ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၉၇ ဦးနှင့် တရုတ်နိုင်ငံသား ၄၁ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

News Image

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၉၇ ဦးနှင့် တရုတ်နိုင်ငံသား ၄၁ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

18 June 2025

၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online ငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့ပါသည်။ 

ထိုသို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်(မဆ-၄၀၀) ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၀ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား လက်ကိုင်ဖုန်း မျိုးစုံ ၁၂၀ လုံး၊ ကွန်ပျူတာမျိုးစုံ ၈၆ လုံး၊ WiFi စက် ၃ လုံး၊ CROWN မော်တော်ယာဉ် ၁ စီးတို့ဖြင့် လည်းကောင်း။
 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ အိမ်အမှတ်(ဟန-၈)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အတွင်းမှ  တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)များ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၁၆ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၃၄ လုံး၊ WiFi စက် ၃ လုံး၊ CROWN မော်တော်ယာဉ် ၁ စီး၊ TOYOYA LANDCRUISER မော်တော်ယာဉ် ၁ စီးတို့ဖြင့်လည်းကောင်း စစ်ဆေးတွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့ပါသည်။
 

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA