ကမ္ဘောဒီးယားက ထိုင်းနှင့်နယ်စပ်ဂိတ် နှစ်ခုကို ထပ်ပိတ်
ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇွန်လ ၂၂ ရက်တွင်ပြောသည်။
ထိုင်းတပ်မတော်သည် ကမ္ဘောဒီးယား အုတ်ဒါမင်းချေးပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ ဇွန်လ ၂၁ ရက်ညပိုင်းတွင် ၎င်းတို့၏ တစ်ဖက်သက်ဆုံးဖြတ်ချက်ဖြစ်သော ချောက်ကော်ကီ နယ်စပ်ဂိတ်ကို ဇွန်လ ၂၂ ရက်မှစ၍ ပိတ်မည်ဟု အကြောင်းကြားလာကြောင်း ဟွန်မာနက် ကပြောသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယင်းနယ်စပ်ဂိတ်အပြင် ချိုအမ်နယ် စပ်ဂိတ်ကိုလည်း အမြဲတမ်း ပိတ်သွားမည် ဖြစ်ကြောင်း၊ ထိုအကြောင်းကိုလည်း ထိုင်း နိုင်ငံဘက်သို့ အကြောင်းကြားရန် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားကြောင်း ဟွန်မာနက်က ဆက်ပြောသည်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံဘက်ကလည်း ကမ္ဘောဒီးယား၏ လုပ်ဆောင်ချက်ကိုတုံ့ပြန်သည့်အနေဖြင့် နောက်ထပ် နယ်စပ်ဂိတ်နှစ်ခုကို ပိတ်သွားရန်ပြင်ဆင်နေကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည်။
MWD Web Portal