နှစ်ဖက်လုံး ထိခိုက်ပျက်စီးစေမည့် အကောက်ခွန်စစ်ပွဲ ဖြစ်လာအောင် မပြုလုပ်မိရန်တရုတ်နိုင်ငံပိုင် မီဒီယာ သတိပေး
News Image
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် ထပ်ဆောင်းအခွန်စည်း ကြပ်ရန် ကတိကဝတ်ပြုခြင်းသည် ကမ္ဘာ့ထိပ်သီး စီးပွားရေးနှစ်နိုင်ငံအကြား အပျက်သဘောဆောင်သည့် အကောက်ခွန်စစ်ပွဲ ဖြစ်သွားနိုင်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာ ၂၇ ရက်တွင် သတိပေးပြောကြား လိုက်ပါသည်။ “မိမိတာဝန်ယူသည့်ရက်မှစ၍ တရုတ် နိုင်ငံမှ သွင်းကုန်များအပေါ် ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်းစည်းကြပ်မည်”ဟု ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတဖြစ်လာမည့် ထရန့်က တနင်္လာနေ့တွင် ပြောလိုက် ခြင်းအပေါ် တရုတ်ဖက်က တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။