ဩဂုတ် ၁၁ ရက်မှ ၁၆ ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည့်အကြောင်း မိုး/ဇလက ခန့်မှန်းထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များမှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ရာ ဒေသများအလိုက် ကြိုတင်သတိပြုရှောင်ရှားနိုင်ကြရန်လည်း သတိပေးနှိုးဆော်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးရက်သတ္တပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် တာချီလိတ်၊ ကလော၊ ပင်းတယ၊ တောင်ငူ စသည့်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး လူသေဆုံးမှုများရှိသည်ဟုလည်း သတင်းများအရသိရသည်။ ကမ္ဘာတစ်ဝန်း ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ် သတင်းများစွာတို့ကိုလည်း နိုင်ငံတကာသတင်း စာမျက်နှာများတွင် နေ့စဉ်ဆိုသလို တွေ့မြင်နေရသည်။ သို့ဖြစ်ရာ လူတိုင်း မိမိနေထိုင်ရာ နေရာဒေသများ၏ သဘာဝပထဝီအနေ အထားကိုလိုက်၍ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို မိုးလေဝသအခြေအနေပေါ်မူတည်၍ ကြိုတင်ရှောင်ရှား တတ်ကြစေရန်လည်းလိုအပ်လာသည်။ အထူးသဖြင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုများက ရေကြီးရေလျှံခြင်းဖြစ်စဉ်များကို တစ်နှစ်ထက်တစ်နှစ် အကြိမ်ရေပိုမိုများပြားလာခြင်း၊ ပို၍ပြင်းထန်လာခြင်းတို့ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များက ပြောကြားထားသည်။
ရေကြီးရေလျှံခြင်းတွင် မိုးများ၍ မြစ်ချောင်းများ ရေကြီးရေလျှံခြင်း (Surface Water Floods)၊ ရုတ်တရက်တောင်ကျချောင်းရေကျဆင်းခြင်းကြောင့် ရေကြီးရေလျှံခြင်း(Flash Floods)၊ ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ဒီရေမြင့်တက်ခြင်း၊ မုန်တိုင်းဒီရေတက်ခြင်း (Coastal Flood/ Storm Surge) ဟူ၍ ဖြစ်စဉ်များကွဲပြားခြားနားသည်။ မြစ်ဖျားပိုင်းဒေသများ၊ မြစ်ညာမြစ်ဝှမ်းဒေသများတွင် မိုးအဆမတန်ရွာသွန်းခြင်း၊ ရက်များစွာ ဆက်တိုက်ရွာသွန်းခြင်းတို့က မြစ်ရေမျက်နှာပြင်ကို မြင့်တက်လာစေပြီး မြစ်ကမ်းပါးများကို ကျော်လွန်ကာ မြစ်ကမ်းအနီးဒေသများနှင့်အနိမ့်ပိုင်းဒေသများကို ရေလွှမ်းမိုးမှုဖြစ်ပေါ်စေသည်။ မြစ်ကမ်းပါးတစ်လျှောက် တာတမံများဆောက်လုပ်ခြင်း၊ အနိမ့်ပိုင်းများတွင်မြေဖို့၍ ပြုပြင်ခြင်း၊ ရေပြန်လည်ကျဆင်းချိန်တွင် ရေများတင်မကျန်စေရေးအတွက် ရေစီးရေလာများ ဆောင်ရွက်ထားခြင်း၊ ရာသီဥတုအခြေအနေနှင့် မိုးလေဝသသတင်းများကို မပြတ်စောင့်ကြည့်၍ သတိပေးချက်များ ပေါ်ထွက်လာပါက ကြိုတင်ရှောင်ရှားခြင်းနည်းလမ်းများဖြင့် အန္တရာယ်မှ ရှောင်ရှားကြရမည်ဖြစ်သည်။
ရုတ်တရက်ရေကြီးခြင်း (Flash Floods) မှာ တောင်တန်း၊ မြေမြင့်ဒေသများနှင့် ဆက်စပ်နေသည့် မြစ်ဖျား၊ ချောင်းဖျားတွင် မိုးကြီးရာမှ တောင်ကျရေများ အရှိန်အဟုန်ဖြင့် အချိန်တိုအတွင်း စီးဆင်းလာပြီး ရေစီးကြောင်းတစ်လျှောက် တိုက်စားဖျက်ဆီးသွားခြင်းဖြစ်သည်။ တစ်ခါတစ်ရံနှစ်ပေါင်းများစွာကြာအောင် ရေစီးဆင်းခြင်းမရှိခဲ့သည့် ချောင်းကော၊ ချောင်းဟောင်းများတွင် တောင်ကျရေကြောင့် ရေကြီးသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရသည်။ အချိန်တိုအတွင်း ရုတ်တရက်ရေကြီးခြင်းမှာ ရှောင်ရှားရန်ပင် အချိန်မမီနိုင်သည့် အခြေအနေများစွာဖြစ်ပေါ်စေသည်။
မိုးအများအပြားရွာသွန်းသည့်ကာလတွင် တောင်ကုန်း၊ တောင်တန်း၊ ကုန်းမြေမြင့်၊ တောင်စောင်းနှင့် ဆင်ခြေလျှောဒေသများတွင် တောင်ပြိုမြေပြိုသည့်အန္တရာယ်ကို သတိပြုရန်လိုသည်။ တောင်စောင်းများ၊ ဆင်ခြေလျှောများတွင် ကျောက်တုံးများပြိုခြင်း၊ မြေလွှာများ အိကျခြင်းတို့သည် မကြာမီမြေပြိုမှုဖြစ်ပွားတော့မည့် ရှေ့ပြေးလက္ခဏာများဖြစ်ရာ အမြန်ဆုံးရှောင်တိမ်းကြရမည်ဖြစ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေသည့် မိုးလေဝသဖြစ်စဉ်များကို မိုး/ဇလက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ခြင်း၊ သတိပေးခြင်း၊ နှိုးဆော်ခြင်းများ ပြုလုပ်ပေးနေ ခြင်းဖြစ်သည့်အလျောက် မျက်ခြည်မပြတ်ဂရုပြုစောင့်ကြည့်ကာ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ပြင်ဆင် ရှောင်ရှားကြရပါမည့်အကြောင်း။ ။

စပိန်အစိုးရက လော့ခ်ဟိမာတင်ကုမ္ပဏီထံမှ အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ယင်းအစား ဥရောပမှထုတ်လုပ်သည့် အခြားရွေးချယ်စရာ များကို စဉ်းစားလျက်ရှိသည်ဟု ဩဂုတ် ၆ ရက်ထုတ် El Pais သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ပဥ္စမမျိုးဆက် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည့် ဆုံးဖြတ်ချက်ကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရသတင်းရင်းမြစ်များ၏ အဆိုကို ကိုးကား၍ El Pais က ဖော်ပြခဲ့သည်။ စပိန်အနေဖြင့် Eurofighter ဘက်စုံသုံးတိုက်လေယာဉ် သို့မဟုတ် ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်သည့် ကာကွယ်ရေးစီမံကိန်းဖြစ်သည့် Future Combat Air System (FCAS) မျိုးဆက်သစ် တိုက်လေယာဉ်တို့အနက်မှ အမျိုးအစား တစ်မျိုးမျိုးဖြင့် ယင်း၏ ကာကွယ်ရေးစွမ်းရည်အား အင်အားဖြည့်တင်းရန် အာရုံစိုက်သွားမည်ဟု သိရသည်။
F-35 တိုက်လေယာဉ်များအား စပိန်ရေတပ်၏ Harrier AV-8B အမျိုးအစား မြေပြင်တိုက်ခိုက်ရေး လေယာဉ်အုပ်၏ နေရာတွင် အစားထိုးရန်အတွက်လည်းကောင်း၊ စပိန်လေတပ်၌ အနားပေး တော့မည့် F-18 တိုက်လေယာဉ်များနှင့် အသစ်ရောက်လာဖွယ်ရှိသည့် FCAS တိုက်လေယာဉ်များ၏ ကွာဟချက်ကို ယာယီထိန်းညှိပေးနိုင်မည့် ဖြေရှင်းနည်းတစ်ခုအဖြစ်လည်းကောင်း ရှုမြင်ထားခြင်း ဖြစ်သည်။
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ၎င်း၏အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ ၏ နှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု ယခုနှစ်အစောပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua

ကမ္ဘာပေါ်တွင် နှစ်စဉ်လူကုန်ကူးခံရသူပေါင်း သန်း ၂၀ ခန့် ရှိနေပြီး လူမှောင်ခိုဂိုဏ်းများမှာ ထိုလုပ်ငန်းမှ အကျိုးအမြတ် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့် ရရှိနေကြသည်ဟု ဆိုသည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် လက်နက်မှောင်ခို ရောင်းဝယ်မှုတို့၏နောက်တွင် လူကုန်ကူးမှုမှာ ကမ္ဘာတစ်ဝန်း တတိယအများဆုံးသော ရာဇဝတ်မှုပင်ဖြစ်သည်။

လူကုန်ကူးခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် လူပုဂ္ဂိုလ်တစ်ဦးအား ခြိမ်းခြောက်ခြင်း (သို့မဟုတ်) အင်အားသုံးခြင်း(သို့မဟုတ်) အခြားပုံစံဖြင့် အတင်းအကျပ်အနိုင် အထက်ပြုခြင်း၊ ဖြားယောင်းခေါ်ဆောင်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ အာဏာအလွဲသုံးစားပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသော အခြေအနေပေါ်တွင် အလွဲသုံးစားပြုခြင်း၊ ချုပ်ကိုင်နိုင်သူတစ်ဦးတစ်ယောက်၏ သဘောတူညီမှုရရှိရန် အကျိုးအမြတ်ပေးခြင်း(သို့မဟုတ်) ရယူခြင်းဖြင့် လူတစ်ဦးဦးအား သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း (သို့မဟုတ်) လက်ခံထားခြင်းတို့ကိုဆိုလိုသည်။” ဟု နိုင်ငံတကာကလက်ခံထားသည်။ ခေါင်းပုံဖြတ်ခြင်းတွင် ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အခြားပုံစံဖြင့် လိင်မှုကိစ္စခေါင်းပုံဖြတ်ခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကျေးကျွန်သဖွယ်ပြုခြင်း (သို့မဟုတ်) ကျွန်ကဲ့သို့ အလုပ်လုပ်ရသောအခြေအနေ၊ ခန္ဓာကိုယ်အတွင်းမှ အင်္ဂါအစိတ်အပိုင်းများ ဖယ်ထုတ်ခံရခြင်းတို့ပါဝင်သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂၀၀၅ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ် စီမံကိန်းများကို ၂၀၀၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ စတုတ္ထ (၅) နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆) ကာလတွင် ရောက်ရှိနေပြီဖြစ်သည်။ လူကုန်ကူးမှုများကို ကာကွယ်တားဆီးရန် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်၊ အိန္ဒိယတို့နှင့် လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထားသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်အလုပ်လုပ်ကိုင်ရာတွင် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးအတွက် သတင်းအချက်အလက်များကို Safe Migration Facebook Page တွင် ဖြန့်ဝေပေးလျက်ရှိရာ လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်သည့်စာရင်းများ စသည်တို့ကို အဆိုပါလူမှုကွန်ရက်စာမျက်နှာတွင် ကြည့်ရှုနိုင်ကြသည်။ အလုပ်သမားရေးရာတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီပေးရေးဗဟိုဌာနများ၊ အလုပ်သမားသံအရာရှိရုံးများနှင့် အလုပ်သမားဝန်ကြီးဌာနတို့က လက်ခံဖြေရှင်းပေးလျက်ရှိရာ ပြီးခဲ့သည့်ဇွန်လအတွင်း တရားစွဲဆိုမှု (၃) မှု၌ တရားစွဲဆိုခံရသူ (၅) ဦး ရှိခဲ့သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် ပြည်တွင်းအလုပ်သမားခန့်ထားမှုတွင် စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲအလုပ်သမားဥပဒေများအရ သန်စွမ်း/မသန်စွမ်း၊ ကျား/မ ခွဲခြားမှုမရှိဘဲ မြို့ပြ/ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးဆောင်ရွက်ခြင်း၊ အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အလုပ်သမားအမှာစာများလက်ခံခြင်း၊ သင့်တော်သည့်အလုပ်သမားများအား စုဆောင်းပေးပို့ခြင်း၊ အလုပ်ခန့်ထားရေးကတ်ပြားထုတ်ပေးခြင်း၊ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားသားအလုပ်သမားများအား မှတ်ပုံတင်ခြင်း၊ သက်သေခံကတ်ပြားထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရာတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ချိတ်ဆက်၍ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးကြမည့်အပြင် ဆိုက်ရောက်ရာနိုင်ငံများ၌လည်း တရားဝင်ရပ်တည်နိုင်ကြမည်ဖြစ်သည်။ အကယ်၍ နစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါကလည်း တရားဝင်အကာအကွယ်ပေးမှုများကို ရရှိနိုင်ကြမည်ဖြစ်ရာ လူကုန်ကူးခံသားကောင်များဘဝ မကျရောက်စေရေးအတွက် တရားမဝင်လမ်းကြောင်းများမှ ပြည်ပသို့ထွက်ခွာမှုများကို ရှောင်ရှားကြပါရန် အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါကြောင်း။ ။
MOI

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့။
နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့။
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့။
ဟူ၍ နိုင်ငံတော်က နှိုးဆော်တိုက်တွန်းထားသည်။

နိုင်ငံ့စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ်ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် မှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသ၏ အဓိက စီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက် မြင့်မားရန်အရေးကြီးသည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ရန် ရေ၊ မြေ၊ ရာသီဥတုစသော အခြေခံကောင်းများရှိပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေကို ကောင်းစွာပြုပြင်ပြီး လိုအပ်သည့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ အပြည့်အဝ အသုံးပြုခြင်း၊ စိုက်ပျိုးရေကို သီးနှံ၏လိုအပ်ချက်နှင့်အညီပေးဝေခြင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများအစား ခေတ်မီနည်းစနစ်များကို အသုံးပြုခြင်းဖြင့် သီးနှံများအထွက် တိုးလာမည်ဖြစ်ရာ တောင်သူများလည်း ဝင်ငွေတိုးပွားကြမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် သီးနှံများအလိုက် သတ်မှတ်ပေးထားသော ပန်းတိုင်အထွက်နှုန်းများအတိုင်းထွက်ရှိအောင် မစိုက်ပျိုးနိုင်ခြင်းကြောင့် ရသင့်ရထိုက်သည့် ဝင်ငွေများမရရှိဘဲ ငွေကျပ်ဘီလီယံနှင့်ချီ၍ ထိခိုက်နစ်နာဆုံးရှုံးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက လုပ်ငန်းများလုပ်ကိုင်နေကြသည့် ပြည်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်ရာ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဟူ၍ နှိုးဆော်တိုက်တွန်းထားခြင်းဖြစ်သည်။
မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်တည်ဆောက်ရာတွင် နိုင်ငံသူနိုင်ငံသားတို့၏ ပညာရည်မြင့်မားရန်လိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် ဘွဲ့ရသူဦးရေ သုံးသန်းကျော်ခန့်သာရှိပြီး ပျမ်းမျှပညာရေး အဆင့်အတန်းမှာ အခြေခံပညာအလယ်တန်း အဆင့်မျှသာရှိသည်။ ကျောင်းနေအရွယ်ရောက်၍ ကျောင်းတက်ရောက်လာကြသူအများစုမှာ အခြေခံပညာ မူလတန်းပြီးဆုံးချိန်တွင် ကျောင်းမှထွက်သွားကြခြင်းကြောင့် နိုင်ငံအတွက် လိုအပ်သည့် အဖိုးတန်လူသားအရင်းအမြစ်ရရှိနိုင်ရန် အခက်အခဲဖြစ်ပေါ်စေသည်။ နိုင်ငံတော်အနေဖြင့် အခြေခံပညာရေးအဆင့်တွင် အခမဲ့ပညာရေးကို အကောင်အထည်ဖော်ပေးထားပြီး ကျောင်းသား ကျောင်းသူတိုင်း KG + 9 ပြီးဆုံးသည်အထိ မသင်မနေရသင်ယူကြကာ စက်မှုစိုက်ပျိုးအသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ကြရန် အခွင့်အလမ်းများလည်း ဖော်ဆောင်ပေးထားသည်။ သို့ဖြစ်ရာ ကျောင်းနေအရွယ်တိုင်း ကျောင်းတက်နိုင်ရေး၊ တန်းစဉ်မှန်မှန် ကူးပြောင်းရေး၊ ကျောင်းထွက်မှုများ လျော့နည်းကင်းစင်ရေးတို့ကို မိဘအုပ်ထိန်းသူများ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်အဖွဲ့ အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည့်အလျောက် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့ဟူ၍ တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်ပါ ကောင်းမွန်ရန်လိုအပ်သည်။ စီးပွားရေးတိုးတက်သော်လည်း နိုင်ငံ၏ မြေထု၊ ရေထု၊ လေထုတို့ အရည်အသွေး ယုတ်လျော့ကျဆင်းကာ ညစ်ညမ်းမှုများမဖြစ်ပေါ်အောင် ထိန်းသိမ်းကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ကောင်းမွန်သည့်သဘာဝပတ်ဝန်းကျင်များကို ပိုင်ဆိုင်ထားသော်လည်း လူတို့၏ပယောဂကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိရာ နိုင်ငံနှင့်ပြည်သူအတွက် များစွာထိခိုက်နစ်နာစေသည်။ အထူးသဖြင့် နိုင်ငံ၏သစ်တောများနှင့် ရေအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုသည်။ မြို့ရွာဒေသများ စိမ်းလန်းစိုပြည် သာယာလှပစေရေးနှင့် ရာသီဥတုဖောက်ပြန်မှု လျော့နည်းရေးတို့အတွက် သစ်ပင်များစိုက်ပျိုးခြင်း၊ တစ်ပင်စိုက် တစ်ပင်ရှင်သန်ရေး ပြုစုခြင်းတို့တွင် လူတိုင်းပါဝင်ကြရမည်လည်းဖြစ်သည်။ ထို့အတွက် နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ဟု တိုက်တွန်းနှိုးဆော်ထားခြင်းပင်ဖြစ်သည်။
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားမြင့်မားရေး၊ အမျိုးသားပညာရေး အဆင့်အတန်းမြင့်မားရေးနှင့် နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် ကောင်းမွန်သာယာရေးတို့သည် နိုင်ငံတော်နှင့်တကွ နိုင်ငံသူ နိုင်ငံသားတစ်ဦးချင်းစီ၏ကောင်းကျိုးကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ရာ မိမိတို့အားလုံး ကိုယ်စီထမ်းဆောင်ကြရမည့် တာဝန်များဖြစ်သည်ဟု ခံယူဆောင်ရွက် ကြရပါမည့်အကြောင်း။ ။

အမေရိကန် အကျိုးစီးပွားနှင့် မကိုက်ညီသည့်အတွက် UNESCO မှ အမေရိကန် နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး လက်ထောက် အဖွဲ့ခေါင်းဆောင် Anna Kelly က ပြောကြားလိုက် ပါသည်။

လွန်ခဲ့သော နိုဝင်ဘာလက ကျင်းပသော သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ် ကာလက ဒေါ်နယ်ထရမ့် ကတိပြုခဲ့သော မူဝါဒများအရ နိုင်ငံတကာ အဖွဲ့အစည်းအားလုံးတွင် အမေရိကန်အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုမှာ မိမိ နိုင်ငံ၏ အကျိုးစီးပွားနှင့်ကိုက်ညီမှု မရှိပါက နုတ်ထွက်ရန် အာရုံစိုက် ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ UNESCO မှအမေရိကန် ပြည်ထောင်စု နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း Kelly က New York Post သို့ မှတ်ချက်ပြု ပြောကြားထားပါသည်။
အစ္စရေးဆန့်ကျင်ရေးနှင့် ဂျူးဆန့်ကျင်ရေး လုပ်ရပ်များ မြှင့်တင်ရန် ယူနက်စကို အမှုဆောင်ဘုတ်အဖွဲ့ အသုံးချခဲ့ပြီး UNESCO ၏ လက်ထောက် အကြီးအကဲ Xing Qu သည် တရုတ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ပေကျင်း၏ အကျိုးစီးပွားနှင့်ကိုက်ညီမည့် စံနှုန်းများကို မြှင့်တင်ရန် ယူနက်စကို အသုံးချခဲ့သည်ဟု သူမက ယုံကြည်ပါကြောင်း သူမက ထပ်လောင်း ပြောကြားထားပါသည်။
ဖေဖော်ဝါရီ ၄ ရက်က ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ (UNHRC) နှင့် အရှေ့အနီးရှိ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ (UNRWA) တို့မှ အမေရိကန်အား နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး အမိန့်လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ ပါသည်။ ထို့နောက် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ် ဒေါ်နယ် ထရမ့်က အပြင်းအထန် ဝေဖန်ခဲ့ပါသည်။ ထို့နောက် UNESCO နှင့် ပူးပေါင်း ဆောင်ရွက်မှုကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်သုံးသပ်ရန် ညွှန်ကြား ခဲ့ပါသည်။
ယူနက်စကိုမှ အမေရိကန်က နုတ်ထွက်ခြင်းမှာ ယခုမှာ ပထမဆုံး အကြိမ် မဟုတ်ပါ။ ၁၉၈၄ ခုနှစ်တွင် သမ္မတ Ronald Reagan လက်ထက်က နိုင်ငံရေးဩဇာကို အလွန်အကျွံ အသုံးချမှုနှင့် ဘဏ္ဍာငွေ စီမံခန့်ခွဲမှု လွဲမှားမှုတို့ကို အကြောင်းပြ၍ UNESCO မှ နှုတ်ထွက်ခဲ့ပြီး ၂၀၀၃ ခုနှစ် တွင် ပြန်လည်ပူးပေါင်းခဲ့ပါသည်။
ထို့ပြင် ဒေါ်နယ်ထရမ့်၏ သမ္မတ ပထမသက်တမ်းအတွင်း ၂၀၁၈ ခုနှစ် တွင် ယူနက်စကို၏ တိုးပွားလာသောကြွေးမြီများ၊ ကြီးမားသော ပြုပြင် ပြောင်းလဲမှုများ လိုအပ်မှုနှင့် အစ္စရေးဆန့်ကျင်ရေးဘက်လိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို အကြောင်းပြ၍ အမေရိကန် က UNESCO မှ ထပ်မံနုတ်ထွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည် ပူးပေါင်းခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဆောင်ရွက်ကာ ပြန်လည် ထိန်းချုပ် ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နောင်ချိုမြို့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၂၁ ရက်တွင် သွားရောက်ကာ နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံ ဂုဏ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာ ဝန်ရှိသူ
အကြမ်းဖက် ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဆောင်ရွက်ကာ ပြန်လည် ထိန်းချုပ် ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နောင်ချိုမြို့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၂၁ ရက်တွင် သွားရောက်ကာ နောင်ချိုမြို့ရှိ အောင်ပွဲရ အရာရှိ၊ စစ်သည်များအား သွားရောက်တွေ့ဆုံ ဂုဏ်ပြုကာ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ပြည်သူ့ဆေးရုံနှင့် စာသင်ကျောင်းများကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့် ဒေသခံပြည်သူမျာအားတွေ့ဆုံ၍ လိုအပ်သည် များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်ပွဲရ အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့က စစ်မြေပြင်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့မှုကြောင့် စစ်မြေပြင် တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့်စစ်သည် များကို အဆင့်တံဆိပ်များ တပ်ဆင်ပေးကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ရှိ မြနန်းတော်ဝင် မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်း ဖွင့်လှစ်ထား သည့် ယာယီဆေးရုံသို့ ရောက်ရှိကြပြီး ယာယီဆေးရုံအတွင်း လာရောက်ဆေးကုသမှု ခံယူလျက် ရှိသည့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဒေသခံပြည်သူများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်သည် ယာယီဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးစကား ပြောကြားစဉ် ငှက်ဖျားရောဂါကြောင့် အတွင်းလူနာအဖြစ် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နောင်ချိုမြို့မှ အသက် ၁၅ နှစ်အရွယ် လူနာတစ်ဦးကို ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌ ဆေးကုသမှုခံ ယူနိုင်ရန်အတွက် မိသားစုဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့် တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ တောင် ရပ်ကွက်ရှိ ဟော်တော်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အင်္ဂုသ အမှူးပြုသော ဆရာတော် သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ ဝါဆိုသင်္ကန်း၊ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး နောင်ချိုမြို့အား ယခင်အေးချမ်းစဉ် ကာလ ဖွံ့ဖြိုးတိုးတက်စည်ပင်မှုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်သော စည်ပင်သော မြို့အဖြစ် တစ်ဖန် ပြန်လည်ရောက်ရှိအောင် အမြန်ဆုံး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် သာသနာဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဆရာတော်သံဃာတော်များ၏ ကျန်းမာရေးအခြေအနေများပါကို လျှောက်ထားရာ ဆရာတော်က ယခုကဲ့သို့ နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ မှုအတွက် များစွာဝမ်းမြောက်ကြောင်း ပြန်လည်မိန့်ကြားပြီးနောက် တပ်မတော်သားများ အားလုံး အတွက် ဆက်လက်အောင်မြင်မှုများ ရရှိပါစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်း မေတ္တာပို့သပေးကြောင်း သိရသည်။
၎င်းနောက် မြို့နယ်ခန်းမ၌ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံခဲ့ရာ အဆိုပါ တွေ့ဆုံပွဲ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ က နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် တပ်မတော်က နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးခြင်း ပထမဆုံးမှာကြားချက်အနေဖြင့် ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာ တတ်မြောက်မှသာ အတတ်ပညာ ကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် ပညာတတ်များပေါများစေရေး တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာ ကျောင်းများကိုအမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပြီး အေးချမ်းပျော်ရွှင်စွာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် မိမိ တို့ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး နှင့် ဇူလိုင် ၂၂ ရက်မှစ၍ ကျောင်းအပ်နှံနိုင်မှု စတင်လက်ခံရန် စီစဉ်ထားပြီးဖြစ်သကဲ့သို့ မိမိအနေ ဖြင့် မေတ္တာရပ်ခံလိုသည်မှာ မိမိတို့၏ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ် ရင်သွေးငယ်များကို စာသင်ကျောင်းများသို့ မဖြစ်မနေ ပညာသင်ကြားနိုင်ရန် စေလွှတ်ပေးရန် ဖြစ်ကြောင်း၊ ပညာသင်ကြားပေးကြရမည့် ဆရာဆရာမများကလည်း ကျောင်းဖွင့်ချိန် နောက်ကျ ခဲ့သည့်အတွက် ကျောင်းသင်ခန်းစာများကို ကျောင်းပိတ်ရက်အချို့မှ ရယူ၍ သင်ခန်းစာအကုန် သင်ကြားပေးစေလိုပါကြောင်းနှင့် တတ်မြောက်အောင်လည်း သင်ကြားပေးရန် တိုက်တွန်းလိုပါ ကြောင်း၊ ဒုတိယအချက်အနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်ပြီး (၂၅) ခုတင်ဆံ့ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့်အတွက် မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပုံမှန် အတိုင်း ပြန်လည်ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နောင်ချိုမြို့နယ် တည်ငြိမ်အေးချမ်း သာယာရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် နောင်ချိုမြို့နှင့် ပတ်ဝန်းကျင်အနီးရှိ ကျေးရွာများ အစိုးရ၏အုပ်ချုပ်မှု ယန္တရား လည်ပတ်နိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ယခုနှစ်ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့် ရှိသည့် မည်သူမဆို ပါဝင်မဲပေးခွင့်ရရှိရေး လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးခဲ့လျှင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ဝန်ထမ်းများက အမြန်ဆုံး ပြန်လည်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပြည်သူလူထုကို အလုပ်အကျွေးပြုနေကြသူများဖြစ်သည့်အတွက် ပြည်သူများအပေါ် စိတ်ရင်း စေတနာထားကာ ဝန်ဆောင်မှုများ ပေးအပ်သွားကြရမည်ဖြစ်ကြောင်း၊ မိမိမြို့/ ရွာကို မိမိတို့က ပြန်လည်တည်ဆောက်ရမည် ဖြစ်သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဖျက်ဆီးခဲ့သည့် နေအိမ်များ၊ ရုံးဌာန အဆောက်အဦများနှင့် လမ်းတံတားများ အမြန်ဆုံးပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တစ်ပိုင်တစ်နိုင်ဆောင်ရွက်ခြင်းအပြင် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်းလည်း ပြောကြား သည်။
ယင်းနောက် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန် ပစ္စည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် ပစ္စည်း(၁၆) မျိုးပါ Family Kit များကိုထောက်ပံ့ပေးအပ်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများ ကိုယ်စား ရပ်မိရပ်ဖ နှစ်ဦးက လက်ခံရယူခဲ့ကာ နောင်ချိုမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်ကြသည့် ဒေသခံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ထောက်ပံ့ပေးသည့် အမယ်စုံပစ္စည်းများနှင့် ရိက္ခာများကို ဇူလိုင် ၁၇ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တပ်မတော် အရာရှိကြီးများက အပြည့်အစုံ ပေးအပ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နောင်ချို မြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် အရေးပေါ် ခွဲစိတ်ခန်းအပါအဝင် ဆေးရုံအတွင်း ပျက်စီးမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး ဆေးရုံ အတွင်းနှင့်အပြင် ပျက်စီးမှုများကို အမြန်ဆုံးဖယ်ရှားရှင်းလင်းရေး၊ ဖယ်ရှားရှင်းလင်းစဉ် ဆယ်တင် အသုံးပြု၍ရသည့် ပစ္စည်းများကို ပြန်လည်စမ်းစစ်မှုများပြုလုပ်ကာ အသုံးပြုနိုင်ရေး၊ ဆေးရုံ အတွင်း/ အပြင်သန့်ရှင်းသာယာလှပရေး၊ ရေ၊ မီး၊ မိလ္လာစနစ်ကောင်းမွန်စေရေးတို့ကို အမြန်ဆုံးပြန်လည် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိကြပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ နှင့်အတူ ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအတွင်းရှိ ပတ္တမြားခန်းမ၊ စာသင်ဆောင်များ၊ ကျောင်းအုပ်ကြီးရုံးခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့နယ်ပညာရေးမှူး နှင့် ဆရာ၊ ဆရာမများက ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုကို လက်ခံပေးသွားပြီး အတန်းအလိုက် သင်ခန်းစာများ ပြန်လည် သင်ကြားပေးသွားမည့် အစီအမံ များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်က ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ကျောင်း ဥပဓိရုပ်ကောင်းမွန်စေရေး သန့်ရှင်းရေးဆောင်ရွက်သွားရန်နှင့် ပြန်လည်ပြုပြင်ရမည့် စာသင်ဆောင် များကို အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားပြီး ဆရာ၊ ဆရာမများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေ များ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့မ ရဲစခန်း သို့ ရောက်ရှိကြပြီး ရဲစခန်းဝန်းအတွင်း အကြမ်းဖက် သောင်းကျန်းသူများက အဆောက်အဦများကို ဖျက်ဆီးခဲ့မှုနှင့် အခိုင်အမာ ခံစစ်စခန်း တည်ဆောက်ထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်၍ နိုင်ငံတော်နှင့် မိမိအဖွဲ့အစည်းအပေါ် သစ္စာရှိစွာ ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အခြား လိုအပ် သည်များကို လမ်းညွှန်မှာကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင် များသည် နောင်ချိုစည်ပင်သာယာရေးရုံးသို့ ရောက်ရှိကြပြီး ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နောင်ချိုမြို့ရှိ ပြည်သူများ၏ ယုံကြည်မှုပြန်လည်ရရှိရန်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားအား အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အဆင့်ဆင့် ပြန်လည်ဖွဲ့စည်း ဆောင်ရွက်သွားရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး မဲပေးခွင့်ဆုံးရှုံးမှု မရရှိရေး လိုအပ်သည်များ ကြိုတင်စီစဉ် ဆောင်ရွက်သွားရန် အပါအဝင် လိုအပ်သည်များကို မှာကြား၊ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုးကား- NP News

တိဘက်ကုန်းမြင့် အရှေ့ဘက်ခြမ်းတွင် ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျမည့် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်မည့် ရေကာတာတစ်ခုကို စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကျင်းက ပြောကြားပါကြောင်း ဇူလိုင် ၂၁ ရက်နေ့က ဆင်ဟွာ သတင်းဌာနက တရားဝင် ထုတ်ပြန်ပါသည်။

အဆိုပါဆည်သည် ယန်ဇီမြစ်ပေါ်ရှိ Three Gorges Dam နောက်ပိုင်း တရုတ်နိုင်ငံ၏ အားအထား ရဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်လာနိုင်ပြီး ၂၀၃၀ ပြည့်လွန်နှစ်များတွင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။ ယင်းဆည်တွင် ရေအားလျှပ်စစ် စက်ရုံ ၅ ရုံ တည်ဆောက်မည်ဖြစ်ပြီး Yarlung Zangbo မြစ် အောက်ပိုင်း၌ တည်ရှိပါသည်။ ကီလိုမီတာ ၅၀ (၃၁ မိုင်)ရှိ မြစ်၏ အစိတ်အပိုင်း တစ်ခုအတွင်း မီတာ ၂,၀၀၀ (၆,၅၆၁ ပေ)မှ ရေကျဆင်းမှုအားပြင်းသဖြင့်၊ ကြီးမားသော ရေအား လျှပ်စစ်ထုတ်လုပ်ရန် အလားအလာရှိပါသည်။
သို့ရာတွင် ယင်းမြစ်၏ အောက်တွင် နေထိုင်ကြသည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့နိုင်ငံတို့မှ ပြည်သူ သန်းပေါင်းများစွာအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြပြီး၊ မျိုးစိတ်မျိုးကွဲပေါင်းများစွာ ပေါကြွယ်သည့် ကုန်းပြင်မြင့် တစ်ခုဖြစ်သည့် အဆိုပါဒေသနှင့် စပ်လျဉ်း၍ NGO များကလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်လာနိုင်သည့် သတိပေးမှုများလည်း ရှိပါသည်။
အဆိုပါရေကာတာမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်-နာရီ ၃၀၀ ဘီလီယံ ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း၊ တိဗက်နှင့် ကျန်တရုတ်နိုင်ငံတို့၏ မြစ်အောက်ပိုင်း ရေပေးဝေမှု သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိပါကြောင်း ပေကျင်းက ဆိုပါသည်။
Shanghai Zhuozhu Investment Management မှ Wang Zhuo က ယင်းစီမံကိန်းအတွက် ကာလတို၊ ကာလရှည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခွင့်အလမ်းများကို ပြောကြားလျက်၊ ရင်းနှီးမြှုပ်နှံမှုပြုကြရန် ဖိတ်ခေါ်ထားပါသည်။ “ရင်းနှီးမြုပ်နှံမှုရှုထောင့်မှကြည့်လျှင် အားကောင်း ခိုင်မာသော ရေအားလျှပ်စစ်စီမံကိန်းများသည် ငွေချေးစာချုပ်ကဲ့သို့သော အမြတ်ဝေစုများကို ပေးဆောင်နိုင် ပါသည်” ဟု Wang က ပြောကြားပါသည်။ သို့သော် ကြေညာချက်ကြောင့် ဖြစ်ပေါ်လာသဖြင့် စီမံကိန်း နှင့် ဆက်စပ်သည့် တည်ဆောက်ရေးအသုံးအဆောင်များ ထုတ်လုပ်ဖြန့်ဖြူးသည့် စတော့များကို ဝယ်ယူမှု တိုးလာပြီး တန်ဖိုးအတက်အကျ ဖြစ်ပေါ်လာနိုင်သည်ကို ၎င်းက သတိပေးခဲ့သည်။
အဆိုပါဆည်သည် “ရာစုနှစ်၏စီမံကိန်း” ဟု နာမဝိသေသပြုထားကာ၊ "သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ဂေဟစနစ် ထိန်းသိမ်းရေး ထားရှိရမည်" ဟု ဝန်ကြီးချုပ်က ပြောကြားကြောင်း Xinhua သတင်းဌာန၏ စနေနေ့သတင်းတွင် ဖော်ပြထားပါသည်။ တရုတ်က အဆိုပါစီမံကိန်းအတွက် ဖန်တီးပေးနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းကို ခန့်မှန်းထားခြင်းမရှိသေးပေ။
Three Gorges Dam စီမံကိန်းမှာ ပြီးစီးရေးအတွက် ဆယ်စုနှစ် နှစ်စု ကြာမြင့်ခဲ့ပြီး၊ အလုပ်အကိုင် အခွင့်အလမ်း တစ်သန်းခန့် ဖန်တီးပေးနိုင်ခဲ့ပါကြောင်း နိုင်ငံပိုင် သတင်းမီဒီယာမှ ထုတ်ပြန်ထား သော်လည်း၊ စီမံကိန်းကြီးများသည် အိုးမဲ့အိမ်မဲ့များ များစွာဖြစ်ပေါ်လာစေနိုင်သည်ဟု ဆိုပါသည်။
Yarlung Zangbo စီမံကိန်းနှင့် စပ်လျဉ်း၍ ပြည်သူမည်မျှ အိုးမဲ့အိမ်မဲ့ ဖြစ်စေမည်၊ ဒေသန္တရ ဂေဟ စနစ်အပေါ် မည်သို့သက်ရောက်မှု ရှိနိုင်မည်ကို အာဏာပိုင်များမှ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
International Campaign for Tibet အပါအဝင် NGO များက အဆိုပါရေကာတာစီမံကိန်းသည် တိဗက်ကုန်းပြင်မြင့်၏ ဖွံ့ဖြိုးမှုကို နောက်ပြန်ဆုတ်စေကာ ထိခိုက်မှုများဖြစ်စေမည်ဖြစ်ပြီး သန်းနှင့် ချီသော လူသန်းပေါင်းများစွာမှာလည်း ၎င်းတို့၏ စားဝတ်နေရေးအတွက် အနှောင့်အယှက်ဆိုးများ ကြုံတွေ့ရနိုင်သည်ဟုဆိုသည်။
တရုတ်နိုင်ငံမှ Yarlung Zangbo မြစ်သည် Brahmaputra မြစ်အဖြစ် တိဘက်မှ တောင်ဘက် အိန္ဒိယနိုင်ငံ၏ Arunachal Pradesh နှင့် အာသံပြည်နယ်တို့ကို ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်သို့ စီးဆင်းသွားပါသည်။ တိဘက် အနောက်မှ အရှေ့သို့ စီးဆင်းသည့် Yarlung Zangbo မြစ်၏ အပေါ် ပိုင်းတွင် ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်က စတင်နေပြီဖြစ်ပါသည်။
ကိုးကား- Reuters
Photo: The Guardian
(Reuters သတင်းဌာနတွင် Farah Master and Samuel Shen ရေးသားသည့် “China embarks on world's largest hydropower dam, capital markets cheer” ကို ဦးခိုင်ထွဋ်လှ ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

ရန်ကုန် ကွန်ဗင်းရှင်းစင်တာရှိ လင်းလက်တောက်ပသော ကားအရောင်းပြခန်း၏ မီးအလင်းရောင် အောက်ဝယ် ကြော့မော့ခန့်ညားလှသော လျှပ်စစ်ကားများ (EV) အား ခင်းကျင်းပြသထားသည်။ တောက်ပြောင်နေသော ကားဒက်ရှ်ဘုတ်များ၊ AI လုပ်ဆောင်ချက်များနှင့် စိတ်အားထက်သန်စွာ စူးစမ်းလေ့လာနေသော ကားချစ်သူပရိသတ်များက ကာဗွန်ထုတ်လွှတ်မှု ပိုမိုကင်းစင်သော မော်တော်ကားအနာဂတ်အပေါ် မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှု မြင့်မားလာခြင်းကို ဖော်ပြလျက် ရှိသည်။

ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပသော ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာ မော်တော်ကားပြပွဲက အမှတ်တံဆိပ် ၃၀ ကျော်ကို အတူတကွစုစည်းပြသခဲ့ကာ ယင်းအနက် အများစုမှာ တရုတ်မော်တော်ကား အမှတ်တံဆိပ်များပင် ဖြစ်သည်။ BYD ၊ Leapmotor ၊ VOYAH ၊ NETA ၊JMEV နှင့် အခြားအမှတ်တံဆိပ်များဖြင့် တရုတ် မော်တော်ကားထုတ်လုပ်သူများက အဆိုပါပြပွဲ၌ ဝင်ရောက်ပြသလျက် လာရောက်လေ့လာသူများ၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင် ထားနိုင်ခဲ့သည်။ လျှပ်စစ်ကားများက ဈေးကွက်အနေအထားအရ အရွယ်အစားသေးငယ်လင့်ကစား ဝယ်သူများ၏ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကို ယင်းပြပွဲက အလေးထားဖော်ပြနေကြောင်း ပြပွဲပြသသူများက ဆိုသည်။
ယင်းပြပွဲ၌ အမြင်သာဆုံး ကားအမျိုးအစားများအကြား EV Power ကုမ္ပဏီက တင်သွင်းထားသော တရုတ် EV ကားအမှတ်တံဆိပ်ဖြစ်သော BYD ကားအမျိုးအစားပင် ဖြစ်သည်။ မော်တော်ကားလုပ်ငန်း အတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်သော EV Power ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က BYD အမှတ်တံဆိပ်က ကမ္ဘာတစ်ခွင်ရော ပြည်တွင်း EV ဈေးကွက်တွင်ပါ ဦးဆောင်လျက်ရှိကြောင်း ပြောခဲ့သည်။ “BYD ကားတွေကို ကျွန်တော်စပြီးတင်သွင်းတာ တစ်နှစ်လောက်တော့ရှိပါပြီ။ လူတွေကလည်း ဒီ brand ကို ယုံကြည်မှုရှိပြီးသားဖြစ်ပါတယ်” ဟု ဦးမင်းမင်းမောင်က ဆိုသည်။ EV ကားများအတွက် ဝယ်လိုအားအနေဖြင့် အထူးသဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် များပြားလာကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် ပုံမှန် လောင်စာဆီသုံးအင်ဂျင်ကား (ICE) များနှင့် နှိုင်းယှဉ်ပါက ဝယ်လိုအားများပြားနေသည့်တိုင် EV ကားများ၏ ထိုးဖောက် ဝင်ရောက်မှုများအနေဖြင့် လွန်စွာ နည်းပါးနေကြောင်း ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ EV ကားများ၏ ၉၀ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံကပါ။ အစိုးရကလည်း ဒီကဏ္ဍမှာ ပံ့ပိုးပေးမှုပေးနေပြီးတော့ EV အသုံးပြုမှုကိုလည်း အားပေးနေပါသည်” ဟု ဦးမင်းမင်းမောင်က ပြောခဲ့သည်။ မြန်မာနိုင်ငံတွင် EV ကားအများဆုံးမှာ Completely Built-Up (CBU) ပုံစံဖြင့် တင်သွင်းထားခြင်းဖြစ်ပြီး Leapmotor ကားများကဲ့သို့ အမျိုးအစားအနည်းငယ်သာလျှင် မော်တော်ကား အစိတ်အပိုင်းအချို့ကို ပြည်တွင်း၌ တပ်ဆင်သည့် Semi Knocked Down (SKD) ပုံစံဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြပွဲ၌ ဝင်ရောက်ပြသသူများက ဆိုသည်။
EV ကားများ၏ အကြီးမားဆုံးကြုံတွေ့နေရသည့် အခက်အခဲမှာ လျှပ်စစ်မီးတည်ငြိမ်စွာရရှိမှုနှင့် အားသွင်းရုံ စသည့် အခြေခံအဆောက်အအုံပင် ဖြစ်ကြောင်း မော်တော်ကားတင်သွင်းသူများက ပြောပြခဲ့သည်။ လက်ရှိအနေအထားအရ EV ကားများဝယ်ယူရန် အသင့်လျော်ဆုံးသူများအနေဖြင့် လုံးချင်းအိမ်များစွာရှိပြီး လျှပ်စစ်မီးထိုက်သင့်သလောက်မှန်မှန်ရရှိကာ တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် အလှမ်းဝေးသော နေပြည်တော်ရှိ ပြည်သူများ ဖြစ်ပါကြောင်း ဦးမင်းမင်းမောင်က ၎င်း၏အမြင်ကို ပြောပြခဲ့သည်။
ပြပွဲ၌ ဝင်ရောက်ပြသခဲ့ကြသော တရုတ်ဇိမ်ခံကား EV ကားအမှတ်တံဆိပ်များတွင် Dongfeng Motor Corporation မှ VOYAH အမှတ်တံဆိပ်လည်း ပါဝင်သည်။ AI ကင်မရာများနှင့် စမတ် နည်းပညာသုံး စနစ်များ အပါအဝင် နည်းပညာပိုင်းဆိုင်ရာလုပ်ဆောင်များနှင့် စပ်လျဉ်း၍ VOYAH ကားအရောင်းပြခန်း၏ အရောင်းကိုယ်စားလှယ် မမေသဇင်မိုးက ပြောခဲ့သည်။ “မိမိတို့က EV ကားများသာ တင်သွင်းပါသည်။ Dongfeng က luxury ရော ဘတ်ဂျက်ကားတွေရောပေါ့” ဟု ၎င်းက ဆိုသည်။
Yoma Motors ၏ national sales manager ကို Angus Lin ကလည်း ၎င်းတို့ကုမ္ပဏီအနေဖြင့် SWM နှင့် Hongqi စသည့် မော်တော်ကားအမှတ်တံဆိပ်များအား ပြပွဲ၌ ဝင်ရောက်ပြသခဲ့ပြီး တရုတ်ကားတင်သွင်းခြင်းလုပ်ငန်းသို့ ပထမဆုံး ဝင်ရောက်ခဲ့ကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့ သွင်းထားသည့်ကားတွေက luxury မော်ဒယ်အမျိုးအစားတွေပါ။ ကျွန်တော်တို့က SKD စနစ်ဖြင့် တင်သွင်းထားတာပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် Leapmotor အရောင်းပြခန်းမှ အကြီးတန်း အရောင်းမန်နေဂျာ ကိုမင်းသက်ကျော်က ဝယ်လိုအား မြင့်တက်လာကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။ “မိမိတို့အနေဖြင့် Leapmotor (မော်တော်ကားတွေ) ကို ဖြန့်ချိပေးနေသည်မှာ တစ်နှစ်ကျော်ခန့် ရှိပါပြီ။ ဝယ်လိုအား တက်လာသော်လည်း ဝယ်ယူသူများအနေဖြင့် EV နှင့်ပတ်သက်သည့် ပညာပေးများ ပို၍ လိုအပ်လျက်ရှိပါသည်” ဟု ၎င်းက ဆိုသည်။ “မိမိတို့တင်သွင်းသည့် ကားများက ဘက်ထရီနှင့် မော်တာကို သက်တမ်းငါးနှစ်၊ ကီလိုမီတာ ၁၀၀,၀၀၀ အာမခံပေးထားပါသည်” ဟု ကိုမင်းသက်ကျော်က ပြောခဲ့ သည်။
၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်ကော်ကားပြပွဲသို့ လာရောက်လေ့လာကြသူများမှာ လေ့လာ စူးစမ်းလိုစိတ်မြင့်မားပြီး ဝယ်ယူရန်လည်း စိတ်အားထက်သန်လျက်ရှိသည်။ ပြပွဲသို့ လာရောက် လေ့လာသူ အသက် ၆၀ နှစ်အရွယ် ဦးစိုးခမ်းကလည်း EV ကား ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်သည်။ “မိမိအနေဖြင့် လက်ရှိတွင် Leapmotor ကားစီးနေပါသည်။ ယခုလာရောက်သည်က ကားငှားမည့် လုပ်ငန်းအတွက် ကားဝယ်ရန် လာရောက်ကြည့်ရှုခြင်းဖြစ်ပါသည်။ EV ကားများသည် ကုန်ကျ စရိတ်သက်သာပြီး ဆီထည့်စရာမလိုသလို ပြုပြင်ထိန်းသိမ်းစရိတ်လည်း မလိုပါ။ သို့သော် ကား အမှတ်တံဆိပ်တွေက အများကြီးဖြစ်နေသဖြင့် တော်တော်လေးရွေးရခက်နေပါသည်” ဟု ဦးစိုးခမ်းက ပြောခဲ့သည်။
အသက် ၃၉ နှစ်အရွယ် ကိုဟိန်းကိုကိုအောင်ကလည်း မိတ်ဆွေများနှင့်အတူ EV ကားများ လေ့လာ ကြည့်ရှုခဲ့ပြီးနောက် BYD အမှတ်တံဆိပ်အား ရွေးချယ်ရန် စိတ်ဝင်စားသည်ဟု ဆိုသည်။ “တရုတ် အမှတ်တံဆိပ်တွေက မြန်မာပြည်ကဈေးကွက်ကို လွှမ်းမိုးထားပါသည်။ ဈေးကွက်မှာ တရုတ်အမှတ် တံဆိပ်ပဲ ဆက်လက် လွှမ်းမိုးနေမည်ဟု ထင်ပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာမော်တော်ကားပြပွဲကို Myanmar DPES Exhibition က ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်သည်။
ပြပွဲဖြစ်မြောက်ရေးစီစဉ်သူ ကုမ္ပဏီ တာဝန်ရှိသူ ဝမ်ကျန်းချိန်က အဆိုပါပြပွဲသည် ထွက်ပေါ် လာသော မော်တော်ကားအမှတ်တံဆိပ်များနှင့် ဝယ်ယူအသုံးပြုသူများအကြား ချိတ်ဆက်ပေးသော ပလက်ဖောင်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ယခုပွဲလေးက မြန်မာနိုင်ငံမှာ မိမိတို့ ပထမဆုံး စီစဉ်ကျင်းပဖြစ်ခဲ့သည့် မော်တော်ကားပြပွဲလည်း ဖြစ်ပါသည်။ မိမိတို့အနေဖြင့် မြန်မာပြည်မှာပဲ အခြေစိုက်ပြီး ကားကုမ္ပဏီတွေကိုလည်း ၎င်းတို့၏ အရောင်းမြှင့်တင်ရေးတွေမှာ အကူအညီပေးသွားချင်သကဲ့သို့ ပြည်တွင်းက ဝယ်သူများအနေဖြင့် ဆုံးဖြတ်ချက်များ ချနိုင်ရန် အထောက်အကူ ပေးသွားချင်ပါသည်” ဟု ၎င်းက ဆိုသည်။
ကိုးကား- Xinhua Myanmar

မြန်မာနိုင်ငံရှိ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်သည်။ လူဦးရေအများစုနေထိုင်သည့် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို ခေတ်အဆက်ဆက် အကောင်အထည်ဖော်ခဲ့သည်။ ကျေးလက်ဒေသများမှာ ယခင်ခေတ်ကာလများနှင့်မတူ ဖွံ့ဖြိုးတိုးတက်လာသည်။ လူမှုစီးပွားဘဝမြင့်မားလာသည်။ သို့သော် ကျေးလက်ဒေသအများစုမှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲရေးတွင် စိန်ခေါ်မှုများစွာရှိသည်ကို တွေ့ရသည်။

မကြာသေးမီကာလက နိုင်ငံတော်က တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီတစ်ခု ဖွဲ့စည်းလိုက်သည်ကို တွေ့ရသည်။ လုပ်ငန်းကော်မတီတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးမှ အကြီးအကဲများ၊ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ အဆိုပါလုပ်ငန်းကော်မတီသည် ခိုင်မာအားကောင်းသည့် ကျေးလက်ဒေသများအဖြစ် အစဉ်တည်တံ့ရပ်တည်နိုင်စေရန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုအသိုက်အမြုံများ ဖော်ဆောင်ပေးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော ကျေးလက်ဒေသများအား ဦးစားပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။
ရှေ့ပြေးစီမံချက်အနေဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ကြသည့် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းမှ ရေဘေးသင့်မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့တွင် လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို စတင်အကောင်အထည်ဖော်လျက်ရှိသည်။ အဆိုပါကျေးရွာနှစ်ရွာမှာ မူလကဖွံ့ဖြိုးတိုးတက်သည့် ရွာကြီးနှစ်ရွာဖြစ်သော်လည်း အလွန်ဆိုးရွားသည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ရာ မူလအခြေအနေမပျက် ပြန်လည်ရောက်ရှိရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် စတင်အကောင်အထည်ဖော်လျက်ရှိသည်။
ယခုအကောင်အထည်ဖော်လျက်ရှိသည့် စီမံချက်သည် ကျေးလက်ဒေသများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် လူမှုဘဝ၊ စီးပွားရေးဘဝများပါ ခိုင်မာအားကောင်းလာအောင် ဝိုင်းဝန်းစုပေါင်းအကောင်အထည်ဖော်သည့်စီမံချက်ဖြစ်သည်။ ပထမပိုင်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးအတွက် အစီအမံများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ပေးပြီး ဒေသခံပြည်သူများသိရှိအောင် ရပ်ရွာအခြေပြု အသိပညာပေးလုပ်ငန်းများ ပြုလုပ်သွားခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်စီးပွားရေး၌ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးကုန်ထုတ်/သမအသင်းနှင့် MSME ထူထောင်ပေးခြင်း၊ အရင်းအနှီးအတွက် ဆောင်ရွက်ပေးခြင်းစသည်တို့အပြင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကိုပါ တွဲဖက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ ကော်မတီအနေဖြင့် ယခုရှေ့ပြေးစီမံချက်မှသည် ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ဒေသအလိုက် အလားတူ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ တစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် နမူနာယူစရာအဖြစ် သတင်းအချက်အလက်များမျှဝေပေးနိုင်ရန်နှင့် လုပ်ငန်းကော်မတီ၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များကို ပြည်သူများ ပိုမိုသိရှိနားလည်ပြီး နိုင်ငံတော်အစိုးရအပေါ် ပိုမိုယုံကြည်အားကိုးလာနိုင်ရန်အတွက် မီဒီယာနည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ရာ ကျေးလက်နေပြည်သူများ ရေရှည်အကျိုးစီးပွားအတွက် စီမံချက်အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ဇူလိုင် ၁၆ ရက်မနက် ၃နာရီ ခွဲခန့်က လှုပ်သည့် ငလျင်သည် မန်းမြို့ပေါ်ရှိလူအများကို တဖန် ပြန်လည်ခြောက်ခြားစေလောက်အောင် အသံကြီးကျယ်လှသလို လှုပ်တာကြမ်းသည်မှာလည်း နောက်ဆက်တွဲငလျင်များထဲတွင် ဒုတိယ အကြမ်းဆုံးဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
“အိပ်မောကျနေချိန်ကြီးမှာ အသံကြီးနဲ့ တမိနစ်ခွဲလောက်လှုပ်တော့ ရုတ်တရက် လန့်ပြီး အိပ်ယာထဲ တယောက်လက် တယောက်ဆုပ်ပြီး မျက်စိမှိတ်အော်ရုံပဲတတ်နိုင်တယ်”ဟု မန်းသို့ ခေတ္တရောက်နေသည့် သားအမိ ကဆိုသည်။

“ငလျင်ကအခါမရွေးလှုပ်နေတော့ သမီးတို့ အဆောင်တံခါး တွေဆိုပိတ်မထားတော့ဘူး၊အရင်က လှုပ်ရင်တော့ ဆင်း ဆင်းပြေးကြတာ၊ ခုတော့ သိပ်မကြမ်းရင် မပြေးကြဘူး၊ ခုမနက် ၃ခွဲ ဟာကတော့ကြမ်းတယ်”ဟု အဆာင်နေ ကျောင်းသူတစ်ဦးကပြောသည်။
“မန်းမှာ ဟော်တယ်တွေက ပြင်နေဆဲများတော့တည်းစရာ အတော်ရွေးကြတယ်၊ အထပ်မြင့်တွေဆိုလည်း သိပ်မတည်းရဲကြတော့ဘူး၊ ငလျင်ကြီးပြီးခါစက လူမသေတဲ့ ဟော်တယ်တွေကိုဆို လာဝယ်ကြတယ်၊ ခုလည်း ကျမတို့ဟော်တယ်က ပြန်ပြင်နေရတယ်။နေရပ် မပြန်တဲ့ဟော်တယ်ဝန်ထမ်းတွေနဲ့ဝိုင်းလုပ်ဝိုင်းစား နေကြရင်း အပြန်အလှန်နွေးထွေးပေးကြရတယ်။ ခုလို ပြန်ပြင်နေဆဲကာလမှာ ငလျင် တွေ မပြီးနိုင်သေးတာက စိတ်သောက ကိုဖြေသိမ့်ဖို့ ခက်လှပါတယ် “ဟု ဟော်တယ် ပိုင်ရှင်တစ်ဦးက ညည်းတွားသည်။
“ကိုယ်က ငလျင်ဆို ထွက်ပြေးလို့ လွယ်ပေမယ့် အသက် ၈၀ အမေအိုကြီးက သူ့ဘာသူထဖို့ မလွယ်တော့ ကံပေါ် ပုံချနေရတော့တာပဲ၊ ရွေးချယ်စရာလည်းမရှိတာမို့ ငလျင်နဲ့ အသားကျအောင် နေဖို့ ပဲ စိတ်ကိုလေ့ကျင့်နေရတာ ”ဟု မိခင်နှင့်အတူနေ အမျိုးသမီးကြီးတစ်ဦးကဆိုသည်။
ကျမတို့မှာ အိမ်ကလေး ၂ လုံးက ကပ်ရက်ပါ၊ငလျင်ကြီးထိတော့ ပြိုစောင်းသွားတဲ့ ကအိမ်ကဘေးက တလုံးပေါ် မှီရက်ကျနေတာပေါ့၊ ခုကျတော့ ရေပါ ဝင်နေတော့ ငလျင်ဘေးကော ရေဘေးကော ပူးတွဲ ကြုံနေတာ၊နေ့ဖက်ဆိုရင် ကောင်းနေသေးတဲ့အခြမ်းဖက်နေကြတယ်၊ ညဆိုရင်တော့ ရပ်ကွက်ဓမ္မာရုံမှာ ညီအစ်မတတွေ သွားအိပ်ကြတယ်၊ ကပ်ဘေးအမျိုးမျိုးကို သံဝေဂ တွေနဲ့ကျော်ဖြတ်ရင်း မသေသေးတာကိုက ကံကောင်းနေသေးတယ်လို့ ယူဆပြီးနေရတာပဲဟု ဘုရားကြီးရှိနိဗ္ဗာန်ကုန် ရောင်းသူတစ်ဦးကဆိုသည်။
“မနေ့ညက မန်းမှာ ၉နာရီလောက်မှာ မိုးခြိမ်းတာကြောက်စရာကြီး၊ မိုးလည်း ခန သည်းလိုက်သေးတယ်၊ မနက် ၃ ခွဲ ငလျင်ကလည်း အဲ့မိုးခြိမ်းသံနဲ့တောင် ဆင်သလိုပဲ၊ ကိုယ်က သစ်သားအိမ် မို့ အသံပိုကျယ်တယ်ထင်တာ၊ မိတ်ဆွေတွေကိုမေးမှ သူတို့လည်း အတော် လန့်နေကြတာ၊ အားလုံး လန့်ပြီး ပြန်မအိပ်နိုင်ကြဘူးလေ၊ခုမနက်တော့ အကုန်ပြန်အိပ်နေကြပြီ၊”ဟု မန္တလေးသား တစ်ဦးက ပြောသည်။
“aftershock တွေကခနခနလှုပ်နေသေးတာ။ဒါပေမယ့် ဒီတခါငလျင်က ခါတိုင်းထက် အသံပိုအကျယ်ကြီးနဲ့နဲနဲကြာကြာလှုပ်လိုက်တာဆိုတော့ ၂၈ ရက်နေ့ ငလျင်က ရတဲ့ ထရော်မာ တောင် ပြန်ဝင်လာသလိုပဲ၊ အိမ်အောက်ဆင်းပြေးထိကို လှုပ်နေတုန်း”ဟု လူငယ်တစ်ဦးမှ ပြောသည်။
Popular Myanmar