ဂရင်းလန်းနှင့် ပနားမားတူးမြောင်းကို ဒေါ်နယ်ထရမ့် ဘာကြောင့် ထိန်းချုပ်ချင်တာလဲ
သမ္မတအဖြစ်အရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့်ပနားမား တူးမြောင်းတို့ကို ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးမပြုဟု အာမခံချက်မပေးနိုင်ကြောင်း ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago နေအိမ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောဆိုခဲ့ရာ ကမ္ဘာ့သတင်း မီဒီယာများတွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ ထို့ပြင် ကနေဒါနိုင်ငံကိုလည်း အမေရိကန်နိုင်ငံ၏ (၅၁) ခု မြောက်ပြည်နယ်အဖြစ် ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်းမှုမရှိပါက ကြီးမားသည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် သွားမည်ဟု သတိပေးပြောဆိုခဲ့သည်။ ပထဝီအနေအထားအရ နီးနီးကပ်ကပ်ရှိနေသည့် ဂရင်းလန်းနှင့်