ထရမ့်သည် ကယ်လီဖိုးနီးယားပြည်နယ်မှ National Guardsmen များကို ထိန်းချုပ်ခွင့်ရှိကြောင်း အယူခံတရားရုံးက ဆုံးဖြတ်

News Image

  • ထရမ့်သည် ကယ်လီဖိုးနီးယားပြည်နယ်မှ National Guardsmen များကို ထိန်းချုပ်ခွင့်ရှိကြောင်း အယူခံတရားရုံးက ဆုံးဖြတ်

ဖက်ဒရယ်အယူခံတရားရုံးက သမ္မတဒေါ်နယ်ထရမ့်အား ကယ်လီဖိုးနီးယား ပြည်နယ်ရှိ National Guard အဖွဲ့ဝင်များကို ဆက်လက် ထိန်းချုပ်ခွင့် ပြုလိုက်သည်။

၉ ကြိမ်မြောက် အမေရိကန် အယူခံတရားရုံးက ထရမ့်အစိုးရ၏ တောင်းဆိုချက်ကို လက်ခံကာ ယခင်အဆင့်နိမ့်တရားရုံး၏ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းလိုက်သည်။ ယခင်ဆုံးဖြတ်ချက်တွင် ထရမ့်အား ကယ်လီဖိုး နီးယားပြည်နယ်မှ National Guard ၄,၀၀၀ ခန့်ကို ထိန်းချုပ်ခွင့်မှ ရုပ်သိမ်းရန် ပြဋ္ဌာန်းထားခဲ့သည်။ ထို National Guard တပ်ဖွဲ့ဝင်များကို လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကြမ်းဖက် ဆန္ဒပြမှု များကြောင့် လုံခြုံရေးတိုးမြှင့်ရန် ဖက်ဒရယ်အစိုးရက ယခုလ အစောပိုင်း တွင် စုစည်းခဲ့ခြင်းဖြစ်သည်။

တရားရုံးက လက်မှတ်ရေထိုးထားခြင်းမရှိသော ဆုံးဖြတ်ချက်တွင် “သမ္မတ သည် ဖက်ဒရယ်ဥပဒေအရ ၎င်း၏တရားဝင်အာဏာကို ဥပဒေနှင့်အညီ အသုံးပြုခဲ့ဖွယ်ရှိသည်” ဟု ဖော်ပြထားပြီး၊ ကယ်လီဖိုးနီးယား၏ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူး Gavin Newsom ၏ “ထရမ့်သည် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ခဲ့သည်” ဆိုသော အငြင်းပွားမှုကို ပယ်ချ လိုက်သည်။

အဆိုပါဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သော တရားသူကြီးအဖွဲ့တွင် ထရမ့် ခန့်အပ်ထားသော တရားသူကြီး ၂ ဦးနှင့် ယခင်သမ္မတ Joe Biden ခန့်အပ်ထားသော တရားသူကြီး ၁ ဦး ပါဝင်သည်။

လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်ခရိုင်တရားသူကြီး Charles Breyer က ထရမ့်အား National Guard တပ်ဖွဲ့ဝင်များကို ထိန်းချုပ်ခွင့်မှ ရုပ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။ ၎င်းက ထရမ့်သည် National Guard တပ်ဖွဲ့ဝင်များကို ဖက်ဒရယ်ထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းရာတွင် “ပြည်နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့်” အမိန့်ထုတ်ပြန်ရန် လိုအပ်ချက် အပါအဝင် ဥပဒေအချို့ကို ချိုးဖောက်ခဲ့သည်ဟု ယူဆခဲ့သည်။

အယူခံတရားရုံးက Breyer ၏ ဆုံးဖြတ်ချက်ကို ချက်ချင်း ရပ်ဆိုင်းထား ခဲ့ပြီး ယခု ၉ ကြိမ်မြောက် အယူခံတရားရုံး၏ ဆုံးဖြတ်ချက်က ဥပဒေ ရေးရာစွဲဆိုမှုများ ဆက်လက်ဖြစ်ပွားနေစဉ် ထိုရပ်ဆိုင်းမှုကို ဆက်လက် တည်ရှိစေသည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် အရေးပေါ် အခြေအနေ အရ တရားရုံးချုပ်သို့ အယူခံဝင်ရောက်နိုင်သည့် ရွေးချယ်စရာရှိသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂