ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒုံးကျည်တိုက်ခိုက်မှုများကို တုံ့ပြန်ရန်အတွက် အနောက်နိုင်ငံထုတ် တာဝေးပစ် လက်နက်များ တပ်ဆင်ထားသည့် ယူကရိန်းတပ်စခန်းများကို တစ်ပတ်အတွင်းတိုက်ခိုက်
ရုရှားတပ်မတော်သည် ယူကရိန်းတို့၏ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ဒုံးကျည်တိုက်ခိုက်မှုများကို တုံ့ပြန် ရန်အတွက် အနောက်နိုင်ငံထုတ် တာဝေးပစ် လက်နက် များ တပ်ဆင်ထားသည့် ယူကရိန်းတပ်စခန်းများကို တစ်ပတ်အတွင်းတိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့ များသည် နိုဝင်ဘာလ ၂၅ရက် တနင်္လာနေ့တွင် ယူကရိန်းတို့၏ ATACMS ဒုံးကျည်ပစ်လွှတ်မှုစနစ် ၅ ခုကိုဖျက်ဆီးရန်အတွက် Iskander ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရုရှားတပ်မတော်၏ Iskander ဒုံးကျည်များသည် Sumy ဒေသတွင် ATACMS ဒုံးကျည်ပစ်လွှတ်စက် ၅ လုံး၊ MLRS ၂ လုံး၊ HIMARS ဒုံးကျည်ပစ်လွှတ်စက် ၃ လုံးနှင့်အတူ ထိုဒုံးကျည်ပစ်လွှတ်စက်များ၏ တိုက်ခိုက် ရေးအဖွဲ့များမှ စစ်သည် ၃၀ ဦးအထိ ချေမှုန်းနိုင်ခဲ့ ကြောင်း၊ Iskander ဒုံးကျည် အဖွဲ့များသည် နိုဝင်ဘာလ ၂၅ရက်နှင့် ၂၆ ရက်များတွင်အိုဒက်ဆာဒေသရှိ Grom-2 ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်စက်၂ခု ကိုချေမှုန်းဖျက်ဆီးခဲ့သည့်အပြင် ယူကရိန်းတို့၏ Neptun anti-ship ဒုံးကျည်ပစ်လွှတ်စနစ်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ယူကရိန်းအထူးစစ်ဆင်ရေးစင်တာ၏ တပ်ဆင်ရေး နေရာတွင် ရုရှားတပ်မတော်၏ အစ္စကန်ဒါ ဒုံးကျည် တိုက်ခိုက်မှုကြောင့် ပြင်သစ်လူမျိုး ၉ ဦးအပါအဝင် ယူကရိန်း တပ်ဖွဲ့ဝင် ၇၂ ဦးသေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ယူကရိန်း၏ ကာကွယ်ရေး -စက်မှုဆိုင်ရာ အဆောက်အအုံနှင့် ၎င်း၏ စစ်ဆင်ရေးကို ထောက်ပံ့နေသည့် အခြေခံအဆောက်အအုံများအပေါ် စုပေါင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း၊ ရုရှား တပ်ဖွဲ့များသည် ပြီးခဲ့သည့် ၂ရက်အတွင်း ယူကရိန်း တို့အပေါ် Caliber, Kinzhal နှင့် Zircon အမျိုးအစား ဒုံးကျည်စုစုပေါင်း ၁၀၀ စင်း နှင့်ဂျီရန်-၂ ဒရုန်း ၄၆၆ စီးကိုအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့ များသည် ယူကရိန်း၏ စစ်ရေး-စက်မှုလုပ်ငန်းစုများ၏ အဓိကအဆောက်အအုံ ၁၇ ခုကိုဒုံးကျည် ၉၀ စင်းနှင့်ဂျီရန်-၂ ဒရုန်း ၁၀၀ စင်းတို့ဖြင့်နိုဝင်ဘာလ ၂၇ ရက်နေ့တွင်တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့များ သည်အနောက်တိုင်းလက်နက်များ၏နေရာချထားမှုလမ်းကြောင်းများကိုခြေရာခံပြီး၎င်းတို့ကိုဆက်လက်ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာန၏ နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ကိုးကား - ရုရှားကာကွယ်ရေးဝန်ကြီးဌာန