မင့်စ်မြို့တွင် ကျင်းပမည့် ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးဖိုရမ်သို့ Lukashenko တက်ရောက်ပြီး EAEU ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်မည်

News Image

  • မင့်စ်မြို့တွင် ကျင်းပမည့် ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးဖိုရမ်သို့ Lukashenko တက်ရောက်ပြီး EAEU ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်မည်

မင့်စ်၊ ဇွန် ၂၅ 

ယူရေးရှားဒေသဆိုင်ရာ စီးပွားရေးကောင်စီ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် ယူရေးရှားဒေသ စီးပွားရေး ဖိုရမ် တို့ကို မင့်စ်မြို့တွင် ဇွန်လ ၂၆ မှ ၂၇ အထိ ကျင်းပသွားမည် ဖြစ်ပါသည်။  အဆိုပါအခမ်းအနားများ ၂၀၂၅ ခုနှစ် Eurasian Economic Union (EAEU) ဥက္ကဋ္ဌအဖြစ် ဘယ်လာရုစ်က ဆောင်ရွက်စဉ် ကျင်းပခြင်းဖြစ်ကြောင်း ဘယ်လာရုစ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ဘီတာ သတင်းဌာနသို့ ပြောကြားပါသည်။

ဘယ်လာရုစ်သမ္မတ Aleksandr Lukashenko က EAEU ထိပ်သီး အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး၊ အခြား နိုင်ငံ အကြီးအကဲများနှင့်အတူ Eurasian Econimic Forum သို့ တက်ရောက် မည်ဖြစ်ပါသည်။   ဒါဇင်ပေါင်းများစွာသော နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ များလည်း အဆိုပါ အခမ်းအနားကို တက်ရောက်မည်ဟု မျှော်လင့် ရပါကြောင်း ဖော်ပြထားပါသည်။

Eurasia Economic Forum သည် ဇွန်လ ၂၆ ရက်နေ့တွင်  Minsk International Exhibition Center တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။  ဘယ်လာရုစ် သမ္မတသည် အဆိုပါဖိုရမ်၏ “The Strategy of Eurasian Economic Integration: Results and Prospects” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည့်  စုံညီအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ဖိုရမ်တွင် အဓိက ဘာသာရပ်ဆိုင်ရာ အစုအဖွဲ့ကြီး ၆ ခုဖြင့် ဆွေးနွေးမှု ပေါင်း ၃၅ ခု ပြုလုပ်ရန်လျာထားပါကြောင်း နှင့် ဖိုရမ်သို့ နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ကိုယ်စားလှယ် ၂,၇၀၀ ဦးကျော် တက်ရောက်လိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါရှိပါသည်။

ဘယ်လာရုစ် သမ္မတ Aleksandr Lukashenko က သဘာပတိအဖြစ် ဆောင်ရွက်မည့် EAEU ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင် the Palace of Independence တွင် ကျင်းပရန် ရှိပါသည်။  အဆိုပါ အခမ်းအနားတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစည်းရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာလမ်းညွှန်ချက်များချမှတ်ရေး၊ EAEU အတွင်း ဝန်ဆောင်မှုများ ဖြေလျှော့ပေးရေး၊ အားကစား၌ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေး၊ EAEU၏ အဓိက မိတ်ဖက်များနှင့် ကုန်သွယ်မှု နှင့်စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ချဲ့ထွင်ရေးစသည့် အစီအစဉ်များ ပါဝင်ပါသည်။ 

ကိုးကား- BeTA News

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ