ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းဆီထွက် သီးနှံ မျိုးစုံ (၁၅၇၁၁) ဧက စိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀) တင်း ထွက်ရှိ
ကျောက်ဆည်၊ ဇွန်-၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ်တွင် ဆောင်းဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံမျိုးစုံ(၁၅၇၁၁)ဧက စိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀)တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ဆီထွက်သီးနှံများ စိုက်ပျိုးရာ၌ ဆင်းပဒေသာ (၁၁) မြေပဲသီးနှံ (၂၉၉) ဧက၊ တစ်ဧကအထွက်နှုန်း (၆၁.၄၀) တင်း နှင့် စုစုပေါင်း (၉၆၄၀) တင်း၊ ဆင်းရတနာ-၄ နှမ်းသီးနှံ (၅၁၃၈) ဧက၊ တစ်ဧကအထွက်နှုန်း (၁၃.၅၀) တင်းနှင့် စုစုပေါင်း (၆၉၃၆၃) တင်း၊ ရေဆင်း-၁နေကြာသီးနှံ (၃၅၀) ဧက တစ်ဧကအထွက်နှုန်း (၃၅.၂၀) တင်း စုစုပေါင်း (၇၀၄၀) တင်း၊ ဆင်းရွှေကြာ-၂နေကြာသီးနှံ (၉၉၂၄) ဧက၊ တစ်ဧကအထွက်နှုန်း (၃၄.၂၆) တင်း စုစုပေါင်း (၁၆၀၂၀၇) တင်း ထွက်ရှိကြောင်းနှင့် ဆီထွက်သီးနှံမျိုးစုံ (၂၄၆၂၅၀) တင်း ထွက်ရှိကြောင်း သိရသည်။
နွေသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့်မျိုးများ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီပေးခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင် (ကျောက်ဆည်)