SPIEF ၌ ဒေါ်လာဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်

News Image

  • SPIEF ၌ ဒေါ်လာဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်

ရုရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် စိန့်ပီတာစဘာ့ အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF)၌ အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ တန်ဖိုးရှိသည့် စာချုပ်ပေါင်း ၁၀၆၀ ကို လက်မှတ်ရေးထိုးနိုင်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေးကော်မတီ အမှုဆောင် အတွင်းရေးမှူး အန်တွန်ကော့ယာကော့က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကာ ယခုသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကော့ယာကော့က ဆက်ပြောသည်။

ထိုဖိုရမ်တွင် ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့အပါအဝင် အဓိကကျသော နိုင်ငံကြီးများကြား စီးပွားရေးဆွေးနွေးမှု စုစုပေါင်း ၂၄ ခုကို ဆောင်ရွက်နိုင်ခဲ့သည်။ (၂၈) ကြိမ်မြောက် SPIFE ဖိုရမ်ကို “မျှဝေသော တန်ဖိုးများ” ခေါင်းစဉ်ဖြင့် ဇွန်လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Ref : Sputnik

MWD Daily Newspaper