လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆောင်ရွက်ချက်များ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဩဂုတ် ၁၃

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင် ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၈

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိမိတို့ကော်မတီအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များသို့ သွားရောက်၍ လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ဒုတိယအဆင့်အဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းသုံးခုကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း။

ရှေ့ပြေးစီမံချက်အနေဖြင့် ရမည်းသင်းမြို့နယ်တွင် ရေဘေးသင့်သွားခဲ့သည့် မိုးထိ၊ မိုးမိ၊ ဝါးဖြူ တောင်ဒေသမှ ချောင်းဖျားကျေးရွာနှင့် သပြေပင်ကျေးရွာတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အမရပူရမြို့နယ်တွင် ငလျင်ဘေးသင့် ရက်ကန်းလုပ်ငန်းရှင်များအတွက် ရက်ကန်းဇုန် (သို့မဟုတ်) ရက်ကန်းကျေးရွာတစ်ရွာ ထူထောင်ပေးနိုင်ရေးနှင့် ငွေကြေးအရင်းအနှီး ပြန်လည်ထူထောင်ပေးရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ကာလလတ်အစီအစဉ်အနေဖြင့် ငလျင်ကြောတစ်လျှောက် ငါးကီလိုမီတာအတွင်း ကျရောက်နေသည့် မြို့နယ် ၁၅ မြို့နယ်မှ ကျေးရွာပေါင်း ၄၈၉ ရွာတွင် သဘာဝဘေးပညာပေးအစီအစဉ်များနှင့် နိုင်ငံတော်ဘက်မှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ KBZ Center တွင် အစိုးရနှင့် လူမှုပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးသင်တန်းများကို လူထုလှုပ်ရှားမှုတစ်ခု အနေဖြင့် ဖော်ဆောင်ရေးတို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပါကြောင်း။

ထို့ပြင် စစ်ကိုင်းမြို့တွင် ရှေ့ပြေးစီမံချက်အနေဖြင့် စစ်ကိုင်းတောင်ရိုး၌ မှီခိုနေကြရသည့် နေရပ်စွန့်ခွာပြည်သူများနှင့် ငလျင်ဘေးသင့်ပြည်သူ ၂၅၀၀၀ ကျော်အတွက် ရွာထောင်ဘက်တွင် စုစည်းနေရာချထားပြီး ပြန်လည်ထူထောင်ရေးအတွက် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း။

နေပြည်တော်၌ ဆောင်ရွက်နေသည့် ရှေ့ပြေးစီမံချက်တွင် တိုးတက်ဖော်ဆောင်မည့် ကဏ္ဍလေးရပ်အဖြစ် ဘေးသင့်ပြည်သူလူထု၏ ဘဝအခြေအနေ လုံခြုံအေးချမ်းစွာ တိုးတက်စေရန်၊ ဘေးသင့်ပြည်သူလူထု၏ ဝင်ငွေတိုးတက်လာစေရန်၊ ဘေးသင့်ပြည်သူလူထု၏ လူသားအရင်းအမြစ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူမှုအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှု တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ဖွင့်ပွဲ၌ ခင်းကျင်း ပြသမည့် အစီအစဉ်များ၊ ထောက်ပံ့ပစ္စည်းပေးအပ်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

MOI

မန္တလေးမြို့၌ကျင်းပသည့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး

မန္တလေး ဇူလိုင် ၂၇

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ Y - Mandalay Hotel ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ၊ မန္တလေးမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ပါ​မောက္ခချုပ်/ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား ကျောင်းသူများစုစုပေါင်း အင်အား ၄၀၀ ခန့် တက်ရောက်ကြသည်။

သီဆိုကပြဖျော်ဖြေ

ဦးစွာ မန္တလေးမြို့ အမှတ်(၁၄) အ​ခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ်”နှင့် “ အနာဂတ်ကို ပိုင်စိုးသူလူငယ်များ” Video Clip နှစ်ခုကို ဖွင့်လှစ်ပြသသည်။

ဝိုင်းဝန်းဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် မန္တလေးမြို့အနေဖြင့် မူလအနေအထားအတိုင်း ပြန်လည်ရရှိနေပြီဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့်ပုံစံဖြင့် စာနာဖေးမမှုများဖြင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရန်၊ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပ​ရေး စီမံဆောင်ရွက်နေမှုများတွင် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားပေါ်ပေါက်လာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

လွှဲပြောင်းပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် MRTV DTH အစုံ ၅၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၁၅၀ တို့ကို လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက လက်ခံရယူသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအတွက် MRTV DTH အစုံ ၂၀ နှင့် MRTV DVB T-2 Set Top Box အလုံး ၄၀ တို့အား ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

ယင်းနောက် မန္တလေးမြို့ အမှတ်(၁၄) အ​ခြေခံပညာအထက်တန်း​ကျောင်းမှ ကျောင်းသား ကျောင်းသူများက “အောင်မြင်ပါစေ မြန်မာပြည်” တေးသီချင်းဖြင့် သီဆိုကပြပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အနုပညာဗဟိုဌာန (Myanmar Arts Center)တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် Myanmar Land & Development Limited ဆောက်လုပ်ရေးကုမ္ပဏီမှ Project Director ဒေါ်ယုယုနိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါ အနုပညာဗဟိုဌာန(မန္တလေး)တည်ဆောက်ရေးလုပ်ငန်းကို Myanmar Land & Development Limited က ၂၀၂၅ခုနှစ် မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ရာ အဆောက်အအုံနှင့် ဆောက်လုပ်ရေးဧရိယာအတွင်း ချုံနွယ်များရှင်းလင်းရေးအပါအဝင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဆောက်အအုံသံတိုင်များ သန့်ရှင်းရေးပြုလုပ်ပြီး ဆီဆေးသုတ်ခြင်း၊ အဆောက်အအုံသုံးထပ်တွင် ကြမ်းခင်းများပြုပြင်ခြင်း၊ RC Wall များတွင် အက်ကြောင်းများပြုပြင်၍ အချောကိုင်ခြင်း၊ ခြံစည်းရိုးအုတ်တံတိုင်း အရှည်ပေ ၂၀၇၀ ဆောက်လုပ်ခြင်း၊ ဂါလန် ၃၀၀၀၀ ဆံ့ မြေအောက်ရေကန်နှစ်လုံးတည်ဆောက်ခြင်း၊ ရှစ်လက်မမြေအောက် ရေတွင်းနှစ်ခုတူး​ဖော်ခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုအခါ ၁၂၅၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် ၃၃ ကေဗွီလိုင်း သွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငလျင်ဒဏ်သင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၌ ကွင်းဆင်းဆောင်ရွက်

မန္တလေး ဇူလိုင် ၂၆

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့ ဦးဆောင်သည့် လုပ်ငန်းကော်မတီအဖွဲ့သည် ယနေ့တွင် ငလျင်ဒဏ်သင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၌ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ခြင်း၊ ကွင်းဆင်းကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်သည်။

နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်ပြီး ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရအဖွဲ့များအပြင် လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် နိုင်ငံတကာတို့၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်အောင်မြင်စေရန်နှင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစည်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဦးစားပေးအဆင့်လိုက် လုပ်ငန်းစဉ်လျာထားပြီး ကာလတို၊ ကာလလတ်နှင့် ကာလရှည်ခွဲခြား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်မီဒီယာအနေဖြင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းစဉ်များအတိုင်း သတင်းအချက်အလက်များ စဉ်ဆက်မပြတ် ထုတ်ပြန်ပေးခြင်း၊ အသိပညာမျှဝေပေးခြင်းတို့အပြင် အနုပညာရှင်များ၏ စွမ်းအားနှင့်ပေါင်းစပ်၍ ဘေးသင့်ဒေသများအထိ သွားရောက်ပြီး စာနာမှု၊ အားပေးမှုနှင့် စိတ်ခွန်အားမြှင့်တင်မှုတို့ဖြင့် ဖျော်ဖြေရေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးနေပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ငလျင်ဒဏ်သင့်ဘုရား၊ စေတီနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်တည်ဆောက်မည့် အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ငလျင်ဘေးသင့်ဒေသများတွင် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက လုပ်ငန်းခွဲများအလိုက် ဆောင်ရွက်မှုနှင့် ဆက်လက်တင်ပြဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အနယ်နယ်အရပ်ရပ်မှ ကျွမ်းကျင်လုပ်သားများဖြင့် လုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်နိုင်ရေး၊ ဦးစားပေးဆောင်ရွက်ရမည့် ကျေးရွာများ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် လူငယ်များ ပါဝင်လုပ်ဆောင်နိုင်ရေး၊ နိုင်ငံတကာအကူအညီများ ရရှိအသုံးပြုနိုင်ရေး၊ ကြက်ခြေနီအသင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ နယ်လှည့်ဖျော်ဖြေရေး၊ စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရန် ပညာပေးရေးတို့ကို ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အကြောင်းအရာနှင့် ရလဒ်ဦးစားပေးသတင်းများ ထုတ်ပြန်နိုင်ရေး၊ လူငယ်များနေရာပေးနိုင်ရေးနှင့် နယ်လှည့်ဖျော်ဖြေရေးကိစ္စများကို ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းကော်မတီအဖွဲ့သည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဆင်ကျုံးယာယီဝန်ထမ်းအိမ်ရာသို့ ရောက်ရှိပြီး ဝန်ထမ်း ၁၅၀ အတွက် Container House ၁၅၀ နှင့် အုပ်ချုပ်မှုကိစ္စရပ်များ စီမံဆောင်ရွက်ပေးထားမှုကိုလည်းကောင်း၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနှင့် လမ်း ၁၁၀ ထောင့်ရှိ မန္တလေး KBZ Center သို့ ရောက်ရှိပြီး ပြည်သူများ အခမဲ့ဆေးကုသနိုင်ရန် အုပ်ချုပ်မှုကိစ္စရပ်များ စီမံဆောင်ရွက်ပေးထားမှု၊ ရေရှည်ကူညီထောက်ပံ့နိုင်ရန် ချေးငွေစီစဉ်ပေးထားမှု၊ ပြန်လည်တည်ဆောက်ရေးအတွက် အဆင့်မီသံချောင်းများ သင့်တင့်သောစျေးနှုန်းနှင့် ရောင်းချပေးရန် စီစဉ်ထားရှိမှု၊ သံချည်သံကွေး ဆောက်လုပ်ရေးဆိုင်ရာပညာမျှဝေပေးမှု၊ အရေးပေါ်အသက်ကယ်လှေများ အသင့်စုဖွဲ့ထားရှိမှုတို့ကိုလည်းကောင်း၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ရက်ကန်းလုပ်ငန်းနှင့် ပန်းပုလုပ်ငန်းလုပ်ကိုင်နေကြသော ပြည်သူများ၏ လိုအပ်ချက်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး နည်းလမ်းဖော်ထုတ်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး နေရာတစ်ခုစီအတွက် MRTV DTH အစုံ ၁၀ စုံစီနှင့် MRTV DVB T-2 Set Top Boxအစုံ ၂၀ စီ ဖြင့် စုစုပေါင်း DTH အစုံ ၃၀ နှင့် Set Top Box အစုံ ၆၀ တို့ကို ပေးအပ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံတော်အစိုးရအဖွဲ့အစည်းအဆင့်ဆင့်နှင့် လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ မျဉ်းပြိုင်သဖွယ်ဆောင်ရွက်မှုပုံစံမှ ပေါင်းစည်း၍ ပိုမိုထိရောက်ပြီး အကျိုးကျေးဇူးရှိနိုင်ရန်နှင့် ဝိုင်းဝန်းဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့၏ အထင်ကရငွေထည်လုပ်ငန်းများ ပြန်လည်ကောင်းမွန်စေရေး ဖြည့်ဆည်းမှုများ ပြုလုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းမြို့ တည်ငြိမ်အေးချမ်းလာမှုနှင့်အတူ ဆက်လက်၍ တိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံတော်နှင့်ပြည်သူလက်တွဲပေါင်းစပ်၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်မီဒီယာအနေဖြင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မကြာမီကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စေရေး ပြည်သူလူထုအားနှင့် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က နယ်မြေဒေသအလိုက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရန် ဆွေးနွေးပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် MRTV DTH အစုံ ၅၀ နှင့် MRTV DVB T-2 Set Top Box အစုံ ၁၅၀ အား လွှဲပြောင်းပေးအပ်သည်။

အဆိုပါ လုပ်ငန်းကော်မတီအဖွဲ့သည် စစ်ကိုင်းမြို့ မဟာစည်းခုံကြီး ဘုရားဝင်းအတွင်းရှိ ယာယီဝန်ထမ်းအိမ်ရာသို့ သွားရောက်ပြီး ဝန်ထမ်းမိသားစု ၃၆ စုအတွက် Container House များနှင့် အုပ်ချုပ်မှုကိစ္စရပ်များ စီမံဆောင်ရွက်ပေးထားမှုကို ကြည့်ရှု၍ ဝန်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ထမ်းမိသားစုများအတွက် MRTV DTH အစုံ ၁၀ စုံနှင့် MRTV DVB T-2 Set Top Box အစုံ ၂၀ တို့ကိုပေးအပ်သည်။

ထို့နောက် စစ်ကိုင်းမြို့ ရွာထောင်မီးရထားဒီဇယ်စက်ခေါင်းဝင်းအနီးရှိ မြေ ၆ ဧကခန့်တွင် Container House များဖြင့် ထပ်မံနေရာ ချထားနိုင်ရေးကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး Commercial Area ရှိ Ocean Super Center, Shops Houses နှင့် လမ်းလျှောက်စျေးတို့သို့ သွားရောက်ပြီး ပြည်သူများ စျေးဝယ်/အပန်းဖြေမှုများဖြင့် စည်ကားနေမှုကို လိုက်လံကြည့်ရှုပြီး စျေးရောင်းသူနှင့် စျေးဝယ်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါ မင်္ဂလာမန္တလေးဧရိယာရှိ အဆောက်အအုံများမှာ မြေငလျင်ဒဏ်ထိခိုက်မှုများရှိခဲ့သော်လည်း စံချိန်စံညွှန်းနှင့်အညီ အမြန်ပြန်လည်ပြုပြင်ပြီး သက်ဆိုင်ရာ၏ စစ်ဆေးမှုများရယူကာ ဇွန် ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ ယခုအခါ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး ရောင်း/ဝယ် လည်ပတ်မှု၊ အပန်းဖြေအနားယူမှုများဖြင့် ပြန်လည်စည်ကားလာခြင်းဖြစ်ကြောင်း သိရသည်။

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေး

ပြင်ဦးလွင် ဇူလိုင် ၂၅

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၃၀၀ ခန့် တက်ရောက်ကြသည်။

ဦးစွာ ပြင်ဦးလွင်မြို့ အထက(၁)မှ ကျောင်းသူ လေးများက “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည်တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ်” နှင့် “ အနာဂတ်ကို ပိုင်စိုး သူ လူငယ်များ” Video Clip နှစ်ခုကို ဖွင့်လှစ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးရာတွင် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် အခြေခံဖြစ်သော နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတွင် ပြင်ဦးလွင်မြို့နယ်အနေဖြင့် မူလအနေအထားအတိုင်း ရရှိနေပြီးဖြစ်၍ နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သဒ္ဓါတရားထက်သန်သည့် မြန်မာလူမျိုးများ ဖြစ်သည့်အတိုင်း အားနည်းသူကို ဝိုင်းကူသည့် ပုံစံဖြင့် စာနာဖေးမမှုများနှင့် ရိုင်းပင်းကူညီဆောင်ရွက်ကြရန်၊ အနာဂတ်မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပ​ရေး စီမံနေမှုများအပေါ်တွင်လည်း ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ တိုးတက်ခိုင်မာ အားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး တစ်နည်းအားဖြင့် စစ်မှန်သည့်ဒီမိုကရေစီစနစ် ထွန်းကားလာစေရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိပညာရှိမှု၊ စည်းကမ်းနားလည်လိုက်နာမှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုတို့နှင့် ဝိုင်းဝန်း ဆောင်ရွက်ကြရန် ​ဆွေး​နွေးပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအား MRTV DTH ၁၀ စုံနှင့် MRTV DVB T2 Set Top Box အစုံ ၂၀ တို့ကို ကံစမ်းမဲဖောက်၍ ပေးအပ်သည်။

ယင်းနောက် ပြင်ဦးလွင်မြို့ရှိ “လင်းလက်ကြယ်စင်ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပန်းကမ္ဘာမျှော်စင်” တေးသီချင်းဖြင့် သီဆိုကပြပြီးနောက် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့၏ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုအရ ပြည်သူများအေးချမ်းပျော်ရွှင်စွာ အပန်းဖြေအနားယူ လည်ပတ်လျက်ရှိသည့် “ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း” (BE Falls Nature Amusement Park) သို့ (ဝဲပုံ) သွားရောက်ကြပြီး အပန်းဖြေစခန်းမှ တာဝန်ရှိသူများနှင့် လာရောက်အပန်းဖြေ လည်ပတ်နေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါ အပန်းဖြေစခန်းတွင် Sky Cable Car, 5D LED မှန်တံတား၊ ဆင်ကလေးများ၏ ဖျော်ဖြေမှု အစီအစဉ်၊ ရာသီပေါ်ပန်းအလှစိုက်ခင်း၊ Photo booth များ၊ ခေတ်လွန်ယာဉ်များ၊ တောတွင်း လျှောက်လမ်းနှင့် ကြိုးတံတား၊ Jumping Cloud၊ ခေတ်မီကစားကွင်း၊ ချားရဟတ်၊ Unplugged တီးဝိုင်း၊ ဘာဂီ၊ အလှမြင်းရထားလုံးများ၊ အဆင့်မြင့် စားသောက်ဆိုင်များ၊ ဒေသထွက်ဖျော်ရည်နှင့် အစားအစာများ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များဖြင့် ဝန်ဆောင်မှုပေးထားသည့်အပြင် ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကစားနည်းများဖြစ်သည့် Family Coaster ၊ Bumper Car ၊ Tea Cup နှင့် Merry Go Round တို့ကို ယခုနှစ် ဧပြီလတွင် ထပ်မံတိုးချဲ့ ထည့်သွင်းဆောင်ရွက်ထားပြီး ဒိုင်နိုဆောများ၊ သဘာဝရုပ်ကြွင်းပြကွက်တို့ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူအပန်းပြေစေရေးအတွက် အသေးစိတ် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်‌တော် ဇူလိုင် ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးမည့် လေးလက်မစက်ရေတွင်း နှစ်တွင်း တူးဖော်မည့်နေရာ၊ ညောင်ပင်သာကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးမည့်နေရာနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအတွက် ကျေးရွာလူမှုစီးပွားဘဝမြင့်မားရေးအချက်အလက်များကို ရွာသူ ရွာသားများကိုယ်တိုင် ဖော်ထုတ်ရေးဆွဲနေမှု၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေသော အခြေခံစက်ချုပ်သင်တန်း၌ လက်တွေ့သင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ညောင်ပင်သာဘုန်းကြီးကျောင်း၌ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမည့်အစီအစဉ်နှင့် ဆိုင်ကယ်ပြင်သင်တန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် သမဝါယမအသင်းစု၌ လှချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းက စက်ရက်ကန်းများ တပ်ဆင်ဆောင်ရွက်နေမှုနှင့် ဝါကုန်ကြမ်းဝယ်ယူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၁

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီနှင့် ဆွမ်းဦးပုညရှင်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများ ဘက်စုံပြန်လည်ပြုပြင်နေမှု၊ စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုနှင့် ဘက်စုံပြန်လည်ပြုပြင်နေမှု၊ နှစ် (၇၀၀) ပြည့် အားကစားခန်းမ၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်နေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက် အနီးစခန်းသာမဏေကျော်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါစာသင်တိုက်ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ယောဂီများအား တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နန်းမြို့ရိုး၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျုံးအနောက်ဘက်ရှိ စည်းရှည်တံခါးအား ရှေးမူမပျက်ပြန်လည်ပြုပြင်မွမ်းမံနေမှု၊ မြို့ရိုးအတွင်းဘက်ရှိ လှေကားများအား ပြန်လည်ပြုပြင်ရန် ဆောင်ရွက်ထားရှိမှု၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာ၌ အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်နှင့် အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံများအား စက်ယန္တရားကြီးများ အသုံးပြု၍ ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဇူလိုင် ၁၆

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာတို့သို့ သွားရောက်၍ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် မကျီးပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အမျိုးသမီးများအား အခြေခံစက်ချုပ်နည်းပညာ သင်တန်းပို့ချသင်ကြားပေးနေမှုကိုလည်းကောင်း၊ ရေတွင်းဖြူကျောင်းတိုက်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးမှ မကျီးပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်း (၃) စီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျ ထုတ်ပေးနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ထို့နောက် မကျီးပင်ညောင်ပင်သာကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဦးဥက္ကဋ္ဌအား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကာ သဘာဝဘေးဒဏ်ကြောင့် ဘုရား၊ စေတီ၊ ပုထိုးများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ညောင်ပင်သာကျေးရွာ ရှင်းလင်း ဆေင်၌ သဘာဝဘေးဒဏ်သင့်ကျေးရွာများဖြစ်သည့် မကျီးပင်နှင့် ညောင်ပင်သာကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ယခုနှစ်ပိုင်းအတွင်း အမျိုးမျိုးသော သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပြီး ပြည်သူများလည်း ထိခိုက်ခံစားခဲ့ရကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း မိမိတို့တွင်ရှိသည့်အားဖြင့် ပြန်လည်ရုန်းထ၍ မိမိတို့ဘဝရှေ့ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း မကျီးပင်နှင့် ညောင်ပင်သာကျေးရွာများမှ ပြည်သူများ နေထိုင်နိုင်ရန်လူနေအိမ်များ တည်ဆောက်ပေးခဲ့ပြီး ကြက်ခြေနီအသင်းမှလည်း ရေနှင့် မိလ္လာအဆင်ပြေစေရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

ထို့ပြင် ယခုကျေးရွာ နှစ်ရွာ၌ နောင်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန် မြစ်၊ ချောင်းများ ထိန်းသိမ်းရေးကို စနစ်တကျဆောင်ရွက်သွားမည့်အပြင် ပြန်လည်ထူထောင်ရေးကာလအလွန်တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကိုင်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ကျေးရွာများအတွင်း ခရီးစဉ်ဒေသများ ဖော်ထုတ်၍ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေအနားယူခြင်းမှတစ်ဆင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးတက်ရရှိစေရန်လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိတို့ရပ်ရွာသန့်ရှင်းလှပစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း စီမံချက်ကို ယခုကျေးရွာနှစ်ရွာတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး နောင်တွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၌လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ထူထောင်ရေးစီမံကိန်းများတွင် တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက သဘာဝဘေးဒဏ်သင့် မကျီးပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့တွင် ဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးက Contract Farming စနစ်ဖြင့် ရုံးပတီစမ်းသပ်စိုက်ပျိုးမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ညောင်ပင်သာကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးအား MRTV DTH စလောင်းနှင့် DVB-T2 Set Top Box တို့ကို ပေးအပ်ပြီး ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဝင်တို့က မကျီးပင်နှင့် ညောင်ပင်သာကျေးရွာတို့အတွက် MRTV DTH စလောင်း၊ DVB-T2 Set Top Box နှင့် ကျေးရွာစာကြည့်တိုက်တို့အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ပေးအပ်ကြသည်။

ယင်းနောက် မကျီးပင်နှင့် ညောင်ပင်သာကျေးရွာတို့မှ ပြည်သူများက ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုအခြေအနေ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ပင်သာကျေးရွာအတွင်းရှိ ရေဘေးသင့်ပြည်သူများ နေထိုင်နိုင်ရန် တည်ဆောက်ပေးထားသည့် လူနေအိမ်များကို ကြည့်ရှုစစ်ဆေးပြီး အိမ်ထောင်စုများအလိုက် နေထိုင်စားသောက်မှုအခြေအနေများ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေများကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နဝင်းချောင်းကမ်းထိန်းလုပ်ငန်းလျာထားဆောင်ရွက်နေမှု အခြေအနေ၊ ကျေးရွာအတွင်း တပ်ကုန်းမြို့ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ထိခိုက်လွယ်အုပ်စုလေးအုပ်စုတို့မှ ပြည်သူများအား စောင့်ရှောက်ပေးနေမှုနှင့် ကျေးရွာအတွင်း အသားကဏ္ဍဖူလုံစေရန်ရည်ရွယ်၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာရှိ သားခိုတောင်မဟာ အတုလလောကရန်အောင်ဆုတောင်းပြည့်စေတီ တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီး စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေနှင့် MRTV DVB-T2 Set Top Box တို့ကို ဘုရားဂေါပကတာဝန်ရှိသူထံ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ရှေးဟောင်းသမိုင်းဝင် သားခိုတောင်ဒေသကို ပြည်သူများလာရောက် လေ့လာနိုင်မည့် ဒေသန္တရခရီးစဉ်တစ်ခုအဖြစ် ဖော်ဆောင်ကာ ညောင်ပင်သာအပန်းဖြေစခန်းနှင့်တွဲဖက်၍ လျာထားဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာ ဘမ်ဘူးဝါးထုတ်ကုန် သမဝါယမအသင်းလီမိတက်ရှိ ဝါးသင်တန်းခန်းမ၌ အသင်းသူ အသင်းသားများနှင့် တွေ့ဆုံ၍ ဝါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။