အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်း ဆက်လက်မြင့်တက်လာ
အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော ပဋိပက္ခမြင့်တက်မှုနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းလည်း ဆက်လက် မြင့်တက်လာလျက်ရှိကြောင်းသိရသည်။
ဇွန်လ ၁၇ ရက်ကမ္ဘာ့ရေနံဈေးနှုန်းသည် ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်လာသည်ကိုတွေ့ရသည်။ ဘရန့်ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ ၇၆ ဒသမ ၄၅ ဒေါ်လာအထိရောက်ရှိလာသည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးနှင့်အီရန်တို့ကြား ပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းဖြစ်သည်။
ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အီရန်နိုင်ငံနှင့်ပတ်သက်၍ တင်းမာမှုပိုမိုမြင့်တက်စေမည့် မှတ်ချက် ပြုစကားပြောပြီးနောက် ရေနံဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
အထူးသဖြင့် ရေနံဈေးကွက်က ဟော်မု ရေလက်ကြားတွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ်မူတည်၍ ပိုမိုစိုးရိမ်နေ ရကြောင်း ဈေးကွက်ကျွမ်းကျင်သူတစ်ဦး ကပြောထားသည်။
Ref: RT
Photo - CNBC