ဦးကိုကိုလွင်၊ ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန

ရုရှားနဲ့ဘယ်လာရုစ်နဲ့က ကျွန်တော်နှစ်နိုင်ငံလုံးနဲ့ ရင်းနှီးနေတာကြာပါပြီ။ ဒီနှစ်နိုင်ငံလုံးကိုလည်း ကျွန်တော်အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။နံပါတ်တစ် ရုရှားပေါ့နော်။ ရုရှားအနေနဲ့ကတော့ ဒီခရီးစဉ်က State Visit ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့လည်း လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုလည်း သေချာပြင်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ရုရှားကို စွမ်းအင်ကိစ္စနဲ့ တစ်ခါလာခဲ့ပြီးပါပြီ။ စွမ်းအင်ဝန်ကြီးနဲ့လည်းကျွန်တော်တွေ့ခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်းနိုင်ငံတော်အကြီးအကဲနဲ့ နှစ်ဖက်အကြီးအကဲနှစ်ဦးတွေ့ဆုံခဲ့တဲ့အပေါ်မှာ စွမ်းအင်ကဏ္ဍနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေအပေါ်မှာ ကျွန်တော် သီးခြားစွမ်းအင် ဝန်ကြီးဌာနက ပထမ၊ ဒုတိယဝန်ကြီးနဲ့သက်ဆိုင်ရာကုမ္ပဏီကအဖွဲ့အစည်းတွေနဲ့ကျွန်တော်တွေ့ဆုံပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ရုရှားကဆိုရင် စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးအတွက် အလွန်ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်နေတဲ့ နိုင်ငံတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။
ဒါကြောင့်မို့လည်း ရုရှားက ဒီနေ့ ဒီအချိန်မှာ ဒီလိုရပ်တည်နိုင်တယ်လို့ကျွန်တော်မြင်ပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်အများကြီးအားကျပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တော်တော်များများလည်း ဆွေးနွေးနိုင်ခဲ့ပါတယ်။နောက် ဘယ်လာရုစ်ပေါ့။ ဘယ်လာရုစ်ကတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတယ်။ ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲကလည်းပဲ စိုက်ပျိုးရေးကိုအခြေခံတဲ့ ထုတ်ကုန်တွေ၊ကုန်ထုတ်လုပ်မှုတွေအများကြီးမြှင့်တင်ချင်တယ်။ ဒီအတွက် ကြောင့် ကျွန်တော်တို့က Mechanize Farm ကိုသွားရမှာပေါ့။ ကျွန်တော်တို့သွားဖို့လည်း လုပ်နေကြပါပြီ။ ဒီအပေါ်မှာဘယ်လာရုစ်နဲ့ပူးပေါင်းခြင်းက အင်မတန်မှန်ကန်တယ်၊ ကောင်းမွန်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဘယ်လာရုစ်က သူတို့ဖိုရမ်မှာလည်းပြောသွားပါတယ်။ စိုက်ပျိုးရေးကဏ္ဍကကိုပဲ ပြီးခဲ့တဲ့နှစ်က၅ ဘီလီယံကျော် ဝင်ငွေရခဲ့တဲ့အတွက်အရမ်းအားကျဖို့ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဒီလိုမလုပ်နိုင်စရာမရှိပါဘူး။ ကျွန်တော်တို့ ကြိုးစားလုပ်ရင်ရပါတယ်။
ဘယ်လာရုစ်နှင့်ပတ်သက်ပြီးတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေ၊ စိုက်ပျိုးရေးကို ကျွန်တော်တို့ Mechanize Farm ဖြစ်အောင် လိုအပ်တဲ့စက်ပစ္စည်း ကိရိယာတွေထုတ်လုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ခြုံပြီးပြောရရင်ဘယ်လာရုစ်နဲ့ ရုရှားနှစ်နိုင်ငံလုံးကအင်မတန်စနစ်ကောင်းပါတယ်။ ကျွန်တော် သူတို့နဲ့တွဲပြီးတော့ ဆယ်စုနှစ်တစ်စုကျော်ပါပြီ။ ကျွန်တော်လုပ်ခဲ့တာ။ အင်မတန်စနစ်ကောင်းပါတယ်။ အတုယူဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်ပါမယ်။ ကျွန်တော်တို့ နိုင်ငံသည် ထိုက်သင့်သလောက် စွမ်းအင်အရင်းအမြစ်တွေရှိတယ်။ နံပါတ်တစ် ကျွန်တော်တို့က မရှာဖွေနိုင်သေးဘူး။ ပြီးပြည့်စုံအောင် မရှာဖွေနိုင်သေးဘူး။ဒီအတွက်ကြောင့် ကျွန်တော်တို့က ရုရှားနဲ့ နည်းပညာအကူအညီရယူပြီး ပူးပေါင်းဆောင်ရွက်မယ်။ နံပါတ်နှစ်က ရှာဖွေလို့တွေ့ပြီဆိုရင်လည်း ကျွန်တော်တို့က ထိထိရောက်ရောက် တူးဖော်နိုင်အောင်လုပ်ရမယ်။ ဒီအပိုင်းကိုလည်း ကျွန်တော်တို့က ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ နောက်ပြီးတော့တစ်ခါ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထားအရ အင်မတန်ကောင်း မွန်တဲ့နေရာရှိပါတယ်။
စွမ်းအင်ကုန်သွယ်မှုကို ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရမယ်။ အထူးသဖြင့် Energy Terminal ဟာမျိုးတွေ။ ကျွန်တော်တို့မှာ နိုင်ငံတကာကိုတင်ပို့နိုင်တဲ့၊ ထိုင်းနဲ့ တရုတ်ကိုတင်ပို့နိုင်တဲ့ပိုက်လိုင်းတွေရှိတယ်။ ကျွန်တော်တို့ ရေနက်ဆိပ်ကမ်းတွေရှိတယ်။ Energy Terminal ဆောက်ဖို့နေရာကောင်းတွေရှိတယ်။ ဒီနေရာ Energy Terminal တွေဆောက်မယ်၊ ဒီပိုက်လိုင်းတွေနဲ့ ကျွန်တော်တို့ပို့မယ်၊ ကျွန်တော်တို့ နိုင်ငံရဲ့သဘာဝဓာတ်ငွေ့လုံလောက်အောင်လည်း အဲဒီကရယူမယ်။ ရေနံချက်စက်ရုံတွေဆောက်မယ်။ စက်သုံးဆီကိုသွင်းရတဲ့ဟာ နောက်ဆိုရင် ရှိမှာမဟုတ်တော့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ချက်လုပ်ပြီးတော့သုံးစွဲမယ်။ နောက်ဓာတ်မြေဩဇာတွေချက်လုပ်မယ်။ ဒါကကျွန်တော့်ကဏ္ဍပါ။ဒီအပိုင်းကိုလုပ်ဖို့အတွက် ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မယ်။ ကျွန်တော့်အတွက်လည်းအလွန်ပဲအတွေ့အကြုံရတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက လုပ်ဆောင်နေတာကို ပြည်သူတွေသိမှလည်း၊ ပြည်သူတွေလိုက်ပါဆောင်ရွက်မှလည်း၊ ပြည်သူတွေ အကူအညီရမှလည်းအောင်မြင်မှာဖြစ်ပါတယ်။
ဒေါက်တာမျိုးသိန်းကျော်၊ ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဆိုတာကတော့အဓိကအားဖြင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံ အတွက်ဒါတွေ တစ်ထောင့်တစ်နေရာက တာဝန်ယူနေရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုတာကလည်းသိပ္ပံနှင့်နည်းပညာဆိုင်ရာမှာ တကယ့်ကမ္ဘာ့ထိပ် တန်းနိုင်ငံပေါ့နော်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်တွေကလည်း တကယ့်အဆင့်မြင့်တဲ့တက္ကသိုလ်တွေပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံအတွက်တော့ ဒီသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးရော၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးရော တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေရရှိခဲ့တယ်လို့ပြောလိုပါတယ်။ ပထမတစ်ချက်အနေနဲ့ကတော့ ခုနပြောသလို လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးပေါ့၊ ဘယ်နေရာမဆိုအခြေခံအကျဆုံးက လူသားအရင်းအမြစ်ပဲလေ။ ဒီလူသားအရင်းအမြစ်ကို တကယ့်ကို လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် နားလည်မှုတွေ၊ ဒီအပြန်အလှန်လက်မှတ် ရေးထိုးနိုင်ခဲ့တာတွေရှိပါတယ်။ ဒါတွေဟာကျွန်တော်တို့နိုင်ငံအတွက်အားပါပဲ၊ တစ်ချိန် မှာ ကျွန်တော်တို့နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုဖြစ်စေဖို့အတွက် အခြေခံအုတ်မြစ်တွေလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံဆိုတာက တကယ့်နည်းပညာပိုင်းဆိုင်ရာမှာလည်းထိပ်တန်းနိုင်ငံပါ။ အဏုမြူစွမ်းအင်ဆိုရင်လည်း တကယ့်ထိပ်တန်း နိုင်ငံပါပဲ။ အဏုမြူစွမ်းအင်ဆိုတာကလည်းတကယ်တော့ ငြိမ်းချမ်းတဲ့နယ်ပယ်မှာ၊နေရာကဏ္ဍအစုံအလင်မှာ အသုံးချလို့ရပါတယ်။ ဒါတွေဟာကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေဖြစ်လာမှာပါ။ ဒါ့အပြင်အာကာသမှာလည်း ရုရှားနိုင်ငံဆိုတာ တကယ့်ထိပ်တန်းရောက်နေတဲ့နိုင်ငံပါ။ ပထမဆုံးဂြိုဟ်တု လွှတ်တင်နိုင်ခဲ့တယ်။ ပထမဆုံးလူသားအာကာသထဲကို ပေးပို့နိုင်ခဲ့တယ်။ ဒီလိုနိုင်ငံဆီကနေ ကျွန်တော်တို့ အတွေ့အကြုံတွေမျှဝေခွင့်ရတယ်။ ပညာလေ့လာခွင့်ရတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါပဲလို့ ကျွန်တော့်အနေနဲ့ပြောလို ပါတယ်ခင်ဗျာ။ ကျွန်တော့်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဒါအုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက်ကို ယုံကြည်ပါတယ်လို့ပြောလိုပါတယ်ခင်ဗျ။
ဦးအေးဝင်း၊ ဥက္ကဋ္ဌ (UMFCCI) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာပေါ့နော်၊ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့တုန်းက ကျွန်တော်တို့က ရုရှား-မြန်မာBusiness Forum တစ်ခုကို ကျွန်တော်တို့ကျင်းပခဲ့ပါတယ်။ အဲဒီ Forum မှာ ကျွန်တော်တို့ ဒီစီးပွားရေးအဖွဲ့အစည်းတွေကိုကိုယ်စားပြုတဲ့လူတွေရော၊ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေရော စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာတော့ အဓိကကတော့ ကျွန်တော်တို့ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကြားထဲမှာပေါ့နော်။ ကုန်သွယ်မှုပိုင်းဆိုင်ရာ၊ နောက်ပြီးတော့ ကျွန်တော်တို့ ရင်းနှီးမှုပိုင်းဆိုင်ရာတွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မယ်၊ ဘယ်လို တိုးမြှင့်ပြီးတော့ ဆောင်ရွက်နိုင်မယ် ဆိုတာကို ကျွန်တော်တို့ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ ဘယ်လာရုစ်သမ္မတနိုင်ငံမင့်စ်မြို့မှာလည်းကျွန်တော်တို့ပြီးခဲ့တဲ့မတ်လ ၆ ရက်နေ့ကပေါ့နော်။ အဲဒီမှာလည်း ကျွန်တော်တို့က မြန်မာ-ဘယ်လာရုစ်Business Forum ကို ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာလည်း ကျွန်တော်တို့ ဘယ်လာရုစ် နိုင်ငံဘက်ကနေပြီးတော့ စီးပွားရေးအဖွဲ့ အစည်းတွေကို ကိုယ်စားပြုတဲ့သူတွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရော ကျွန်တော် တို့ စုစုပေါင်း ၁၅၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။
အဲ့ဒီပွဲမှာလည်း အလားတူပါပဲ၊ ဘယ်လာရုစ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုပူးပေါင်းဆောင်ရွက် လို့ရနိုင်မလဲ၊ နောက်ကုန်သွယ်မှုတွေကို ဘယ်ဟာတွေက ကုန်သွယ်မှုပြုလုပ်နိုင်မလဲ၊ ဘယ်အပိုင်းတွေကိုတော့ ကျွန်တော် တို့က ရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်နိုင်မလဲ ဆိုတဲ့အပိုင်းကို ကျွန်တော်တို့အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။ အလားတူပဲ ဘယ်လာရုစ်ဘက်နဲ့ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ကြား မှာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေကိုလုပ်နိုင်ဖို့အတွက် ကုန်သွယ်မှုနဲ့ ကျွန်တော်တို့တချို့ဒီရင်းနှီးမြှုပ်နှံမှုတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကို MoU တွေလည်းရေးထိုးနိုင်ခဲ့တာရှိပါတယ်။ အဓိကကတော့ ရုရှားနဲ့ရော ဘယ်လာရုစ်နဲ့ပါ အဓိက ဆွေးနွေးတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံမှာ အဓိကပင်မစီးပွားရေးကဏ္ဍက (၄ )ရပ်ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊နောက်ကျွန်တော်တို့ဒီဓာတ်သတ္တုနှင့် သဘာဝသယံဇာတကဏ္ဍရှိမယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီဝန်ဆောင်မှုကဏ္ဍပေါ့နော်။ ဒီ (၄)ရပ်ရှိတယ်ပေါ့နော်။ အဲဒီတော့ (၄ )ရပ်အနက်မှာ အဓိကကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းနဲ့ နောက်ကုန်ထုတ်လုပ်ငန်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ကနေပြီးတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေ၊ နောက် မြန်မာနိုင်ငံမှာ ဒီကဏ္ဍတွေမှာရှိတဲ့ အခွင့်အလမ်းတွေကို ကျွန်တော်တို့က ရှင်းလင်းဆွေးနွေးပြခဲ့တာရှိပါတယ်။ ဒီကဏ္ဍတွေမှာ ကျွန်တော်တို့က စိတ်ဝင်စားမှုတွေအများအပြားရှိပါတယ်။ ပထမအဆင့်မှာတော့ ကုန်သွယ်မှု၊ အပြန်အလှန်ကုန်သွယ်မှုကို ကျွန်တော်တို့က စတင်မှာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ ကျွန်တော်တို့က အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အဲဒီလိုမျိုးအလားအလာ တွေကိုတွေ့ရှိရပါတယ်။
ဦးအောင်အောင်ဇော်၊ ဥက္ကဋ္ဌ MAI လေကြောင်းလိုင်း
ခရီးသွားတွေများများရောက်ရှိရေးအတွက် ပရိုမိုးရှင်းသွားလုပ်တဲ့ပွဲပေါ့။ ခရီးသွားဆိုတာက ဥရောပသားတွေက ဒီအချိန်မှာလာဖို့ သိပ်စိတ်မဝင်စားဘူးလေ။ တကယ် လာချင်တာက ရုရှားတို့၊ အိန္ဒိယတို့၊ တရုတ် တို့ကပဲ မြန်မာပြည်ကိုလာချင်တာပေါ့။ နောက်တစ်ခုက ထားဝယ်ရေနက်ဆိပ်ကမ်းကိုရုရှားနဲ့လုပ်မယ်ဆိုတဲ့အခါကျ တော့ ဒါနဲ့ပတ်သက်ပြီးတော့ BusinessTraveller တွေလည်းလာဖို့ရှိတဲ့အတွက်ကြောင့် လေကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့က သွားရောက်ရှင်းလင်းတင်ပြရတာပေါ့နော်။ ခရီးသွားအရေအတွက် အာမခံချက်ရမယ်ဆိုရင် လေကြောင်းတွေ ဘယ်လိုတိုးမြှင့်ပြီး ပြေးဆွဲမယ်။ ဒီလိုပြေးဆွဲတဲ့နေရာမှာ လက်ရှိလည်း နိုဗိုစီဗစ် ကို ပျံနေတာပေါ့နော်။ ခရီးသွားလာရေးဆိုတာက မီးခိုးတိတ်စီးပွားရေးရှာတဲ့ဟာပေါ့နော်။ စက်ရုံ၊ အလုပ်ရုံတွေလိုမဟုတ်ဘူး။ အသံတိတ်လေး ပိုက်ဆံဝင်တယ်။
ဟိုတယ်တွေ၊ စကားပြန်တွေ၊ ကျွန်တော်တို့ဘက်ကလည်း ဝန်ဆောင်မှုအပြည့် လုပ်ပေးနိုင်တယ်ဆိုရင် ရုရှားတွေကလည်း ဒီကိုလာဖို့စိတ်ဝင်စားတယ်။ အထူးသဖြင့် သူတို့က ကမ်းခြေကိုအလွန်ကြိုက်တယ်။ ထိုင်းကိုလည်း အရမ်းသွားကြတယ်။ ဖူးခက်တို့၊ ဗီယက်နမ်ကမ်းခြေတို့ကို သွားတဲ့အချိန်မှာ တိုက်ရိုက်သွားမယ့်အစား အာဆီယံဒေသရဲ့Gateway တစ်ခုအဖြစ် မြန်မာပြည်ကိုအရင်လာလည်၊ မြန်မာ ပြည်ကလည်ပတ်စရာတွေကို နှစ်ရက်သုံးရက်လည်ပြီး ကျန်တဲ့ဒေသတွေကိုသွားပါ။ မြန်မာပြည်ကနေတစ်ဆင့် ပြန်မယ်ဆိုရင် Air Flight တွေနဲ့ အဆင်ပြေအောင်စီစဉ်ပေးပါမယ်ဆိုပြီးကျွန်တော်တို့က သွားပြီး ပရိုမိုးရှင်းလုပ်တာ။ထိုင်းကို ခရီးသွားတွေ သန်း ၃၀ လောက်တစ်နှစ်တစ်နှစ်သွားနေတဲ့နေရာမှာ ကျွန်တော်တို့နိုင်ငံကို ၅ ရာခိုင်နှုန်းလောက်ပဲလာ။ တစ်သန်းခွဲလောက်ပဲလာ၊ နှစ်သန်းလောက်ပဲလာဦး။ လူတစ်ယောက်က ၁၅၀၀၊ ၂၀၀၀ ဒေါ်လာလောက်တော့သုံးရမယ်။
လေယာဉ်လက်မှတ်ခ၊ဟိုတယ်ခနဲ့ဆိုရင်ကို ကျွန်တော်တို့ရဲ့တိုင်းပြည်မှာ 3 to 5 ဘီလီယံလောက် US ဒေါ်လာဝင်ငွေစီးဆင်းသွားမယ်ပေါ့နော်။ အဲဒါနဲ့ဆက်စပ်ပြီး လုပ်ငန်းတွေရကြမယ်။ ဟိုတယ်မှာနေတဲ့လူတွေ လည်ပတ်သွားကြမယ်ဆိုရင် သူ့ရဲ့ဝင်ငွေကိုက 10 ဘီလီယံလောက်အထိ တက်သွားနိုင် တယ်ပေါ့နော်။ ဒါဆိုရင် တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း အများကြီးအထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီအတွက်ကြောင့်ကျွန်တော်တို့က ဒီခရီးသွားလုပ်ငန်းမှာ လူဦးရေများများရအောင် သွားပြီးပရိုမိုးရှင်းလုပ်တဲ့ပွဲပါခင်ဗျာ့။ ကျွန်တော်တို့ အခုပြောရတဲ့အထဲမှာ တော်တော်များများကတော့ အရမ်းစိတ်ဝင်စားကြတာပေါ့နော်။ အရင်တုန်းက မြန်မာပြည် ဘာလဲဆိုတာ သူတို့သိပ်မသိတဲ့လူတွေလည်းရှိကြတာပေါ့။ ရောက်ဖူးတဲ့လူတွေပဲ သိကြတာပေါ့။ အဲဒီတော့မြန်မာပြည်မှာ ဘယ်နေရာတွေက လည်လို့ကောင်းတယ်။ ငြိမ်းချမ်းမှုအခြေအနေလည်းဘယ်လိုအနေအထားတွေရှိတယ်။ဘယ်နေရာတွေက သွားလို့ရတယ်။ မကြာခင်မှာတော့ အားလုံးအဆင်ပြေပြေနဲ့သွားလို့ရပါမယ်ပေါ့နော်။ အဲဒီလိုမျိုးလေးပြောခဲ့တော့ နှစ်နိုင်ငံလုံးကတော့ စိတ်အားထက်သန်စွာနဲ့ဒီကိုလာချင်ကြတယ်ပေါ့နော်။ တိုက်ရိုက်ပျံသန်း ခွင့်ရရှိရေးတို့၊ ခရီးသည်တွေသွားလာဖို့ လွယ်ကူဖို့အတွက်တော့ သူတို့တောင်းဆိုတာ ဘာသာပြန်လေးတွေလုံလောက်ဖို့ရယ်၊ ဟိုတယ်အခန်းအရေအတွက် လုံလောက်မယ်ဆိုရင် သူတို့ရဲ့Tour Package လာလေ့လာပြီးရင် စီစဉ်ပါမယ်ပေါ့။
၂၀၂၅ ခုနှစ်ရာသီမှာလည်း မီသလောက်လာမယ်။ ၂၀၂၆- ၂၀၂၇ ကိုတော့ ခရီးသည်တွေအများကြီးလာဖို့ သူတို့ဘက်က ခရီးသွား ကုမ္ပဏီတွေဘက်ကလည်း အများကြီးစိတ်ဝင်စားတယ်။ နောက်တစ်ခုက အစိုးရ Government Traveller တွေရှိတယ်။အစိုးရအရာရှိ၊ မိသားစုဝင်တွေကို သူတို့အစိုးရတွေကပဲ စီစဉ်ပေးတယ်။ အဲဒီလို ခရီးသွားတွေကိုတခြားနိုင်ငံလွှတ်မယ့်အစား ကျွန်တော်တို့နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာပြည်ကို လွှတ်လိုက်မယ်ဆိုရင်လည်း ဒီလူဦးရေက ပြည့်မီသွားနိုင်တာပေါ့နော်။ အဲဒါမျိုးလေး ရရှိဖို့အတွက် သူတို့ဘက်ကMinistry of Tourism တို့ Tourism Board တို့ခရီးသွားအေဂျင်စီတို့နဲ့လည်း ကျွန်တော်တို့ ပြောဆိုညှိနှိုင်းနေတာလည်း ရှိပါတယ်။အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာကလည်းခုကစပြီး ရှေ့လျှောက်ပွင့်လင်းလာမယ်လို့မျှော်လင့်ပါတယ်။ စီးပွားတွေလည်း အများကြီးတိုးတက်အောင်မြင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဘာပဲပြောပြော Positive Thinking ကောင်းတာကိုလုပ်တာဖြစ်တဲ့အတွက်ကောင်းတာတွေဖြစ်လာမှာပါလို့ ယုံကြည်ပါတယ်ခင်ဗျာ။ မြန်မာပြည်ကြီး ဖွံ့ဖြိုးစည်ပင်တိုးတက်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ။
Source: https://myawady.net.mm/

နေပြည်တော် မတ် ၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မတ် ၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရဲသာယာယီယာဉ်စစ်ကွင်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုးနှင့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Van နှစ်စီး၊ JMC Van တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇,၅၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၃ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပူတာအိုမြို့နယ် နမ်ဒင်ကျေးရွာ မလိခမြစ်တစ်ဖက်ကမ်း၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဝါးဖောင်ကိုးခု၊ အင်ဂျင်ကိုးလုံးနှင့် ဆက်စပ်ပစ္စည်းသုံးမျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ဦးအောင်ဇေယျ (၅) လမ်းရှိ ကမ်းနားဆိပ်တွင် စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းလေးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၃၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၅၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၈၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်သုံးစီးနှင့် မန္တလေးမြို့မှ ဖားကန့်မြို့သို့သွားရောက်မည့် မော်တော်ယာဉ် တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၃၃ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၂၄၆,၄၉၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Gallop Truck တစ်စီး၊ Nissan Condor Truck တစ်စီး၊ Mitsubishi Canter Truck တစ်စီး၊ Nissan Diesel Tractor Head တစ်စီးနှင့်နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jin Bei Haise Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ပလိပ်မြို့လမ်းခွဲအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်း၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂,၃၉၃,၇၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၅,၂၄၀,၂၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်းအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၅၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Nissan Condor Truck နှစ်စီး၊ Hingo Ranger Truck တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မော်လမြိုင်မြို့ မြေနီကုန်းကားကြီးဝင်းရှိ ရိုးရိုးလေးကားဂိတ်အနီး၌စုပုံထားသော အကောက်ခွန်မဲ့စားသောက် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၂၅၀,၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက် မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့ ကျိုက်မရောလမ်းမကြီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၅၀,၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆,၂၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း၊ Resources Group Logistics ၌ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်းတင်ပြလာသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုးစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၉၅,၇၁၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
မတ် ၁ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၄၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၁,၈၃၅,၉၅၀) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက် ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
Source: www.moi.gov.mm

ရန်ကုန်မြို့တွင် လေထုညစ်ညမ်းနေသောကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် Mask ကို ဝတ်ဆင်သွားလာရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင် က NP News ကို ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) တွင် ရန်ကုန်မြို့သည် ကမ္ဘ့ာလေထုညစ်ညမ်းမှုအများဆုံးမြို့ အဆင့် (၂) နေရာသို ရောက်ရှိသွားပြီဖြစ်ကာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအဆင့်ဖြစ်ကြောင်း Environment , Health and Safety Myanmar – EHS Myanmar ၏ အချက်အလက်များအရ သိရသည်။

ရန်ကုန်မြို့လေထုအရည်အသွေး၏ AQI ညွှန်းကိန်းမှာ (၂၂၆) ဖြစ်ကာ PM2.5 150.6 µg/m³ ဖြင့် (၂၀၂၅) ခုနှစ်တွင် အဆိုးဆုံးသောနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှိုက်များ မီးရှို့ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ရိတ်သိမ်းခြင်းများ၊ မီးစက်အသုံးများခြင်းနှင့် မော်တော်ယာဉ် အသုံးပြုများပြားခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။
“လေထုညစ်ညမ်းမှုကတော့ အဓိက က မီးရှို့တာတွေ၊ လောင်စာဆီ လောင်ကျွမ်းလို့ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဒါတွေကနေပြီးတော့ လေထုထဲကိုရောက်တာပေါ့နော်။ ဘာကြောင့် မနက်စောစော လေထဲမှာ များသလဲ။ နေ့လယ်ဘက်ကျတော့ ပျောက်သွားသလဲဆိုတော့ မနက်စောစောဆိုရင် သူကလေထုရဲ့ အပူချိန်ကအေးနေတဲ့အတွက် လေထုသည်အပေါ်ကို လေစီးကြောင်းတိုက်တာမရှိဘူး။ လေထဲမှာတွဲလဲခိုနေတဲ့အမှုန်တွေ ပိုပြီးတော့များတယ်။ ဒါကြောင့်မို့ AQI Index ကလည်း ပိုပြီးတော့ များတာဖြစ်တယ်။ အဲဒီတော့ နေ့လည် (၁၂)နာရီ၊ (၁)နာရီလောက်အထိကို AQI Index က များနေပါတယ်” ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က NP News ကို ပြောသည်။
ထိုသို့ လေထုညစ်ညမ်းမှုကြောင့် ချောင်းဆိုးခြင်း ၊ နှာရည်ယိုခြင်းနှင့် အသက်ရှူကြပ်ခြင်းအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။
“လေထုညစ်ညမ်းမှုက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အသံတိတ်လူသတ်သမားဖြစ်နေတယ်ဆိုတာ ဘယ်သူမှသတိမထားမိဘူး။ အမှုန်လေးတွေက အဆုတ်ထဲကို ရောက်သွားပြီးတော့ အသက်ရှူလမ်းကြောင်းနဲ့ မျက်စိ ၊ နား၊ နှားခေါင်း၊ လည်ချောင်း ဒါတွေမှာ ယားတာတွေ ဖြစ်လာနိုင်တယ်။ ချောင်းဆိုးတာ ၊ နှာချေတာ၊ နှာရည်ယိုတာနဲ့ အသက်ရှူကြပ်လာတာဆိုတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ တော်တော်ကိုသေးတဲ့ အမှုန်အမွှားလေးတွေ ဖြစ်တာကြောင့် အသက်ရှူတဲ့အချိန်မှာ ပါးစပ် နှားခေါင်းတွေကနေ အလွယ်တကူ ဝင်သွားနိုင်တယ်။ ကိုဗစ်ဗိုင်းရပ်ကိုတောင် ကာကွယ်ဖို့အတွက် Mask တပ်ခဲ့ရတယ်။ အခုလည်း အသက်ရှူ လမ်းကြောင်းနဲ့ပတ်သက်တဲ့အတွက် Mask တတ်ကြပါ။ အသက်ရှူလမ်းကြောင်းအတွက် အန္တရာယ်ဖြစ်တဲ့အချိန် သည် ဆောင်းအကုန် နွေအကူး ဖေဖော်ဝါရီလ၊ မတ်လပြီးရင်တော့ သူလျော့သွားမှာပေါ့နော်။ (၂)လ (၃)လ လောက်ကို Mask တတ်ကြပါ” ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။
ယခုကာလအတွင်း ကလေးသူငယ်များ၊ အသက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများအနေဖြင့် ပြင်ပသို့ လုံးဝ မထွက်သင့်ကြောင်း၊ အပြင်ထွက်မည်ဆိုပါက PM2.5 ကိုကာကွယ်ပေးနိုင်မည့် Mask များကိုမဖြစ်မနေဝတ်ဆင်ရန် လိုအပ်ကြောင်း EHS Myanmar က ဆိုထားသည်။
Source: NP News

ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေခြင်း၊ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပခရီးသွားရောက်မှုများ ပိုမိုများပြားလျက်ရှိကြပြီး၊ ခရီးသွားအုပ်စုများအတွင်း ခါးပိုက်နှိုက်ခံရခြင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းများ ကြုံရလေ့ရှိပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ (ခရီးသွားများ/ သင်တန်းသားများ/ တာဝန်ဖြင့်သွားရောက်သူများ)အနေဖြင့် မြန်မာသံရုံးသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန်အတွက် အောက်ပါအချက်အလက်များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါသည် –
(က) မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူကူးထား၍ သီးသန့်သိမ်းထားရန် လိုအပ်ပါသည်။ ဖြစ်နိုင်က မိမိ၏ မြန်မာ နိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ်မိတ္တူ (Soft Copy) အနေဖြင့် မိမိ၏ email (သို့မဟုတ်) အခြားလုံခြုံစိတ်ချရသည့် အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်မည့် ဝက်ဘ်ဆိုက် (ဥပမာ – Google Drive)တွင် ထိန်းသိမ်းထားပါက ပိုမိုအဆင်ပြေစေမည် ဖြစ်ပါသည်။ ပျောက်ဆုံးကြောင်း လာရောက်တိုင်ကြားလျှင် မြန်မာနိုင်ငံကူးလက်မှတ်အမှတ် ထုတ်ပေးသည့်နေ့စွဲများလည်း လိုအပ်ပါသည်။
(ခ) ခါးပိုက်နှိုက်ခံရကြောင်း (သို့မဟုတ်) ပျောက်ဆုံးကြောင်းကို ပျောက်ဆုံးသည့်နေရာရှိ ရဲစခန်းသို့ တိုင်ကြားထားသည့် စာလိုအပ်ပါသည်။
(ဂ) လိုင်စင်ဓါတ်ပုံ(၃)ပုံ လိုအပ်ပါသည်။
ထို့အပြင် ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးသွားမည့်နိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာ၊ ဖုန်းအမှတ်များ ပေးထားသင့် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ အထောက်အထားများနှင့် စပ်လျဉ်း၍ မသဲကွဲခြင်း၊ စိစစ်မှု မရနိုင်ခြင်းများ ရှိလာပါက မြန်မာသံရုံးများသို့ ဆက်သွယ်သင့်ကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာများ၊ ဆက်သွယ်ရန်ဖုန်းအမှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာသံရုံးအခြေစိုက်ရာနိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် အခက်အခဲ ကြုံတွေ့ရသူ မိမိနိုင်ငံသားများဖြစ်သည့် မြန်မာခရီး သွားများအတွက် ရုံးပိတ်ရက်များတွင်ပင် (C of I) ထုတ်ပေးခြင်းနှင့် လိုအပ်ပါက နေထိုင်စားသောက်ရေးတို့ကိုပါ ကူညီထောက်ပံ့ပေး လျက်ရှိပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေ ပြည် တော်

ပြည်သူများ ဆက်သွယ်သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေးနှင့် ရထားပို့ဆောင်ရေး ဟူသည့် နည်းလမ်းလေးမျိုးဖြင့် အစဉ်အဆက် ဆောင်ရွက်ခဲ့ရာတွင် ရထားပို့ဆောင်ရေးနည်းလမ်းသည် သယ်ယူပို့ဆောင်စရိတ်အနည်းဆုံးဖြင့် ခရီးသည်နှင့် ကုန်စည်များစွာကို အချိန်တိုအတွင်း သယ်ယူ ပို့ဆောင်ပေးနိုင်သည်။ နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှည်ကြာပြီဖြစ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည်။

မြန်မာ့မီးရထားသည် သက်တမ်းရှည်ကြာခဲ့သည့် ခေတ်သမိုင်းတစ်လျှောက် ကျယ်ပြန့်စွာ တိုးတက် ဖြစ်ထွန်းလာခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်း ရထားလမ်းကွန်ရက်များကို ချိတ်ဆက်တည်ဆောက်နိုင်ခဲ့ သည်။ ရထားပို့ဆောင်ရေးလုပ်ငန်းသည် နယ်မြေပမာဏကျယ်ဝန်းသည့်အလျောက် ခေတ်သမိုင်းတစ်လျှောက်၌ နှောင့်ယှက်ဖျက်ဆီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အဓိကနှောင့်ယှက်ဖျက်ဆီးမှုမှာ သောင်းကျန်းသူအဖျက်အန္တရာယ်ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော သောင်းကျန်းသူများ၏ အဓိကလုပ်ငန်းမှာ အဖျက်လုပ်ငန်းဖြစ်၍ အဓိကပစ်မှတ်မှာ မီးရထားလုပ်ငန်းဖြစ်သည်ကို ယနေ့ထက်တိုင်တွေ့မြင်နိုင်သည်။ ရထားလမ်းများ၊ တံတားများကို မိုင်းထောင်ခြင်း၊ ဘူတာရုံများ၊ မီးရထားများစသည့်အမျိုးမျိုးကို ဖျက်ဆီးခဲ့ကြရာ မီးရထားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအတွက် များစွာအဟန့်အတား ဖြစ်စေခဲ့သည်။
မျက်မှောက်ကာလတွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍမှ ခေတ်မီအဆင့်မြင့်မော်တော်ယာဉ်များဖြင့် လုပ်ကိုင်လာကြရာ ပိုမိုလုံခြုံစိတ်ချပြီး ခရီးတွင်သော မော်တော်ယာဉ်ပို့ဆောင်ရေးလုပ်ငန်းများ တွင်ကျယ်ခေတ်စားလာသဖြင့် ရထားပို့ဆောင်ရေးဘက်တွင် အားနည်းသွားခဲ့သည်။ ယခုအခါ မြန်မာ့မီးရထားသည် ပြည်သူလူထုဆက်သွယ်သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ အသစ်တည်ဆောက်ခြင်း၊ မီးရထားစက်ခေါင်းသစ်များ၊ အဆင့်မြင့်ရထားတွဲဆိုင်းသစ်များ ဝယ်ယူဖြည့်တင်းခြင်းတို့ကို စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိရာ ရထားပို့ဆောင်ရေးကဏ္ဍတွင် အသွင်သစ်ဖြင့် ပြန်လည်တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။
အဓိကကျသော ရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးရထားလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား-မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်းစသည့်လမ်းပိုင်းများတွင် လူစီးရထားများကို ပြန်လည်စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။ ထို့အပြင် မြန်မာ့မီးရထား၏ စာတိုက်တွဲအချို့ကို ပြန်လည်မွမ်းမံတည်ဆောက်ကာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်အမြန်ရထားနှင့် ရန်ကုန်-ပြည်စာပို့ရထားများကိုချိတ်ဆက်လျက် ချောစာ၊ ချောထုပ်များကို ပို့ဆောင်ပေးခြင်းဖြင့် ဝန်ဆောင် မှုပေးလျက်ရှိသည်။
မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ် ရေကြီးရေလျှံဖြစ်မှုကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းရှိ အချို့နေရာများတွင် ရထားလမ်းတာ ပေါင်များ၊ တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့ခြင်း၊ မြေပြိုကျ၍ ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းအလိုက် ပျက်စီးမှုများကို ဦးစားပေး၍ ပြုပြင်နိုင်ခဲ့သောကြောင့် အောက်တိုဘာ လ ၃ ရက်နေ့မှစ၍ ရန်ကုန်- မန္တလေးရထားလမ်းတစ်လျှောက် ပြန်လည်ဖွင့်လှစ်၍ လူစီးရထားများ၊ ကုန်ရထားများကို ပုံမှန်ခရီးစဉ်အဖြစ် ပြန်လည်ပြေးဆွဲပေး နေပြီဖြစ်သည်။
ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ဆန်းသစ်နိုင်ရေးရည်ရွယ်၍ အထူးအစီအစဉ်အနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် စပိန်နိုင်ငံမှ ရောက်ရှိလာ သည့် ခေတ်မီလေအေးပေးစနစ်ပါဝင်သည့် ဒီဇယ်လျှပ်စစ်ရထား (DEMU) များဖြင့် ရန်ကုန်-ပဲခူး၊ ပဲခူး-ရန်ကုန်ပြေးဆွဲလျက်ရှိသည်။ အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင်မောင်းနှင် နိုင်ရေး၊ ကုန်ရထားတွဲများအား တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်ရေး၊ လျှပ်စစ်ရထား (EDU) ပြေးဆွဲနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးတို့ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည်။
သို့ဖြစ်ရာ ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ပြည်၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ် တစ်ခုဖြစ်ပြီး အကျိုးများသောလုပ်ငန်းဖြစ်၍ ရထားလမ်းများ ကောင်းမွန်ပြီး အချိန်မှန်ပြေးဆွဲနိုင်ရေး၊ မြန်နှုန်းမြင့်ပြေးဆွဲနိုင်ရေး၊ သက်သောင့်သက်သာ လွယ်ကူစွာစီးနင်းနိုင်ရေးတို့ကို အကောင်အထည် ဖော်ပေးလျက်ရှိရာ အသစ်ဖြည့်ဆည်းပေးထားသော ရထားများ၊ ဘူတာများ၊ လမ်းနယ်များ၊ ရထားမြေများတွင် သွားလာနေထိုင်မှုများအားလုံး စည်းကမ်းစနစ်ကောင်းမွန်အောင် ပါဝင်ဆောင်ရွက်ကြ ခြင်းဖြင့် ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်လာမည်ဖြစ်ပါကြောင်း။ ။
Source- www.moi.gov.mm