ပူတင်နှင့် ထရမ့်တို့ အလက်စကာ ဆွေးနွေးပွဲပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ရန် ရုရှား မျှော်လင့်

News Image

  • ပူတင်နှင့် ထရမ့်တို့ အလက်စကာ ဆွေးနွေးပွဲပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ရန် ရုရှား မျှော်လင့်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ လာမည့်တွေ့ဆုံ ဆွေးနွေးပွဲများမှ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေး အကူအညီဖြစ်နိုင်ရန် မျှော်လင့်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov ကို ကိုးကား၍ ရုရှားနိုင်ငံထုတ် Izvestia နေ့စဥ်တွင် သြဂုတ် ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ အလက်စကာ ထိပ်သီးအစည်းအဝေးသည် နှစ်နိုင်ငံ ကြား တိုက်ရိုက်ခရီးသည်တင်လေယာဥ်ခရီးစဥ်များ ပြန်လည်စတင်ခြင်းအပါအဝင် တိကျသော ကိစ္စ ရပ်များဆိုင်ရာ အဆင့်မြင့်သဘောတူညီချက်များ ချမှတ်နိုင်ရန် အထောက်အကူဖြစ်စေနိုင်ကြောင်း Ryabkov က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရှေ့လာမည့် အဆင့်မြင့်ဆွေး‌နွေးပွဲများမှ လေကြောင်းဆက်သွယ်မှုများ ပြန်လည် တည်ဆောက်မှုကဲ့သို့ကိစ္စရပ်များကို ရှေ့သို့တက်လှမ်းနိုင်ပြီး နှစ်နိုင်ငံဆက်ဆံ‌ရေး ပုံမှန်ပြန်ဖြစ်ရန် လှုံဆော်အားပေးမှုတစ်ခု ပေးစွမ်းနိုင်ရန် မျှော်လင့်ကြောင်း” Ryabkov က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် လာမည့် သြဂုတ် ၁၅ ရက် ဆွေး‌နွေးပွဲသည် သဘောတူညီမှုများ ဆိုင်ရာ အကြိုသဘောအစည်းအဝေးတစ်ခုဖြစ်ကြောင်း ထရမ့်က သြဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။ ရုရှားသမ္မတ လက်ထောက် Yuri Ushakov ကလည်း အစည်းအဝေးကျင်းပရာနေရာ ရွေးချယ်မှု ဆီလျော်မှန်ကန်ကြောင်းနှင့် အဆိုပါဒေသသည် နှစ်နိုင်ငံလုံးအတွက် စီးပွားရေးအကျိုးစီးပွားများ ဆုံရာနေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ကိုးကား- Xinhua