အသုံးစရိတ်ပိုမိုတောင်းဆိုမှုကြောင့် ဂျပန်အစိုးရက အမေရိကန်နှင့် အစည်းအဝေးကို ဖျက်သိမ်း

News Image

  • အသုံးစရိတ်ပိုမိုတောင်းဆိုမှုကြောင့် ဂျပန်အစိုးရက အမေရိကန်နှင့် အစည်းအဝေးကို ဖျက်သိမ်း

ဂျပန်အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုသုံးစွဲရန် အမေရိကန်ဘက်က တောင်းဆိုမှုကြောင့် ၎င်းတို့နှစ်နိုင်ငံကြား နှစ်စဉ်ဆောင်ရွက်သည့်အဆင့်မြင့် အရာရှိအဆင့် ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါနှစ်နိုင်ငံကြား လုံခြုံရေးအစည်းအဝေးအဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်တို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကဲရှီအီဝါယာ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီတို့နှင့် ဇူလှိုင်လ ၁ ရက်တွင် ဝါရှင်တန်မြို့၌ တွေ့ဆုံရန်စီစဉ်ထားသည်။

သို့သော် ဂျပန်နိုင်ငံအနေဖြင့် GDP ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးပြုရန် အမေရိကန်အစိုးရက တောင်းဆိုသောကြောင့် ဂျပန်နိုင်ငံဘက်က ထိုအစည်းအဝေးကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန် တောင်းဆိုမှုက ယခင် တောင်းဆိုမှုဖြစ်သည့် ၃ ရာခိုင်နှုန်းထက် ပိုများနေသည်။

Ref : SCMP

MWD Daily Newspaper