မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တာချီလိတ်မြို့နယ်၊ လွိုင်လင်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
17 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ ရွှေဘိုလမ်းမပေါ်၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ရွှေဘိုလမ်းအတိုင်း သန်းထက်ဝင်း (၃၂)နှစ် မောင်းနှင်ပြီး နန်းမြင့်သူ(၃၁)နှစ် လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၂၀၀) ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ထွန်းလွင်(ခ)စွာဗစ်(၂၃)နှစ်နှင့် ဇာနည်လွင်(၂၃)နှစ်တို့ နှစ်ဦး နေထိုင်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ခြေမြစ်ပင်ကျေးရွာရှိ နေအိမ်အား မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မီးဖိုဆောင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ ပြား(တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၈ သိန်း) ထပ်မံ ဖမ်းဆီးရမိသဖြင့် သန်းထက်ဝင်း၊ နန်းမြင့်သူ၊ ထွန်းလွင်(ခ)စွာဗစ်နှင့် ဇာနည်လွင် လေးဦးတို့အား လည်းကောင်း။
အလားတူ ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ မြို့ပတ်လမ်း၊ မယ်ဆိုင်ချောင်းဘေးရှိ နှင်းနှင်းဝေ(ခ)သွန်းဝတီဖြိုး(၁၉)နှစ်၏ နေအိမ်တဲအား ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၄၀၀ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၅၁ ဒသမ ၈ သိန်း) ဖမ်ဆီးရမိသဖြင့် နှင်းနှင်းဝေ(ခ)သွန်းဝတီဖြိုး အားလည်းကောင်း။
ထို့အတူ ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာအုပ်စု၊ ပန်မုန့်ကျေးရွာ၊ သီလရှင်ကျောင်းလမ်းနေ အိုက်ခမ်း(၅၃)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၂၅ သိန်း)ဖမ်းဆီးရမိသဖြင့် အိုက်ခမ်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA