ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

News Image

  • ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ငွေကျပ် ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

18 June 2025

၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် နံနက် ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ ရန်ကုန်မြို့မှ ဘားအံသို့ ယာဉ်မောင်း ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုး လိုက်ပါလာသော MDY-7/6I-XXXX FUSO အစိမ်းရောင် မှန်လုံမော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၅ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ စိုးမင်းအား ဇွန် ၁၀ ရက် နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွားကားလမ်း၌ BGO-10/1Q-XXXX GRAND STAREX အဖြူရောင်မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မြို့မှတစ်ဆင့် မြဝတီမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA