အစ္စရေးတိုက်ခိုက်မှု တစ်ရက်တည်း လူ ၂၀၀ ထက်မနည်း သေဆုံး
ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စနေနေ့ က လူ ၂၀၀ ထက်မနည်း သေဆုံးသွားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဌာန အရာရှိများ၏ ပြောပြချက်များအရ သိရှိရသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရိက္ခာထောက်ပံ့နေသည့် ကုန်တင်ကားများသည်လည်း ဖောက်ထွင်းခိုးယူမှုများ ကြုံတွေ့နေရသဖြင့် အထောက်အပံ့ပေးနေမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားပါသည်။
အဆိုပါဒေသတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအခြေအနေများ လွန်စွာဆိုးရွားနေပြီး အစ္စရေး စစ်တပ်ကြောင့် လူပေါင်း သောင်းနှင့်ချီ သေဆုံးခဲ့ ရပြီးဖြစ်ကာ ကျန်ရှိနေသည့် ဒေသခံပြည်သူများသည်လည်း အစာရေစာ ငတ်မွတ်မှုဒဏ် ခံစားနေရပါကြောင်း၊ သောကြာနေ့ကလည်း ဂါဇာအလယ်ပိုင်း တစ်နေရာတွင် ကလေး ၂ ယောက်နှင့် အမျိုးသမီး ၁ ဦးတို့ မုန့်ဝယ်ရန် ပြင်ဆင်နေစဉ် ပစ်သတ်ခံလိုက်ရကြောင်း သိရှိရသည်။
ကိုးကား - CNN