ပူတင်က ဇီလန်စကီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်သော်လည်း ယူကရိန်းဘက်တွင် လက်မှတ်ထိုးမည့်သူ မရှိဟုဆို

News Image

  •  ပူတင်က ဇီလန်စကီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်သော်လည်း ယူကရိန်းဘက်တွင် လက်မှတ်ထိုးမည့်သူ မရှိဟုဆို

ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းအနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိုဆွေးနွေးနိုင်သော်လည်း ရရှိလာသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးရန် ယူကရိန်းဘက်တွင် လက်မှတ်ထိုးမည့်သူ မရှိကြောင်းပြောသည်။

စိန့်ပီတာစဘာ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်၌ ဇွန်လ ၁၈ ရက်နှောင်းပိုင်းတွင် နိုင်ငံတကာမှမီဒီယာများ၏ မေးမြန်းချက်ကိုပြန်ဖြေစဉ် ပူတင်က  ယခုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် ဇီလန်စကီ၏တရားဝင်မှုနှင့်ပတ်သက်၍ ပူပန်မှုရှိကြောင်း ရုရှားသမ္မတက ဆက်ပြောသည်။

"တကယ်လို့များ  ယူကရိန်းဘက်က သူတို့ကိုယ်စား တစ်ယောက်ယောက်ကို ကိုယ်စားပြုဖို့ယုံကြည်စွာအပ်နှံချင်တယ် ဆိုရင်တော့ ဇီလန်စကီကိုယ်တိုင်လာနိုင်ပါတယ်။ ဒါပေမဲ့ မေးစရာရှိတဲ့ တစ်ချက်က ဘယ်သူက သဘောတူညီချက်မှာလက်မှတ်ထိုးမှာလဲ" ဟု ပူတင်ကပြောသည်။

ဇီလန်စကီ၏သမ္မတသက်တမ်းသည် ပြီးခဲ့သည့်နှစ်တွင် ကုန်ဆုံးသွားပြီဖြစ်သော်လည်း မာရှယ်လော ထုတ်ပြန်ထားသည့်အတွက် နောက်ထပ်ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသောကြောင့် သမ္မတအသစ် ကိုတင်မြှောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ထို့ပြင်လက်ရှိတာဝန်ထမ်းဆောင်နေသော ယူကရိန်းအစိုးရတာဝန်ရှိသူများကို ဇီလန်စကီကခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ထို့ကြောင့် ဇီလန်စကီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ နောက်ထပ်မေးခွန်း ထုတ်ရမည်ဖြစ်ကြောင်း ပူတင်က ဆက်ပြောထားသည်။

MWD Web Portal