ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂,၁၁၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
22 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ ဒေါ်နန်းဝိုးခမ်း၏ အိမ်ငှားတိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ်(၆)တွင် စိုင်းယီ(ခ)ကျိုင်းယီ၊ အိုက်လွှ၊ စိုင်းဆိုင်နှင့် စိုင်းခေးခမ်းတို့ လေးဦးနှင့်အတူ အက်တက်စီဆေးပြား ၅,၀၆၀ ပြား (တစ်ပြားလျှင် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂,၀၂၄ သိန်း)၊ ကက်တမင်း ၀ ဒသမ ၅၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၅၅ သိန်း၊ ERIMIN 5 ဆေးပြား ၇၀၀ ပြား(တစ်ပြားလျှင် ၅,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၃၅ သိန်း)နှင့် စိတ်ပြောင်းဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော အပြာရောင်မွှေစက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိသဖြင့် စိုင်းယီ(ခ)ကျိုင်းယီ(၂၅)နှစ်၊ အိုက်လွှ(၂၈)နှစ်၊ စိုင်းဆိုင်(၂၇)နှစ်နှင့် စိုင်းခေးခမ်း(၂၄)နှစ်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA