ယူကရိန်းပဋိပက္ခတစ်လျှောက် အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှု ရုရှားပြုလုပ်

News Image

  • ယူကရိန်းပဋိပက္ခတစ်လျှောက် အပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှု ရုရှားပြုလုပ်

ကိယက်ဗ် ဇွန် ၂၉ 
သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခအတွင်း အပြင်းထန်ဆုံး လေကြောင်းထိုးစစ်ကို ဇွန် ၂ ၈ ရက် ညပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၈ ရက်ညပိုင်း လေကြောင်း ထိုးစစ်အတွင်း ရုရှားတပ်မတော် သည် မောင်းသူမဲ့လေယာဉ် ၄၇၇ စင်းနှင့် ဒုံးကျည်အစင်း ၆၀ ထိအသုံးပြု၍ ယူကရိန်းပစ်မှတ်များ ကို တိုက်ခိုက်ခဲ့ကြသည်။

ရုရှားတပ်မတော်၏ ဇွန် ၂၈ ရက် လေကြောင်း တိုက်ခိုက်မှုသည် ယူကရိန်းပဋိပက္ခ ကာလ တစ်လျှောက် အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ် ကြောင်း ယူကရိန်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ရုရှားတပ်များက ဇွန် ၂၈ ရက် တွင် ပစ်လွှတ်ခဲ့သော မောင်းသူမဲ့ လေယာဉ်များအနက် ၂၄၉ စင်းကို ပစ်ချနိုင်ခဲ့ပြီး ဒုံးကျည် ၃၀ ကျော် ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းတပ်မတော် သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 
ရုရှားနှင့် ယူကရိန်းအကြား တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံကျင်းပရန် အသင့်ရှိကြောင်းသမ္မတပူတင်ကပြောကြားခဲ့ပြီးနောက် ရုရှားတပ်မတော်က ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် ယူကရိန်းတို့သည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ နှစ်နိုင်ငံ တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်မှုမရှိခဲ့ကြောင်း သိရသည်။

 Ref : RT

Trs: KKO

YDNB Newspaper