ယူကရိန်းပစ်မှတ်များကို မောင်းသူမဲ့လေယာဉ် အစင်း ၄၀၀ ကျော်ဖြင့် ရုရှားတိုက်ခိုက်

News Image

  • ယူကရိန်းပစ်မှတ်များကို မောင်းသူမဲ့လေယာဉ် အစင်း ၄၀၀ ကျော်ဖြင့် ရုရှားတိုက်ခိုက်

ကိယက်ဗ် ဇူလိုင် ၁၆

ရုရှားနိုင်ငံသည် ဇူလိုင် ၁၅ ရက် ညပိုင်းတွင် ယူကရိန်းစွမ်းအင် အခြေခံ အဆောက်အအုံများကို မောင်းသူမဲ့လေယာဉ်များ၊ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ရုရှားတပ်များအနေဖြင့် ဇူလိုင် ၁၅ ရက်ညပိုင်းတွင် ခါကစ်ဗ်မြို့ အပါအဝင် ယူကရိန်းမြို့ကြီး သုံးမြို့ကို ပစ်မှတ်ထား၍ မောင်းသူ မဲ့လေယာဉ် အစင်း ၄၀၀၊ ဘလစ် စတစ်ဒုံးကျည် တစ်စင်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

ရုရှား၏ လေကြောင်းတိုက် ခိုက်မှုကြောင့် စွမ်းအင်ကဏ္ဍ အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့ရပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ယူကရိန်း သမ္မတရုံးက သတင်းထုတ်ပြန် ထားသည်။

ယူကရိန်းပဋိပက္ခကို အဆုံးမသတ်ပါကအရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ထားသည့်တိုင် ရုရှား တပ်များက ယူကရိန်းနိုင်ငံကို ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဇူလိုင် ၁၅ ရက် လေကြောင်း တိုက်ခိုက်မှုအတွင်း မောင်းသူမဲ့လေယာဉ် အများစုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့သော်လည်း မောင်းသူမဲ့လေယာဉ် ၅၇ စင်းနှင့် ဘလစ်စတစ်ဒုံးကျည်တို့မှာ ပစ်မှတ် ၁၂ ခုကို ထိမှန်ခဲ့ ကြောင်း ယူကရိန်းတာဝန်ရှိသူများ က ပြောကြားထားသည်။

ရုရှားနိုင်ငံသည် ယခုနှစ် နွေရာသီမှစ၍ ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြုလုပ်လာခဲ့ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper