အမေရိကန်နှင့် ပြင်သစ်အကြား ယူကရိန်းအား အကူအညီပေးမှုနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲ
News Image

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဝါရှင်တန်သို့ ရောက်ရှိနေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ယူကရိန်းနှင့်ရုရှား နှစ်နိုင်ငံ အကြား ရေရှည် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်၌ သဘောတူညီခဲ့သော်လည်း အမေရိကန်နှင့် ဥရောပမဟာမိတ်များ အနေဖြင့် ယူကရိန်းအား အသီးသီး အကူအညီပေးရာ၌ မမျှတသည့် အခြေအနေဖြစ်နေသည်ဆိုသော ထရမ့်၏ပြောကြားချက်ကိုမူ မက်ခရွန် က လူသိရှင်ကြား ငြင်းပယ်ခဲ့သည်။