အစ္စရေးက ဂါဇာမြောက်ပိုင်းကို ပြင်းထန်သော ဗုံးကြဲမှုများ ပြုလုပ်
ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်း ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် အစ္စရေး တပ်မတော်က အမိန့်ထုတ်ပြီးနောက် ဇွန်လ ၂၉ ရက်ညပိုင်းတွင် ယင်းဒေသကိုပြင်းထန် သောဗုံးကြဲမှုများ ပြုလုပ်ကြောင်း ပါလက် စတိုင်းတာဝန်ရှိသူများက ဇွန်လ ၃၀ ရက် တွင်ပြောသည်။
လပေါင်း ၂၀ ကြာမြင့်နေပြီဖြစ်သည့် အစ္စရေး-ဟားမတ်ပဋိပက္ခကို အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းပြီးနောက် တစ်ရက်အကြာတွင် အစ္စရေးက ထိုကဲ့သို့ပြင်းထန်သော ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိမ်ဖြူတော်သို့ရောက်ရှိနေပြီး ဂါဇာတွင်အပစ်အခတ် ရပ်စဲရေး၊ အီရန်အရေးနှင့် ဒေသတွင်း သံတမန်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်ပြင်ဆင်နေသည်။
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံများ မရပ်မနားကြားရကြောင်း နှင့်တုန်ခါမှုများသည် ငလျင်လှုပ်နေသကဲ့ သို့ဖြစ်ကြောင်း အသက် ၆၀ ခန့်ရှိသည့် ပါလက်စတိုင်း အမျိုးသားတစ်ဦးကပြောသည်။
MWD Web Portal