ရုရှားတပ်များ သိမ်းပိုက်မှုတိုးမြင့်လာခြင်းကြောင့် ယူကရိန်းက Donetsk ဒေသ၏ နယ်မြေအချို့မှ မိသားစုများနှင့်ကလေးများကို ရွှေ့ပြောင်းရန် အမိန့်ထုတ်

News Image

  • ရုရှားတပ်များ သိမ်းပိုက်မှုတိုးမြင့်လာခြင်းကြောင့် ယူကရိန်းက Donetsk ဒေသ၏ နယ်မြေအချို့မှ မိသားစုများနှင့်ကလေးများကို ရွှေ့ပြောင်းရန် အမိန့်ထုတ်

ရုရှားတပ်များ တိုးချဲ့သိမ်းပိုက်လာနေသော ယူကရိန်း၏ Donetsk ဒေသ အနီးရှိ နယ်မြေများမှ မိသားစုများနှင့် ကလေးများကို မဖြစ်မနေ ရွှေ့ပြောင်းရန် ယူကရိန်းအာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့သည်။

Donetsk ဒေသဆိုင်ရာ စစ်အုပ်ချုပ်ရေးအကြီးအကဲ Vadym Filashkin ၏အဆိုအရ Bilozerka မြို့၊ Svyatohorivka ကျေးရွာ၊ Bilozerka ကျေးရွာပေါင်း ၆ ရွာနှင့် Dobropillia ကျေးရွာပေါင်း ၆ ရွာတို့တွင် မဖြစ်မနေရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ထိုကျေးရွာများတွင် ကလေးဦးရေ ၁,၁၅၀ ခန့်ရှိမည်ဟု Filashkin က ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၄) တွင် ပြောကြားခဲ့သည်။

တစ်ဖက်တွင် ရွှေ့ပြောင်းရေးအဖွဲ့နှင့်လက်တွဲလုပ်ကိုင်နေသော ယူကရိန်း ရဲတစ်ဦးက CNN အား Pokrovsk မှ ရွှေ့ပြောင်းမှုများသည် လတ်တလော ရက်ပိုင်းအတွင်း ရုရှား drone များ၏ ပျံသန်းလှုပ်ရှားမှု မြင့်မားလာ နေခြင်းကြောင့် ဆက်လက်နေထိုင်ရန်လုံးဝမဖြစ်နိုင်တော့ကြောင်း ပြောကြား ခဲ့သည်။ ရွှေ့ပြောင်းလိုသူများသည် ယခုအခါ ခြေလျင်ထွက်ပြေးပြီး ရွှေ့ပြောင်းရေးအဖွဲ့များက လာရောက်ခေါ်ယူရန် စောင့်ဆိုင်းနေရသည်။

ဒေသဆိုင်ရာ စစ်အုပ်ချုပ်ရေးဌာန၏ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၄) နောက်ဆုံး အချက်အလက်များအရ Pokrovsk တွင် အရပ်သား ၁,၃၂၇ ဦး ကျန်ရှိ နေသေးကြောင်း သိရှိရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂