အစ္စရေးက အီရန်တွင် ကြီးမားသောအောင်မြင်မှုရရှိပြီးနောက် စစ်ရေးရပ်စဲရန် သဘောတူညီကြောင်း ပြောဆို

News Image

  • အစ္စရေးက အီရန်တွင် ကြီးမားသောအောင်မြင်မှုရရှိပြီးနောက် စစ်ရေးရပ်စဲရန် သဘောတူညီကြောင်း ပြောဆို

အစ္စရေးသည် အီရန်တွင် စစ်ရေးအောင်မြင်မှုများရရှိပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရပ်စဲရေးအဆိုကို သဘောတူညီကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။

စစ်ရပ်စဲရေးနှင့်ပတ်သက်သည့် အစ္စရေး၏ ပထမဆုံး တရားဝင် ထုတ်ပြန်ချက် အရ အီရန်ကို နှစ်ပတ်နီးပါး တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် အစ္စရေး သည် ၎င်း၏ရည်မှန်းချက်အားလုံးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ထို့ထက်ပိုမိုကျော်လွန်သွားကြောင်း ဖော်ပြထားသည်။

“အစ္စရေးသည် နျူကလီးယားနယ်ပယ်နှင့် ဒုံးပျံနည်းပညာတို့တွင် ခြိမ်းခြောက်မှုနှစ်ရပ်လုံးကို အမြန်ဆုံးဖယ်ရှားနိုင်ခဲ့ပြီ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် တီဟီရန်၏ လေကြောင်းထိန်းချုပ်မှုကို အပြည့်အဝလုပ်ဆောင်နိုင်ခဲ့ပြီး အီရန် စစ် ခေါင်းဆောင်များကို ပြင်းထန်စွာဒဏ်ခတ်နိုင်ခဲ့ကာ အီရန်ရှိ အဓိက အစိုးရ ပစ်မှတ်များစွာကို ဖျက်ဆီးနိုင်ခဲ့သည်။

အစ္စရေးသည် အီရန်၏နျူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားရာတွင် ထရမ့်နှင့် အမေရိကန်တို့၏ စစ်ရေးအထောက်အပံ့အတွက် ကျေးဇူး တင်ကြောင်း ဖော်ပြခဲ့သည်။

“မည်သူမဆို စစ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပါက အစ္စရေး က အပြင်းအထန်တုံ့ပြန်မည်” ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ကိုးကား-CNN

Photo: Jewish News Syndicate

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂