ထရန့်လက်ထက် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ဥပဒေ အပြောင်းအလဲရှိမလား

News Image

  • ထရန့်လက်ထက် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ဥပဒေ အပြောင်းအလဲရှိမလား

လက်ရှိအမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ယခင်က အင်တာဗျူးတစ်ခုတွင် “အမေရိကန်နိုင်ငံတွင်မွေးဖွေးသူဖြစ်လျှင် နိုင်ငံသားချက်ချင်း ဖြစ်ခွင့် ရှိသည်ဆိုသည့်ဥပဒေကို ဖျက်သိမ်းရန် စီစဉ်ထားကြောင်း” ပြောကြားခဲ့ပါသည်။ 

အမေရိကန်တွင် ယင်းဥပဒေကို နှစ်ပေါင်း ၁၅၀ ကျော်ကြာ ကျင့်သုံးလာခဲ့သောကြောင့် ဒေါ်နယ်ထရန့်အနေဖြင့် တရားဝင်သမ္မတဖြစ်လာချိန်တွင်  မည်ကဲ့သို့ ဆောင်ရွက်မည်ကို စိတ်ဝင်စားမှုမြှင့်တက်နေပါသည်။ 

လက်ရှိတွင် အမေရိကန်ရှိ ရွှေ့ပြောင်းအလုပ်သမားများမှ မွေးဖွားသည့်သားသမီးများ၊ အလည်အပတ်ခရီးသွားများနှင့် ကျောင်းသားကျောင်းသူများသည် ထိုဥပဒေအရ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခွင့်ရနေကြပါသည်။ 

၎င်းအနေဖြင့် မိသားစုများ တကွဲတပြားဖြစ်မည်ကို မလိုလားသောကြောင့် လက်ရှိတရားဝင်အမေရိကန် နိုင်ငံသားဖြစ်နေသည့်နိုင်ငံသားများကိုပါ ပြန်လည် စိစစ်ပြီး ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည့်အစီအစဉ်ရှိကြောင်း ထရန့်က ထပ်မံပြောကြားခဲ့ပါသည်။ 

ကိုးကား - Aljazeera