အီရန်နိုင်ငံအပေါ် အစ္စရေးနှင့် အမေရိကန်တို့၏ ကျူးကျော် တိုက်ခိုက်မှု များမှာ ကမ္ဘာတစ်ဝှမ်းလုံးအား ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း အီရန် ထိပ်တန်းသံတမန်ပြောကြား

News Image

  • အီရန်နိုင်ငံအပေါ် အစ္စရေးနှင့် အမေရိကန်တို့၏ ကျူးကျော် တိုက်ခိုက်မှု များမှာ ကမ္ဘာတစ်ဝှမ်းလုံးအား ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း အီရန် ထိပ်တန်းသံတမန်ပြောကြား

အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်အပေါ် ကျူးကျော်စစ်ဆင်မှုများသည် အရှေ့အလယ်ပိုင်းဒေသအတွက် သာမက ကမ္ဘာတစ်ဝှမ်းလုံးအတွက်ပါ ကြီးမားသော အကျိုးဆက်များ ရှိလာနိုင်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး Abbas Araghchi က သတိပေးပြောကြားခဲ့သည်။ 

“အစ္စရေးနှင့် အမေရိကန်တို့၏ ကျူးကျော်မှုများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ခြိမ်းခြောက်နေပြီး ဒေသတွင်းနိုင်ငံများကိုသာမကတစ်ကမ္ဘာလုံးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်” ဟု အီရန် ထိပ်တန်း သံတမန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် မော်စကိုသို့ ရောက်ရှိစဉ် မီဒီယာများအား ပြောကြားခဲ့ပြီး အီရန်နိုင်ငံအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားများအား ကာကွယ်ရန်အတွက်တရားဝင်ခုခံကာကွယ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား -TASS

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃