နေပြည်တော် ဇူလိုင် ၁၁
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ဆောင်ရွက်ချက်များ

အစည်းအဝေးသို့ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရှေ့ပြေးစီမံချက်အနေဖြင့် ဆောင်ရွက်သွားမည့် နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုမှ ရေဘေးသင့်ကျေးရွာဖြစ်သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာများတွင် လူမှုအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံချက် ဖော်ဆောင်ရေးအတွက် ဦးတည်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။
စီမံချက်ရွာနှစ်ရွာ၏ လူမှုစီးပွားရေးအခြေအနေကိုသုံးသပ်ပြီး လိုအပ်ချက်များနှင့် လုပ်ဆောင်ဖြည့်ဆည်းပေးရမည့် နည်းလမ်းလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ပြီး စီမံချက်ရေးဆွဲသွားရမည်ဖြစ်သည့်အတွက် လက်တွေ့ဖြစ်နိုင်ခြေဆန်းစစ်ချက်များ ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါဆန်းစစ်ချက်များ ပေါင်းစပ်ပြီးနောက် လုပ်စရာရှိသည့် လုပ်ငန်းများကို ဆက်လုပ်ကြရမည်ဖြစ်ပြီး လုပ်ဆောင်ချက်များ၏ အောင်မြင်ပြီးစီးမှုကိုလည်း ကာလအလိုက် ပြန်လည်သုံးသပ်ဆန်းစစ်သွားကြရမည်ဖြစ်ပါကြောင်း။
မိမိတို့ ကော်မတီအနေဖြင့် အကြမ်းဖျင်းစီမံချက်အနေဖြင့် အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်ရန် စဉ်းစားထားပါကြောင်း၊ ပထမအပိုင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေးအတွက် အစီအမံများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ပေးပြီး ဒေသခံပြည်သူများသိရှိအောင် ရပ်ရွာအခြေပြုအသိပညာပေးလုပ်ငန်းများ ပြုလုပ်သွားကြရမည်ဖြစ်ပါကြောင်း၊ ဒုတိယအပိုင်းဖြစ်သည့် လူမှုစီးပွားရေးပြန်လည်ထူထောင်မှုအပိုင်းဖြစ်သည့် စီးပွားရေးအပိုင်းတွင် မိမိတို့ကော်မတီအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးကုန်ထုတ်သမ/နှင့် MSME များ ထူထောင်ပေးခြင်း၊ အရင်းအနှီးအတွက် မြစိမ်းရောင်၊ VDF ၊ မွေးမြူရေးအစုအဖွဲ့များကို တိုးချဲ့ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် Cash for Work အစီအစဉ်များ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်၍ ရှေးဟောင်းသမိုင်းဝင်သားခိုတောင် ဒေသန္တရခရီးစဉ်ကို ညောင်ပင်သာအပန်းဖြေစခန်းနှင့် တွဲဖက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်ပါကြောင်း။
ပြည်သူ့ဆက်ဆံရေး Public Relations နှင့် ပတ်သက်၍ မကျီးပင်၊ ညောင်ပင်သာတွင်ရှိသည့် Community Center ကို အခြေပြုပြီး ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံလူထုကို သတင်းအချက်အလက်မျှဝေခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုရှေ့ပြေးစီမံချက်မှသည် ကျန်သည့်တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ဒေသအလိုက် အလားတူဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တစ်နိုင်ငံလုံးက ပြည်သူများအတွက် နမူနာအဖြစ် သတင်းအချက်အလက်များ မျှဝေပေးနိုင်ရန်နှင့် မိမိတို့လုပ်ငန်းကော်မတီ၏ ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည် ပြီး နိုင်ငံတော်အစိုးရအပေါ် ပိုမိုယုံကြည်အားကိုးလာနိုင်ရန်အတွက် မီဒီယာနည်းလမ်းများကတစ်ဆင့် ထုတ်လွှင့်ဖြန့်ချိသွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် မီဒီယာကိုအသုံးချပြီး အရွေ့တစ်ခုကိုသွားနိုင်သည့် လုပ်ငန်းစဉ်များဖြစ်အောင် ဝန်ကြီးဌာနများကလည်း ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမြင့်စိုးက တပ်ကုန်းမြို့နယ် ညောင်ပင်သာကျေးရွာနှင့် မကျီးပင်ကျေးရွာများ၏ ဒေသဆိုင်ရာအချက်အလက်များ၊ သဘာဝဘေးထိခိုက်ခဲ့မှု QIP Phase(I) အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
MOI

နေပြည်တော် ဇူလိုင် ၈ “တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” အတွင်းရေးမှူး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အမှတ် (၂) ခရိုင်ချင်းဆက်လမ်းမှ ရှေးဟောင်းသမိုင်းဝင် သားခိုတောင် မဟာအတုလလောကရန်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ သွားသောလမ်းအရှည် သုံးမိုင်ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အဆိုပါလမ်းကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေစေရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် လတ်တလောပြုပြင်ဖောက်လုပ်ပေးရမည့် လမ်းအခြေအနေနှင့် Box Culvert တည်ဆောက်ပေးရမည့်နေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပျူခေတ်လက်ရာ အုတ်လှေကားများကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ငယ်ချောင်းကူး အုန်းပင် - တောင်ပို့သာ သံကူကွန်ကရစ် တံတား ပေ ၃၀၀ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တပ်ကုန်းမြို့နယ် ကြို့ပင်သာကျေးရွာ၌ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး (SEP) စီမံကိန်းရန်ပုံ ငွေကျပ်သိန်း ၂၁၀ ပေးအပ်၍ အိမ်ထောင်တစ်စုချင်းအလိုက် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် တွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းဝင်းအတွင်း ရေသွယ်ယူရေးလုပ်ငန်းများ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် အင်ပင်ကျေးရွာသို့သွားရောက်၍ ဝါစိုက်သမဝါယမအသင်းသားတောင်သူများထံ ဝါမျိုးစေ့နှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ယမန်နှစ် ဝါစိုက်ပျိုးရာသီတွင် တစ်ဧကအထွက်နှုန်း ပိဿာ ၅၅၀ ခန့်သာရရှိ၍ ယခုနှစ် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ကျော်ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး စိုက်ပျိုးရေးသမဝါယမအသင်းလေးသင်း၏ ဝါစိုက်ဧက ၆၇၄ ဧကအတွက် ရာကာ ခြောက်ရာခြောက်ဆယ့်ခြောက် (RAKA-666) ဝါမျိုးစေ့များနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်၊ ဇူလိုင်-၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံလူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးခဲ့သည့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံလူနေအိမ်များအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေးဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက မဟာ အောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်မြေသာဇံခရိုင်၊ အောင်မြေသာဇံ မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊မတ္တရာမြို့နယ်၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ရမည်းသင်းခရိုင်၊ ရမည်သင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်များရှိ တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးခဲ့သည့် ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံ လူနေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံလူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းများအတွက် ပြည်သူတစ်ဦးဖြစ်သည့် ဦးသန်းစိန်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း နှင့် အခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့် ပြည်သူများအား နေအိမ်အမျိုးအစားအလိုက် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်(ကျောက်ဆည်)

နေပြည်တော် ဇူလိုင် ၄
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနစုပေါင်းအစည်း အဝေးခန်းမ၌ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သဘာဝဘေး အန္တရာယ်တစ်ခုဖြစ်ပွားပြီး တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီအထောက်အပံ့ ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပြီးသည်နှင့် ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကိုဆောင်ရွက်၍ ရရှိလာသည့်လေ့လာ တွေ့ရှိချက်များကို အခြေခံကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်ကို ရေးဆွဲဆောင်ရွက်လေ့ရှိကြပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆိုပါလုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူပြုစုပြီးဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်ကို မူလအခြေ အနေထက် ပိုမိုကောင်းမွန်ပြီး အနာဂတ်ဘေးအန္တရာယ်များအတွက်ပါ ကြံ့ကြံ့ခံနိုင်သည့် လူ့အသိုက်အဝန်း ဖြစ်လာစေရေး ဦးတည်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတကာစံနှုန်းများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်သော ပြန်လည်ထူထောင်ရေး စီမံချက်ဖြစ်စေရေး ရေးဆွဲဆောင်ရွက်ကြရန်လိုပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍ အလိုက်လက်တွေ့ကျပြီး လိုအပ်မှုနှင့်ကိုက်ညီကာ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စီမံချက်တစ်ရပ် ပေါ်ပေါက်စေရေး ဘက်စုံထောင့်စုံက စဉ်းစားကာရေးဆွဲပြုစုကြစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်က ပြန်လည်ထူထောင်ရေးစီမံချက် (Recovery Plan)ရေးဆွဲရာတွင် ကဏ္ဍတစ်ခုချင်းအလိုက် ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည့်အချက်များကို အကြံပြုဆွေးနွေးသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

02 July 2025
02 July 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရပ်ရွာလူထု၏ သဘာဝဘေးများအပေါ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ပိုမိုမြင့်မားရေးနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး ဗဟုသုတများ ပိုမိုသိရှိလာစေရေး ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
MOHA

နေပြည်တော် ဇူလိုင် ၁
“တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ” အတွင်းရေးမှူး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အတွင်းရှိ မန်ကျည်းပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ၌ ရွာသူ ရွာသားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မန်ကျည်းပင်ကျေးရွာအုပ်စု မန်ကျည်းပင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့ကို ဦးတည်၍ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ဆောင်ရွက်ပေးမည့် အစီအစဉ်၊ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေးတို့အတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့က အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရွာသူရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ရာဂီမုန်တိုင်းကျရောက်ခဲ့စဉ်က နေအိမ်များ မျောပါသွားသည့် ညောင်ပင်သာကျေးရွာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ညီနောင်အသင်းများနှင့် အလှူရှင်များက ဆောက်လုပ်ပေးထားသည့် နေအိမ် ၂၃ လုံးကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့် ထူထောင်ပေးထားသော ဆိတ်မွေးမြူရေးလုပ်ငန်းကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် တပ်ကုန်းမြို့နယ် တံခွန်တိုင်ကျေးရွာသို့ သွားရောက်၍ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေတို့ကို ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်း၌ကျင်းပသည့် ထန်းတောကြီးကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာနှင့်် ဂွေးပင်စံပြကျေးရွာတို့မှ ဝါစိုက်သမဝါယမအသင်းသား တောင်သူများအား ဝါမျိုးစေ့နှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့က တံခွန်တိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ဂွေးပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ အသင်းသားတောင်သူ ၅၅ ဦး၏ ဝါစိုက်ဧက ၁၅၇ ဧကအတွက် RAKA - 666 ဝါမျိုးများနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်၊ ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီးတိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုင်းအဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုင်းအဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင် က သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားနိုင်ရေးတွင် အစိုးရတစ်ခုတည်း၏အင်အားဖြင့်မဟုတ်ဘဲ ပိုမိုကောင်းမွန်သောပြန်လည်ထူထောင်ရေးနှင့် . ပြန်လည်တည်ဆောက်ရေးအတွက် ပြည်သူတိုင်း စုစည်းညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးအတွက် အပြန်အလှန် လေးစားယုံကြည်မှု၊ ရပ်ရွာစွမ်းဆောင်ရည်ကို မြှင့်တင်ထားနိုင်မှု၊ တန်းတူညီမျှစွာအခွင့်အရေးရရှိစေမှုတို့သည် အရေးပါသောအချက်များပင်ဖြစ်ကြောင်း၊သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်တုံ့ပြန်ရင်ဆိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ လိုအပ်ချက်ပမာဏတွင် ကြီးမား သောကြောင့် ကဏ္ဍပေါင်းစုံ၌ အစိုးရနှင့်ဒေသအာဏာပိုင် အဖွဲ့အစည်းများသာမက ပြည်တွင်း/ ပြည်ပမှ စေတနာရှင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူမျာ၏ စိတ်အားထက်သန်စွာ ပူးပေါင်း ဆောင်ရွက်မှုများ လိုအပ်ကြောင်း၊ ဒါ့ကြောင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး စီမံချက်ကာလ (၆)လဖြင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက် အဝန်းဖော်ဆောင်ရေးလုပ်ငန်းသည် တစ်မျိုးသားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ရင်ဆိုင် တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းတွင်လည်း အားလုံးဝိုင်းဝန်းပူးပေါင်းပြီး ကြိုတင်ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို စနစ်တကျထိရောက် လျင်မြန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းလူမှုအဖွဲ့အစည်းများက စိတ်အားထက်သန်စွာဖြင့်ညီညီညွှတ်ညွှတ်ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စီမံချက်များ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
Myanmar National Post

ပုသိမ် ဇွန် ၂၉
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။

ဦးစွာ ဟင်္သာတမြို့နယ် နိဗ္ဗာန်ကျေးရွာအုပ်စု ဦးဖိုးကျားစာကြည့်တိုက်သို့ရောက်ရှိကာ စာကြည့်တိုက်အတွင်း စာပေလေ့လာဖတ်ရှုနေသည့် ကျောင်းသား ကျောင်းသူများအား အားပေးစကားပြောကြားပြီး စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတစ်ဝန်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသားပညာဝန် ဆရာကြီးဦးဖိုးကျားနှင့် ဦးသန့်တို့ကဲ့သို့ အထင်ကရပုဂ္ဂိုလ်များအား ဂုဏ်ပြုဖွင့်လှစ်ထားသည့် စာကြည့်တိုက်များရှိရာ စာကြည့်တိုက်များတွင် လူငယ်များအား စာအုပ်စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများဖြင့် အနာဂတ်လူချွန်လူမွန်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းအတွင်း ခိုင်မာသည့်စာကြည့်တိုက်ပေါင်း ၃၄၀ ကျော် ဖွင့်လှစ်ဆောင်ရွက်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီအားပေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုကလှူဒါန်းသည့် မှန်နန်းရာဇဝင်စာအုပ်များ၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် ၁၀ သိန်း၊ လူထုသိပ္ပံကျမ်းများနှင့် သုတ၊ ရသ စာအုပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က MRTV DTH စလောင်းသုံးစုံကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီအတွင်းရေးမှူး ဦးလှမြိုင်နှင့် စာကြည့်တိုက်မှူး ဒေါ်နွဲ့နွဲ့မူတို့က လက်ခံရယူသည်။
ထို့နောက် ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာအုပ်စု ကရင်စုကျေးရွာတွင်ကျင်းပသည့် မျိုးစေ့ချကိရိယာ(Drum Seeder)၊ မျိုးစေ့ထုတ်တောင်သူများ သို့ မျိုးစပါး(R.S)မျိုးစေ့ပေးအပ်ပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားကို တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စပါးမျိုးစေ့နှင့် မျိုးစေ့ချကိရိယာများကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က MRTV DTH စလောင်းတစ်စုံကိုလည်းကောင်း ကျေးရွာများအလိုက်ပေးအပ်ကြပြီး မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဟင်္သာတမြို့နယ် ကုန်ကြီးအုပ်စု တံခွန်တိုင်ကျေးရွာရှိ စိုက်ပျိုးရေးမျိုးစေ့ခြံတွင် မိဘမျိုးစပါးကို ပင်ကြား၊ တန်းကြား ၁၀ လက်မ အတန်းလိုက်စိုက်နည်းစနစ် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အင်းမရွာဦးကျောင်းတိုက်တွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဟင်္သာတ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ အကျော်၊ အဂ္ဂမဟာ ဂန္ထဝါစက ဘဒ္ဒန္တပဏ္ဍိတနှင့် ကျောင်းထိုင်ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဦးအာသဘတို့ထံ လှူဖွယ်ဝတ္ထုနှင့် MRTV DTH စလောင်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဟင်္သာတခရိုင် ဖောင်ဆိပ်ကျေးရွာ၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကကျင်းပသော ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် မီးသတ်ဦးစီးဌာနကကျင်းပသော ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားတို့ကိုတက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများကိုလည်းကောင်း၊ MRTV DTH စလောင်းသုံးစုံနှင့် DVB T2 Set Top Box အလုံး ၂၀၀ ကိုလည်းကောင်းပေးအပ်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းများဖော်ဆောင်ရေး လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်များကို ကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော် ဇွန် ၂၈
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မျိုးရင်ရင် သီလရှင်စာသင်တိုက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုနှင့် စစ်ကိုင်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပရေးအတွက် လမ်းဘေးဝဲ/ ယာများရှိ ငလျင်ဒဏ်ကြောင့် အပြိုအပျက်များအား အဖွဲ့အသီးသီးက အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင်စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်၊ ရွှေဟင်္သာတိုက်သစ်၌ ရွှေဟင်္သာတိုက်သစ်ဆရာတော် အရှင်သဒ္ဓမ္မအမှူးပြုသော သံဃာတော်အရှင်သူမြတ်များက ငလျင်ဒဏ်ကြောင့် ဘဝနတ်ထံပျံလွန်တော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကွယ်လွန်သွားကြသော လူပုဂ္ဂိုလ်များအတွက် သုံးလပြည့်ရည်စူးကုသိုလ်အမျှအတန်းပေးဝေပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ရွှေဟင်္သာတိုက်သစ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြပြီး အလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှုဒါန်းကြကာ ရေစက်သွန်းချ အမျှ ပေးဝေသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်နှင့် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီးကင်းရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာသွားလာနိုင်ရေး ဆောင်ရွက်ထားရှိမှုတိုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။