ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း အသားစားကြက်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့
ညောင်တုန်း ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း အသားစားကြက် ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်အေးမော် က ပြောပြသည်။
ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း အသားစားကြက် ပိဿာချိန် ၅၅၀၀၀ ထိ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း အသားစားကြက်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ဒီဘက်ကနေ ရန်ကုန်ဈေးကွက်ထဲကို အသားစားကြက်တွေကို အကောင်လိုက် အရှင်ကို ပိဿာချိန်နဲ့ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း အသားစားကြက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချခဲ့ပါတယ်။ ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အသားစားကြက်တွေ အရောင်းအဝယ် ကောင်းလာတာကြောင့် မွေးမြူသူတွေ အဓိကအဆင်ပြေတာတွေ့ရပါတယ်” ဟု ညောင်တုန်းမြို့နယ် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်အေးမော် က ပြောပြသည်။
ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် အသားစားကြက် ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၀၀၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါ အသားစားကြက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုများလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေနေကြောင်း သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ