၂၀၂၄ ခုနှစ်  ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ

News Image

  • ၂၀၂၄ ခုနှစ်  ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ

၂၀၂၄ ခုနှစ် ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံး နိုင်ငံများ အကြောင်းကို နာမည်ကျော် Global Finance မဂ္ဂဇင်း က ထုတ်ပြန်လိုက်ပါသည်။ 

အဆင့်(၁)နေရာတွင် ရှိသည့် အိုက်စလန်နိုင်ငံသည် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံနေရာတွင် ၂၀၀၈ ခုနှစ် ကတည်းကပင်(၁၇)နှစ်တိုင်အောင်  ရပ်တည်နေသည့် နိုင်ငံဖြစ်ပါသည်။ အိုက်စလန်နိုင်ငံရှိ ပြည်သူများသည် ညဖက်၌ အေးချမ်းလုံခြုံစွာ အိပ်စက်အနားယူနိုင်ကြပြီး မည်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မျှ မရှိသော ထူးခြားသည့် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်းဖြစ် ပါသည်။ အိုက်စလန်နိုင်ငံတွင် လူဦးရေ ၃၉၀,၀၀၀ ဦး ခန့်နေထိုင်ပါသည်။ 

အဆင့်(၂)နေရာတွင် ရှိသည့် အိုင်ယာလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံ  တစ်နိုင်ငံလည်းဖြစ် ပါသည်။ အလုံခြုံဆုံးနိုင်ငံဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးကို မြတ်နိုးသော နိုင်ငံလည်းဖြစ်ပါသည်။ လွတ်လပ်သော အနေအထားနှင့် ကြားနေစစ်တပ်တို့ဖြင့် ဖွဲ့စည်းထား ပါသည်။ အိုင်ယာလန်နိုင်ငံတွင် ၂၀၂၄ ခုနှစ် စစ်တမ်း အရ လူဦးရေ ၅.၂ သန်း ကျော်နေထိုင်ပါသည်။

အဆင့်(၃)နေရာတွင် ရှိသည့် ဩစတြီးယားနိုင်ငံသည် နိုင်ငံသားများအတွက် ဝင်ငွေ၊ အလုပ်အကိုင်၊ အိမ်ရာ စသည့် သုခချမ်းသာများ အမြင့်ဆုံး ရရှိပိုင်ဆိုင်နိုင်သော နိုင်ငံဖြစ်ပါသည်။ ဩစတြီးယားနိုင်ငံ၏ ကြားနေမူဝါဒ အရ EU နှင့် NATO တို့၏ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘဲ မိတ်ဖက်နိုင်ငံအဖြစ်သာ ရပ်တည်နေပါသည်။ 

၂၀၂၄ ခုနှစ် ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ(၁၀)နိုင်ငံကို  ဖော်ပြလိုက်ပါသည်-

(၁)     အိုင်စလန်

(၂)      အိုင်ယာလန်

(၃)     ဩစတြီးယား

(၄)     နယူးဇီလန်

(၅)     စင်ကာပူ

(၆)     ဆွစ်ဇာလန်

(၇)     ပေါ်တူဂီ

(၈)     ဒိန်းမတ်

(၉)     ဆလိုဗီးနီးယား

(၁၀)   မလေးရှား။

ကိုးကား(Global Finance)