ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမေရိကန်နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန်နုတ်ထွက်ရေးလုပ်ငန်းစဉ်စတင်ရန် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ လက်မှတ် ရေးထိုးမှုသည် ထရမ့် ရာထူးတက်သည့်နေ့တွင် လက်မှတ်ရေးထိုးထားသည့် ဒါဇင်များစွာသော လုပ်ဆောင်ချက်များအနက်တစ်ခုဖြစ်ပြီး WHO ကနေ အမေရိကန် နုတ်ထွက်ရန် ထရမ့် က ဒုတိယအကြိမ် အမိန့်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ထရမ့်သည် နိုင်ငံတကာအဖွဲ့၏ Covid-19 ကပ်ရောဂါ ထိန်းချုပ်ကိုင်တွယ်ပုံကို ဝေဖန် ခဲ့ပြီး ကူးစက်ရောဂါကာလအတွင်း ဂျနီဗာအခြေစိုက်အဖွဲ့အစည်းမှ နုတ်ထွက်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့သော်လည်း ဂျိုးဘိုင်ဒင်လက်ထက်တွင် အဆိုပါ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ခဲ့ ပါသည်။ ထရမ့် သမ္မတရာထူးရယူသည့် ပထမနေ့တွင် အဆိုပါလုပ်ဆောင်ချက်ကို ဆောင်ရွက် ခြင်းဖြင့် အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာအေဂျင်စီမှ တရားဝင်ထွက်ခွာသွားဖွယ်ရှိပါသည်။
တရုတ်နိုင်ငံ၊ ဝူဟန်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကို လွဲမှားစွာ ကိုင်တွယ်ဖြေရှင်းမှု၊ အခြားကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းများ၊ အရေးပေါ်လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ချမှတ်ရန် ပျက်ကွက်ခြင်းနှင့် WHO အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး လွှမ်းမိုးမှုများကြောင့် WHO အဖွဲ့မှ အမေရိကန် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမိန့် ထုတ်ပြန် ခဲ့သည်။ ထို့အပြင် WHO သို့ အမေရိကန်မှ ပေးဆောင်ခဲ့သော "မမျှတသော အခကြေးငွေများ" ကြောင့် ဖြစ်သည်ဟုလည်း အမိန့်တွင် ဖော်ပြထားပါသည်။
WHO သည် Covid-19 ရောဂါဖြစ်ပွားစဉ်အတွင်း လမ်းညွှန်ချက်ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံအပေါ် ဘက်လိုက်မှုရှိကြောင်း ထရမ့်က စွပ်စွဲခဲ့သည်။ ဂျိုးဘိုင်ဒင်လက်ထက်တွင် အမေရိကန် သည် WHO ၏ အကြီးဆုံးရန်ပုံငွေထောက်ပံ့သူ အဖြစ်ဆက်လက်တည်ရှိနေပြီး ၂၀၂၃ ခုနှစ်တွင် WHO ဘတ်ဂျက်၏ ငါးပုံတစ်ပုံနီးပါးကို ထည့်ဝင်ခဲ့ပါသည်။
အဖွဲ့အစည်း၏ နှစ်စဉ်ဘတ်ဂျက်မှာ ဒေါ်လာ ၆.၈ ဘီလီယံ (ပေါင် ၅.၅ ဘီလီယံ) ဖြစ်ပါသည်။ WHO မှ အမေရိကန် နုတ်ထွက်ပါကရန်ပုံငွေထောက်ပံ့မှု ရပ်တန့်သွားနိုင်ပြီး ရန်ပုံငွေကွာဟချက်အတွက် မည်သည့်နိုင်ငံက ဆက်လက်ထောက်ပံ့မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။ အမေရိကန်နုတ်ထွက်ခြင်းသည် အီဘိုလာဖြစ်ပွားခြင်း သို့မဟုတ် MPOX ကဲ့သို့သော အရေးပေါ်အခြေအနေများကို WHO ၏ တုံ့ပြန်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပြီး အခြား Covid-19 ကဲ့သို့ ကပ်ရောဂါပုံစံမျိုးအတွက် ဆိုဖွယ်မရှိပါ။ ငှက်ဖျား၊ တီဘီ၊ HIV နှင့် AIDS ကဲ့သို့သော ကူးစက်ရောဂါများကို တိုက်ဖျက်ရာတွင် အမေရိကန်တို့၏ ကျန်းမာရေးအတွက် အခြားသော အကျိုးဆက်များရှိလာနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများက အကြံပြုထားသည်။
အမေရိကန်၏ နုတ်ထွက်မှုသည် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှု ပိုမိုအားကောင်းလာစေရန် တံခါးဖွင့်ပေးမည်ကို စိုးရိမ်မှုများလည်း ရှိပါသည်။ ထိုကဲ့သို့သော ဖြစ်ရပ်ဖြစ်လာပါက အမေရိကန်ကိုကျောခိုင်းဖို့ လုံလောက်ပါကြောင်း၊ သို့သော် ဝါရှင်တန်မှ ထွက်ပေါ်လာသည့် လေသံက အမေရိကန်အား နိုင်ငံတကာကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ရန် သမ္မတ ထရမ့်၏ ဒုတိယအကြိမ် ကြိုးပမ်းမှုကို ပြန်လည်ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အကြံပြုထားသည်။
ကိုးကား-BBC