Titok အသုံးပြုမှုပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးနိုင်ဖွယ်ရှိဟု ထရမ့်ပြော

News Image

Titok အသုံးပြုမှုပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးနိုင်ဖွယ်ရှိဟု ထရမ့်ပြော

အမေရိကန်အနေဖြင့် TikTok အသုံးပြုမှုပိတ်ပင်ခြင်းကို  ရက်ပေါင်း ၉၀ ကြာသက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း သမ္မတသစ်အဖြစ် တက်ရောက်လာသည့် ဒေါ်နယ်ထရမ့်ကပြောသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍   မိမိအနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ်ကို အပြီးသတ်ချမှတ်ရခြင်း မရှိသေးသော်လည်းဇန်နဝါရီလ ၁၉ ရက်တွင်   အပြီးသတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ထရမ့်က NBCသတင်းဌာနနှင့် ဇန်နဝါရီလ ၁၈ ရက်ကတယ်လီဖုန်းမှတစ်ဆင့်   ပြုလုပ်သည့်မေးမြန်းခန်းတစ်ခုတွင်ပြောခြင်းဖြစ်သည်။

သမ္မတအဖြစ် တက်ရောက်လာပြီးနောက် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်ရန် ထရမ့်က ဆန္ဒရှိဟုဆို

News Image

သမ္မတအဖြစ် တက်ရောက်လာပြီးနောက် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်ရန် ထရမ့်က ဆန္ဒရှိဟုဆို

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်သည်  ၎င်းတက်ရောက်လာပြီးနောက်   မကြာမီတရုတ်နိုင်ငံသို့   အလည်အပတ်သွားရောက်ရန်ဆန္ဒရှိသည်ဟု  အကြံပေးများအားပြောကြားခဲ့ကြောင်း Wall Street ဂျာနယ်ကဖော်ပြသည်။

သမ္မတအဖြစ်တက်ရောက်လာပြီးနောက်ရက်ပေါင်း ၁၀၀ အတွင်း တရုတ်နိုင်ငံသို့သွားရောက်ရန် ထရမ့်ကစိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ထရမ့်၏အကြံပေးတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ Wall Street ဂျာနယ်က ဖော်ပြခြင်းဖြစ်ကြောင်းသိရသည်။

ဖိလစ်ပိုင်နှင့် အမေရိကန်တို့က တောင်တရုတ်ပင်လယ်အတွင်း ပဉ္စမအကြိမ်အဖြစ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်

News Image

ဖိလစ်ပိုင်နှင့် အမေရိကန်တို့က တောင်တရုတ်ပင်လယ်အတွင်း ပဉ္စမအကြိမ်အဖြစ် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်

ဖိလစ်ပိုင်နှင့်အမေရိကန်ပြည်ထောင်စုတို့သည် တောင်တရုတ်ပင်လယ်အတွင်းပဉ္စမအကြိမ်အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို   ပူးတွဲလုပ်ဆောင်ခဲ့ကြောင်းဖိလစ်ပိုင်နိုင်ငံက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်သည်။

နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ထုတ်ပြန်သည်။

အသံထက်လေးဆ ပိုမိုမြန်ဆန်သည့် အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပြီး နာဆာ၏ Son of Concorde အတွက်အဓိကပြိုင်ဘက်ဖြစ်လာမည့် ယွမ်ရှင်းအသံထက်မြန်လေယာဉ်

News Image

အသံထက်လေးဆ ပိုမိုမြန်ဆန်သည့် အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပြီး နာဆာ၏ Son of Concorde အတွက်အဓိကပြိုင်ဘက်ဖြစ်လာမည့် ယွမ်ရှင်းအသံထက်မြန်လေယာဉ်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်အခြေပြုသည့် Space Transportation ကုမ္ပဏီသည် နာဆာအတွက်  လော့ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်နေသည့် Son of Concorde လေယာဉ်ထက် ပိုမိုမြန်ဆန်သည့် လေယာဉ် အင်ဂျင်တစ်မျိုးကို ထုတ်လုပ်လျက်ရှိသည်။

စမ်းသပ်မှုများလုပ်ဆောင်စဉ်အတွင်း အဆိုပါလေယာဉ်အင်ဂျင်သည် တစ်နာရီလျှင် ၃၀၄၅ မိုင်အထိ ရောက်ရှိခဲ့ကြောင်းတွေ့ရသည်။ ယင်းအရှိန်နှုန်းမှာ အသံထက် လေးဆပိုမြန်သည်။ ထို့ကြောင့်   အဆိုပါအင်ဂျင်သည် အရပ်ဘက်သုံးလေကြောင်းပျံသန်းရေးကဏ္ဍအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း   Space Transportation ကုမ္ပဏီကပြောသည်။