အမေရိကန်က Fordow ကို B-2 ဗုံးကြဲလေယာဉ် ၆ စီးကို အသုံးပြု၍ “Bunker buster” ၁၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အရာရှိ တစ်ဦးက ပြောကြား

News Image

  • အမေရိကန်က Fordow ကို B-2 ဗုံးကြဲလေယာဉ် ၆ စီးကို အသုံးပြု၍ “Bunker buster” ၁၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အရာရှိ တစ်ဦးက ပြောကြား

အမေရိကန်သည် အီရန်၏ Fordow အဏုမြူစက်ရုံကို B-2 ဗုံးကြဲ လေယာဉ် ၆ စီးကိုအသုံးပြု၍ Bunker buster ၁၂ လုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု အမေရိကန် အရာရှိတစ်ဦး၏ CNN သို့ ထုတ်ဖော် ပြောဆိုချက်အရ သိရှိရသည်။ 

ထို့အပြင် အမေရိကန် ရေတပ်ပိုင် ရေငုပ်သင်္ဘောများမှ Natanz နှင့် Isfahan ရှိ စက်ရုံနှစ်ခုသို့ TLAM ခရူးဇ်ဒုံးကျည် ၃၀ ဖြင့်လည်းကောင်း၊ B-2 တစ်စီးမှ Natanz သို့ Bunker buster ၂ လုံးဖြင့်လည်းကောင်း တိုက်ခိုက် ပစ်ခတ်ခဲ့ကြောင်း ၎င်းအရာရှိက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ယခင်က The New York Times သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။

(Bunker buster) GBU-57A/B Massive Ordnance Penetrator (MOP) ဟုခေါ်သော ယင်းဗုံးသည် အလေးချိန် ပေါင် ၃၀,၀၀၀ ရှိပြီး ပေါက်ကွဲ စေနိုင်သော ခဲယမ်းဆက်စပ်ပစ္စည်း ပေါင် ၆,၀၀၀ ပါဝင်သည်။

အမေရိကန်လေတပ်၏ သတင်းအချက်အလက်များအရ MOP ဗုံးကို ခိုင်ခံ့စွာကာကွယ်ထားသော စခန်းများအတွင်းရှိ ရန်သူ၏ အစုလိုက် အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များကို တိုက်ခိုက် ဖျက်ဆီးရန် အတွက် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂