ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှု စတင်ခြင်းအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ကြိုဆို

News Image

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှု စတင်ခြင်းအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ကြိုဆို

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှုစတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအားလွှတ်ပေးခြင်းအပေါ်ကြိုဆိုကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဇန်နဝါရီ ၁၉ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ဖော် ရေးသားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ် ရပ်စဲမှုစတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအား လွှတ်ပေးခြင်းအပေါ် ကုလသမဂ္ဂက အချိန်မရွေး ထောက်ခံအားပေးကြောင်း၊ အခက် အခဲကြုံတွေ့နေရဆဲဖြစ်သော ပါလက်စတိုင်း ပြည်သူများစွာအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ လက်ရှိအရေးကြီးဆုံ

ရာထူးတာဝန်ယူပြီးနောက် “နာရီ အနည်းငယ် အတွင်း” ဘိုင်ဒန်၏ သမ္မတအမိန့်ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ထရမ့်ပြော

News Image

ရာထူးတာဝန်ယူပြီးနောက် “နာရီ အနည်းငယ် အတွင်း” ဘိုင်ဒန်၏ သမ္မတအမိန့်ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ထရမ့်ပြော

အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက် ၎င်း တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုမှုအပြီး “နာရီအနည်းငယ် အတွင်း” ဘိုင်ဒန်၏သမ္မတအမိန့် ကြေညာချက် အများအပြားကို ပယ်ဖျက်မည်ဟု ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ထရမ့်က ဘိုင်ဒန်အစိုးရ၏ “တယူသန်ပြီး မိုက်မဲသော” သမ္မတအမိန့် ကြေညာချက်တိုင်းကို ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုမှုအပြီး နာရီအနည်းငယ်အတွင်း ရုပ်သိမ်းမည်ဟု ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း မြို့တော် ဝါရှင်တန် အထူးဇုန်ရှိ Capital One Arena အားကစားရုံတွင် ကျင်းပသော စုဝေးပွဲ၌ ပြောကြားခဲ့သည်။ မိမိ၏ ရာထူးတာဝန်ထမ်းဆောင်မှုက “အမေရိကန် ဆုတ်ယုတ်ခဲ့သော လေးနှစ်တာ” ကို အဆုံးသတ်

ယူနန်ပြည်နယ်တွင် မက်ထရစ်တန်ချိန် ၁.၁၅ သန်းရှိ မြေရှားသတ္တု တွေ့ရှိ

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဟုန်ဟဲမြို့တွင် မက်ထရစ်တန်ချိန် ၁.၁၅ သန်းရှိသော မြေရှားသတ္တုသိုက်အား တွေ့ရှိခဲ့ကြောင်း သယံဇာတဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူမှုဌာန(China Geological Survey -CGS) က သောကြာနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ 

CGS ၏ ထုတ်ပြန်ချက်အရ ထိုမြေရှားသတ္တုသည် ပရာစီအိုဒီမီယမ်၊ နီအိုဒီမီယမ် ၊ ဒိုင်ပရိုစီယမ်နှင့် တာဘီယမ်သတ္တုများအပါအဝင် အခြားရှားပါးသတ္တုတန်ချိန်ပေါင်း ၄၇၀,၀၀၀ ကျော်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည်ဟု သိရှိရပါသည်။

ထရမ့်၏ သမ္မတကျမ်းသစ္စာဆိုပွဲတွင် အီလွန်မတ်စ် ထူးခြားသောပုံစံဖြင့် အလေးပြုခဲ့

News Image

ထရမ့်၏ သမ္မတကျမ်းသစ္စာဆိုပွဲတွင် အီလွန်မတ်စ် ထူးခြားသောပုံစံဖြင့် အလေးပြုခဲ့

အီလွန်မတ်စ်သည် ထရမ့်သမ္မတကျမ်းသစ္စာဆိုပွဲသို့ တက်ရောက်လာကြသော ထရမ့်ထောက်ခံသူများအား ကျေးဇူးတင်ရှိကြောင်းပြောခဲ့ပြီး ထူးထူးခြားခြား ဖက်ဆစ်ပုံစံအလေးပြုခဲ့ပါသည်။

“ယခုဆိုလျှင် အမေရိကန်နိုင်ငံသည် လူကြီးမင်းတို့ကြောင့် လုံခြုံမှုရှိသည့်နိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း၊ လုံခြုံသည့် နယ်နိမိတ်နှင့် မှန်ကန်သော ဘဏ္ဍာငွေသုံးစွဲမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း” အီလွန်မတ်စ်က ထရမ့်ထောက်ခံသူများအား အလေးပြုရင်း ပြောကြား ခဲ့ပါသည်။