထားတပ်ဆင်ထားသည့်ထိပ်ဖူး များဖြစ်ကြကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု (ဆစ်ပရီ)၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဆိုပါ အသင့်တပ်ဆင်ထား ပြီး နျူကလီးယားထိပ်ဖူး ၂၁၀၀ခန့် အနက် အားလုံးနီးပါးကို ရုရှားနှင့် အမေရိကန်နိုင်ငံတို့က ပိုင်ဆိုင် ထားခြင်းဖြစ်ကြောင်း သိရသည်။ နျူကလီးယားလက်နက်အရေ အတွက်တိုးနှုန်း အမြင့်မားဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်မှစ၍ နှစ်စဉ်နျူကလီးယား ထိပ်ဖူး ၁၀၀ခန့်ထိ တိုးမြှင့် ထုတ်လုပ်ခဲ့ကြောင်း ဆစ်ပရီအစီ ရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရုရှားနိုင်ငံ ကနျူကလီးယားထိပ်ဖူး ၅၄၅၉ ခု၊ အမေရိကန်နိုင်ငံက ၅၁၇၇ခုနှင့် တရုတ်နိုင်ငံက ၆၀၀ခန့်ပိုင်ဆိုင် ထားကြောင်း ဆစ်ပရီက ခန့်မှန်း ထားသည်။
Ref: RT
Trs: KKO
YDNB Newspaper
Photo -NikKei Asia