အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

News Image

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ယူကရိန်း၌ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်မည့် အစီအစဉ်အား ဥရောပနိုင်ငံများက အမေရိကန်သို့ ကမ်းလှမ်းမည်

News Image

ယူကရိန်း၌ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်မည့် အစီအစဉ်အား ဥရောပနိုင်ငံများက အမေရိကန်သို့ ကမ်းလှမ်းမည်

ဥရောပနိုင်ငံများက အရေအတွက်အားဖြင့် ၃၀၀၀၀ မကျော်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံအတွင်း ဖြန့်ကြက်မည့် အစီအစဉ်အား အမေရိကန်အစိုးရထံ  ကမ်းလှမ်းမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာကြီး တစ်စောင်က ဖော်ပြသည်။

နျူကလီးယား တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ပြသရန်အတွက် တိုက်ချင်းပစ် ဒုံးကျည်အား အမေရိကန် စမ်းသပ်ပစ်ခတ်

News Image

နျူကလီးယား တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုကို ပြသရန်အတွက် တိုက်ချင်းပစ် ဒုံးကျည်အား အမေရိကန် စမ်းသပ်ပစ်ခတ်

အမေရိကန်လေတပ်မှ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေးစစ်ဌာနချုပ်သည်    ၎င်းတို့၏ Minuteman III တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းအား ကယ်လီဖိုးနီးယား ပြည်နယ်တွင် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေး စစ်ဌာနချုပ်သည်  အဆိုပါတိုက်ချင်းပစ် ဒုံးကျည်အား ဖေဖော်ဝါရီလ ၁၉  ရက်  ပစိဖိတ်စံတော်ချိန် နံနက် ၁ နာရီ ခန့်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဗန်ဒါဘာ့ အာကာသတပ်ဖွဲ့၏ အခြေစိုက်စခန်းတွင် ပစ်ခတ်စမ်းသပ်ခြင်းဖြစ်ကြောင်း  စစ်ဌာနချုပ်၏ ဝက်ဆိုက်တွင်  ဖော်ပြထားသည်။

နှစ်နိုင်ငံသံတမန် ဆက်ဆံရေးပြန်လည်စတင်ရန် ရုရှားနှင့်အမေရိကန် သံအမတ်များ အပြည့်အဝပြန်လည် တာဝန်ထမ်းဆောင်မည်ဟုဆို

News Image

နှစ်နိုင်ငံသံတမန် ဆက်ဆံရေးပြန်လည်စတင်ရန် ရုရှားနှင့်အမေရိကန် သံအမတ်များ အပြည့်အဝပြန်လည် တာဝန်ထမ်းဆောင်မည်ဟုဆို

ရုရှားနှင့်အမေရိကန်တို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန်အတွက် နှစ်နိုင်ငံစလုံးမှ သံအမတ်များက ၎င်းတို့၏ လုပ်ငန်းများကို မကြာမီပြန်လည်စတင်မည်ဟု ရုရှားလွှတ်တော်မှ အရင်းအမြစ်တစ်ခုက ပြောသည်။

ရုရှားနှင့်အမေရိကန် သံအမတ်များက ၎င်းတို့၏တာဝန်များကို အပြည့်အဝပြန်လည်ထမ်းဆောင်မည်ဖြစ်သောကြောင့် ၎င်းအချက်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက် အလွန်အရေးပါကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်ပြောသည်။