ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းပြည်သူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အစ္စရေးအမိန့်ထုတ်
ဂါဇာမြောက်ပိုင်းဒေသ၌ နေထိုင်နေသော ပါလက်စတိုင်းပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် အစ္စရေးတပ်မတော်က ဇွန်လ ၂၉ ရက် တွင်အမိန့်ထုတ်လိုက်ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနှင့်ဂါဇာတို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် တောင်းဆိုထားစဉ်အစ္စရေးက ဟားမတ် တို့အပေါ်ပြင်းထန်သည့်တိုက်ခိုက်မှုများ မလုပ်မီ ပါလက်စတိုင်းပြည်သူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းခိုင်းခြင်းဖြစ်သည်။
အစ္စရေးတပ်မတော်သည် သတ်မှတ်ထားသောရည်မှန်းချက်နှင့် နီးကပ်နေပြီ ဖြစ်သော်လည်း ဂါဇာဒေသတွင် အောင်မြေထပ်မံချဲ့ခြင်းသည် ဟားမတ် တို့လက်တွင်းကျန်ရှိနေသော အစ္စရေး ဓားစာခံများ၏အသက်အန္တရာယ်ကို ပိုမို စိုးရိမ်ရစေကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦးက သတိပေးထားသည်ဟု သိရ သည်။
Ref. AGC
MWD Daily Newspaper
Photo - BBC
MM-News-Category