မော်လဒိုက် သို့မဟုတ် သွားရောက် လည်ပတ်ရန် ဈေးအကြီးဆုံး ခရီးစဉ်

News Image

  • မော်လဒိုက် သို့မဟုတ် သွားရောက် လည်ပတ်ရန် ဈေးအကြီးဆုံး ခရီးစဉ်

နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသော သန္တာကျောက်တန်းများ၊ ဖြူဖွေးကျယ်ပြောလှသော သဲသောင်ပြင်များ ပိုင်ဆိုင်ထားသည့် မော်လဒိုက်သည် ကမ္ဘာလှည့်ခရီးသွားများအတွက် အားလပ်ရက်များ အတွင်း သွားရောက်လည်ပတ်ရန်ကောင်းသည့် ကမ္ဘာ့ ဈေးအကြီးဆုံး နေရာတစ်ခုဖြစ်လာပြီဖြစ်သည်။ 

အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံလေးဖြစ်သည့် မော်လဒိုက်သို့ လာရောက်လည်ပတ်ပါက ကုန်ကျမည့် စရိတ်ကို တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ မော်လဒိုက်မှ ထွက်ခွာမည့် လေယာဉ် စရိတ်များကို ယခင်ကထက်  အများဆုံး လေးဆအထိ  တိုးမြင့်ကောက်ခံသွားမည်ဖြစ်ပြီး ရိုးရိုးတန်းကို ဒေါ်လာ ၃၀ မှ ဒေါ်လာ ၅၀ အထိလည်းကောင်း၊ အထူးတန်းကို ဒေါ်လာ ၆၀ မှ ဒေါ်လာ ၁၂၀ အထိလည်းကောင်း၊ ပထမတန်းကို ဒေါ်လာ ၉၀ မှ ဒေါ်လာ ၂၄၀ အထိ လည်းကောင်း၊ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာမည် ဆိုပါက လိုက်ပါလာသူတစ်ဦးချင်းစီကို ဒေါ်လာ ၁၂၀ မှ ဒေါ်လာ ၄၈၀ အထိလည်းကောင်း တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း၊ ထိုဈေးနှုန်းသည် အသက်အရွယ် မရွေး၊ လာရောက်မည့် ခရီးအကွာအဝေးမရွေး၊ မော်လဒိုက် နိုင်ငံသားမဟုတ်သည့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသူအားလုံးထံမှ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ အဆိုပါတိုးမြှင့်ကောက်ခံရရှိသည့် အခွန်အခများကို ကမ္ဘာလှည့်ခရီးသွားများ တထောက်နားနေရာ မော်လဒိုက် နိုင်ငံ၏ ပင်မလေဆိပ်ဖြစ်သည့် Velana International Airport(MLE)၏ ပြင်ဆင်ထိန်းသိမ်းစရိတ်အဖြစ် လွှဲပြောင်း အသုံးပြုမည်ဖြစ်ကြောင်း မော်လဒိုက်ဘဏ္ဍာရေး အာဏာပိုင်က ကြေညာခဲ့ပါသည်။ 

မော်လဒိုက်သို့သွားရောက်မည့် အဆင့်မြင့်လေကြောင်း လိုင်းတစ်ခုဖြစ်သည့် Beond ကလည်း မော်လဒိုက်သို့ သွားရောက်လိုသူ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် အဆိုပါတိုးမြှင့်လိုက်သည့် အခွန်အခကို ရှောင်ရှားနိုင်ရန် နိုဝင်ဘာလ ၃၀ ရက်မတိုင်မီ ဝယ်ယူကြရန် ကြေညာ ထားပါသည်။

အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းငယ်ပေါင်း ၁,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော မော်လဒိုက်တွင် လူဦးရေ ၅၂၅,၀၀၀ ဦး ခန့်ရှိပါသည်။ နိုင်ငံသားအများစုသည် မြို့တော် Malé တွင်နေထိုင်ကြပါသည်။ မော်လဒိုက်နိုင်ငံတွင် ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းမှာ ဝင်ငွေအများဆုံး ရရှိသည့် လုပ်ငန်း ဖြစ်သည်။ 

မော်လဒိုက်တွင် နိုင်ငံတကာဟိုတယ်လုပ်ငန်းစုများ ရှိပြီး Ritz Carlton၊ Six Senses ဟိုတယ် ၊ St Regis ဟိုတယ်တို့သည် နာမည်ကြီးဇိမ်ခံဟိုတယ်များဖြစ်ကာ အခန်း၊ ဗီလာများစွာရှိပြီး တစ်ညလျှင် ဒေါ်လာထောင်ပေါင်း များစွာ ကုန်ကျပါသည်။ အမေရိကန် နိုင်ငံခြားရေးဌာန အဆိုအရ မော်လဒိုက်ရှိ ဒေသခံပြည်သူတစ်ဦးလျှင် ဒေါ်လာ ၁၂,၀၀၀ ဝင်ငွေ ရရှိနေကြပါသည်။

ကိုးကား(CNN)