Su- 34 ရှေ့တန်းစစ်ဆင်ရေး ဗုံးကြဲတိုက် လေယာဉ် အသစ်များ ရုရှားလေကြောင်းထံ လွှဲပြောင်းပို့ဆောင်ပေး

News Image

  • Su- 34 ရှေ့တန်းစစ်ဆင်ရေး ဗုံးကြဲတိုက် လေယာဉ် အသစ်များ ရုရှားလေကြောင်းထံ လွှဲပြောင်းပို့ဆောင်ပေး

နိုင်ငံတော်နည်းပညာပူးပေါင်းဆောင်ရွက်မှု Rostec ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် United Aircraft Cooperation (UAC)အနေဖြင့် Su-34 ရှေ့တန်းဗုံးကြဲ တိုက်လေယာဉ် အသစ် တစ်သုတ်ကို ရုရှားနိုင်ငံလေကြောင်း အာကာသ တပ်ဖွဲ့ထံ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း၊ “နိုင်ငံတော် ကာကွယ်ရေးစာချုပ်ကို အချိန်မီဖြည့်ဆည်းဆောင်ရွက် ပေးခြင်းသည် UAC ၏ အဓိကတာဝန်တစ်ခုဖြစ်ကြောင်း၊ ၎င်းတို့၏အလုပ်သမားများသည် ယခုကဲ့သို့အရေးကြီး သည့် အလုပ်ကို ဂုဏ်ယူစွာဖြင့် ဆောင်ရွက်နေကြကြောင်း၊ အဆိုပါ Su-34 ဗုံးကြဲလေယာဉ်များသည် ယခုနှစ် အတွက် နောက်ဆုံးအသုတ် မဟုတ်သေးကြောင်း၊ ဗုံးကြဲတိုက် လေယာဉ်အသစ်များကို လိုအပ်သော စစ်ဆေး စမ်းသပ်မှုများပြုလုပ်ပြီးနောက်  စစ်ဆင်ရေး နေရာများသို့  ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း” UAC အမှု ဆောင်အရာရှိချုပ် Vadim Badekha က တနင်္လာနေ့ တွင် ပြောကြားခဲ့သည်။ 

 Su- 34 ရှေ့တန်းဗုံးကြဲတိုက်လေယာဉ်သည် မြေပြင် (ရေပြင်)နှင့် ဝေဟင်ပစ်မှတ်များကို တိုက်ခိုက်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားကြောင်း၊ ဆိုးဝါးသော ရာသီဉတု အခြေအနေများတွင် နေ့ရောညပါ ရန်သူ့ပစ်မှတ်များကို ထိရောက်စွာတိုက်ခိုက်နိုင်ပြီး ဝေဟင်ထောက်လှမ်းရေး ကိုလည်း လုပ်ဆောင်နိုင်ကြောင်း UAC ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုးကား - TASS