ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအပေါ် "ကြီးမား သောလေကြောင်းတိုက်ခိုက်မှု" ဖြစ်ပွားနိုင်ကြောင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက သတိပေးပြောကြား

News Image

  • ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအပေါ် "ကြီးမား သောလေကြောင်းတိုက်ခိုက်မှု" ဖြစ်ပွားနိုင်ကြောင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက သတိပေးပြောကြား

ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအပေါ် "ကြီးမား သောလေကြောင်းတိုက်ခိုက်မှု" ဖြစ်ပွားနိုင်ကြောင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် သတိပေးပြောကြားထားကြောင်း The Guardian သတင်းဆောင်းပါး၌ ဖော်ပြထားသည်။

ကိယက်ဗ်မြို့ရှိ အမေရိကန်သံရုံးသည် ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားနိုင်ချေရှိသော လေကြောင်းတိုက်ခိုက်မှု၏ တိကျ သောအချက်အလက်သတင်းများကို လက်ခံရရှိထားပြီး ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဝန်ရေးရာဌာနက ၎င်း၏လူမှုကွန်ယက် X တွင် ရေးသားထားဖော်ပြထားသည်။

လေကြောင်းသတိပေးချက်ကို ထုတ်ပြန်ကြေညာသည့် ဖြစ်ရပ်တွင် အမေရိကန်နိုင်ငံသားများကို ချက်ချင်းခိုလှုံရန် နေရာများ ပြင်ဆင်ထားရန် အကြံပြုထားကြောင်း ဖော်ပြ ထားပါသည်။

ကိုးကား - The Guardian သတင်းဆောင်းပါး