အမေရိကန်ဗီဇာ(Gold Card)ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချမည်ဟု ထရမ့်ပြော

News Image

အမေရိကန်ဗီဇာ(Gold Card)ကို အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ရောင်းချမည်ဟု ထရမ့်ပြော

အမေရိကန်ဒေါ်လာ ၅ သန်းတန် (Gold Card)အား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားမည့်သူများကိုရောင်းချ သွားမည်ဖြစ်ကြောင်း၊ ၎င်း Gold Card ကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များလည်း လျှောက်ထားခွင့်ရှိကြောင်း၊ Green Card ထက် အဆင့်မြင့်သော Gold Card အသစ်ကို ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးနိုင်သူများကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ ဘက်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ Green Card ရှိပြီးပါက ၎င်းသည်လည်း Gold Card ကဲ့သို့ အကျုံးဝင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် Oval Office ၌ သတင်းထောက်များအာ

ယူကရိန်းတွင် ဥရောပတပ်များ တပ်စွဲရန်ကိစ္စ ကရင်မလင် မလိုလား

News Image

ယူကရိန်းတွင် ဥရောပတပ်များ တပ်စွဲရန်ကိစ္စ ကရင်မလင် မလိုလား

ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်များ တပ်ချရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စကော့ဖ်က ငြင်းပယ်လိုက်ပါသည်။

ဖေဖော်ဝါရီ ၂၈ ဝါရှင်တန်သို့ သွားရောက်မည်ဟု ဇီလန်စကီး အတည်ပြု ပြောကြား

News Image

ဖေဖော်ဝါရီ ၂၈   ဝါရှင်တန်သို့ သွားရောက်မည်ဟု ဇီလန်စကီး အတည်ပြု ပြောကြား

ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါရှင်တန်မြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် အတည်ပြု ပြောကြားလိုက် ပါသည်။ 

ထပ်မံ၍ ယူကရိန်းသမ္မတ ဇီလန်စကီးသည် လန်ဒန်သို့ သွားရောက် မည်ဖြစ်ကာ ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် ဥရောပနိုင်ငံခေါင်းဆောင် များနှင့် မတ်လ ၂ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားထားပါသည်။

အပစ်အခတ်ရပ်စဲမှု အာမခံချက်ရှိရန် ဥရောပတပ်ဖွဲ့များ ချထားရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ပြောကြား

News Image

အပစ်အခတ်ရပ်စဲမှု အာမခံချက်ရှိရန် ဥရောပတပ်ဖွဲ့များ ချထားရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ရုရှားနှင့်ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေးကို အာမခံရန်အတွက် ဥရောပနိုင်ငံများမှ တပ်ဖွဲ့များကို ယူကရိန်းသို့ ပို့ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်၏ ထောက်ခံမှုလိုအပ်မည် ဖြစ်ကြောင်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Eric Lombard က Bloomberg TV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။